Sent to you by Andy Myint via Google Reader:
ရာဇဝင်ထဲက "ဆင့်"
"နွေ" ကားရင့်သီးလွန်းလှတော့၏ ။ "အရိပ်" ၏ အရေးပါမူသည် "နွေ" ၏ ကြီးကျယ်ခြင်းနှင့် အမျှ ခိုင်မာနေပေတော့သည် ။ "နွေ" ၏ အတ္တကြီးမူထဲတွင် "သဘာဝတရား"သည် ငယ်စာရင်းဖျက်ခံရသော အချစ်ရူးပမာ ဆောက်တည် ရာမရတော့ မဖြစ်ခဲ့ ။ နာကျင်မူရဲ့ အပူလိုင်းတို့ မျက်ရည်များ စွန်းထင်းကျန်ရစ် ခဲ့သော လေပြည်ညင်းတို့ ---သြော်ရင့်သီးသော "နွေ" ။
ဒီ အချိုးနဲ့ စာစီစာကုံးသာရေးရင် တပည့်မကောင်း မဆီမဆိုင် ဆရာ့ခေါင်း အခေါက်ခံ ရလိမ့်မည်တကား ။ ဝတ္ထု အဖွင့်ဆိုရင်လည်း အယ်ဒီတာမင်းများအား စိတ်ညစ်ညူးစေရုံ ကလွဲလို့ ဘယ်လိုမ ဂိုက်မကျ ။-------
----
-----
အခင်းအကျင်းကို ကြည့်လိုက်လို့ စာဖတ်သူက " မောင်ရင်တို့ ဟာက မြေဝိုင်းဆန်တယ် ။ ကွက်စိပ် တစ်မျိုးပါကွာ ။" ဆိုရင် ကျွန်တော်လုံးဝကို ငြင်းဆန်ပါတယ် ။ ဒါမြေဝိုင်းဇာတ်မဟုတ်ပါဘူး ။ ကွက်စိပ်ဟောတာလည်းမဟုတ်ပါဘူး ။ ကလေးတုန်းက နာမည်မပေးတတ်လို့ပေါ့။ ခုတော့ ရဲရဲ ဝံဝံ ပဲပြောလိုက်ပါမယ် ။ ဒါဟာ solo စစ် စစ် the Great performance art လို့ပါ။
" ကိုဘဆင့်" ဆိုရင် ကျွန်တော်တို့ တစ်မြို့လုံးက သိကြပါတယ် ။ သူဟာ ပြောကြေးဆို ကျပ်မပြည့်တာလား ။ ကျပ်ကျော်တာလား တစ်ခုခုပါပဲ ။( အိုး ကျုပ်တို့လည်း ဘာထူးလို့လဲ ။ ဘုရားဟော လည်းရှိသားရဲ့ ) သူကို ကျွန်တော်တို့ ကလေးတွေ တစ်ယောက် ၁၀ ပြား။ ၁၅ ပြား ။ တစ်မတ်စီ ဝိုင်းစုပြီး ခင်းစေပါတယ်။ မန်ကျည်းပင်ကြီးအောက်မှာပါ ။ ကိုဘဆင့် တောင်းဆိုတာက ပထမဆုံး ဝါးခြမ်းပြားတစ်ချောင်း ဒါနဲ့ သူ ဇာတ်မန္နက်ချတာပါ ။ စည်းတားပါတယ် ။ ဒီစည်းထဲ ဘယ်သူမှ မဝင်ရ ။Out of Bound Area ဒါ ဇာတ်ခုံပေါ့ဗျာ ။ ပြီးတော့ ခွေးခြေ တစ်လုံး ။ မြေဖြူခဲ တစ်ချောင်း ။ မီးသွေးခဲတစ်ခဲ နဲ့ ရေပုလင်းတစ်လုံး ၊ ဖန်ခွက်တစ်ခွက် ဒါပါပဲ ။
။ပြင်သစ်ကနေoutsiderလာကသွားတာ လူသုံးယောက် သရုပ်ဖော်သွားတယ်လို့ဆိုပါတယ်။ များတာပေါ့၊ ကို ဘဆင့် Only One လာပြီ ။ သူသောက်တဲ့ ဆေးပြင်းလိပ်ကို ပါးစပ်က ချလိုက်ပြီး သူ့ ဇာတ်ရဲ့ နာမည်ကို လက်တမ်း ကမ္ပည်းထိုးပါတယ် ။ ဒါ သူစိတ်ထဲ က တန်းပြီး ဖွဲ့ဆိုလိုက်တဲ့ ဇာတ်စစ်စစ်ပါ။ ပြီးတော့မှ "လွန်ခဲ့တဲ့ ၁၉၄၅ ။မတ်လ ၂၇ ရက်နေ့မှာပေါ့ ။ ခုလို နွေရွက်ဝါတို့ မြေမှာခလို့ လက်ပံတွေ ရဲရဲနီ တဲ့ အချိန် ပိတောက်ကုန်းရွာ ကလေးမှာ " ဘာညာ ဘာညာပေါ့ ၊ သူ့ ပါးစပ်က ရွဲ့တဲ့တဲ့ ရယ်လေ ။ သိပ် ဂိုက် ကျတာပဲဗျာ ။ထုံးစံ အတိုင်းဖက်ဆစ်တော်လှန် ရေးဇာတ်ပါ။ သူ့ပါးစပ် က "ဥသြ ဥသြ " လို့ ငှက် သံပြုတယ်။ သေနတ်သံ လုပ်နိုင်တယ်။ ဝါးခြမ်းပြားဟာ သေနတ်ဖြစ်သွားတယ် ။ ရေခွက်ဟာ မျက်ရည်ကျဖို့ ၊ အရက် သောက်ဖို့ ။ မြေဖြူခဲ ဟာ အိုမင်းခြင်းအတွက် ဆံပင်ဖြူလုပ်ဖို့။ မီးသွေးခဲ ဟာ နုတ်ခမ်းမွေးနဲ့ ဒဏ်ရာ ။ ဝါးခြမ်းပြားဟာ ဂျပန်တွေ ချိုးချလိုက်တဲ့ တံတား ။Overture ခေါ်တဲ့ အခန်းအပြောင်း ကိစ္စကိုတော့ " လက်ခေါက်" မူတ်ပြီး ဖြေရှင်းသွားတယ် ။
ယောကျာ်းဝတ် ရှပ် အင်္ကျီကို ပြောင်းပြန်လှန်ဝတ်လိုက်တော့ ကိုဘဆင့်ရဲ့ ပိတောက်ကုန်းရွာ က မျှော်နေရှာသူ မသန်းနု ။ ကိုင်း ဒါမှ ပို့စ် မော်ဒန်လို့ မပြောရင် ဘာကို ပြောမလဲဗျာ ။ ----
ကိုဘဆင့် ဟာ သူရဲ့"ထွက်တော်မူခန်း "ခင်းကျင်းတော့လည်း အင်မတန် အဆင့်မြင့်လှပေတယ် ။ ဒီတုန်းက ပန်းချီဆရာ မော်ဒန် ခင်ဝမ်း ရဲ့ "နှင်းရေ" တို့ ဘာတို့ မပေါ်သေးဘူး ။ ကို ဘဆင့်ဟာ တစ်နေ့မှာ သူ့ကို ကျွေးမွေးထားတဲ့ အငြိမ်းစားကျောင်းဆရာမကြီး ခြံထဲက ရေတွင်းထဲ ကို ခုန်ဆင်းရင်းကွယ်လွန်သွားခဲ့တာပါ ။ သူ့ကို မင်းလာခဲ့တော့လို့ ရေတွင်းထဲက ခေါ်တယ်လို့ မသေခင် ရက်များကပြောနေခဲ့တယ်ဆိုပဲ။
စာ -၁၀၈ ( သက်တံ ။ ရာဇဝင် ။ ရှက်စရာ )
---
ဓါးကြိုက်သလား ၊ တုတ်ကြိုက်သလားတော့ မလုပ်နဲ့မောင် ။ တို့က ငြိမ်းချမ်းရေးသမား ။ ရာဇဝင်အိုး (ရာဇဝတ်အိုး) တုတ်နဲ့ ထိုးရတာပ။ ဗျတ်ဝိ ၊ ဗျတ်တ္တ (ဆရာ မောင်သာနိုးကတော့ ဗျော့သော့်ရ် နဲ့ ဗျောထောရ် ဆိုပဲ ) ဆရာ မောင်သာနိုး အလို အရ ဆိုရင် ABBA အဖွဲ့ နဲ့ နီးစပ်တယ်။
စာ -၃၀ ( ဦးဖိုးကျားကို မကြောက်တဲ့သူ = X ဖြစ်ပါစေ )
Intellectual property, copy right ကို တတ်နိုင်သမျှ လိုက်နာထားပါတယ် ။ စာအုပ် ကြော်ငြာ တဲ့ သဘောပါ ၊
ကဘောက်တိ ကဘောက်ချာ ဂေဇက်
သိမ်းတင်သား
( ကဗျာ ဆရာ ဦးစန်းဦး ၏ စိတ်ကူးချိုချို စာအုပ်တိုက်မှ ထုတ်ဝေပါတယ် )
Things you can do from here:
- on Imaginary clouds no2
- Subscribe to Imaginary clouds no2 using Google Reader
- Get started using Google Reader to easily keep up with all your favorite sites
No comments:
Post a Comment