Saturday, September 1, 2007

အပျင်းပြေဖတ်ဖို့ ဖလော်ဆော်ဖီ ( မောင်ဝဏ္ဏ )

 
 

Sent to you by Andy Myint via Google Reader:

 
 

via Imaginary clouds no2 by imaginary clouds no2 on Jul 15, 2007


အပျင်းပြေဖတ်ဖို့ ဖလော်ဆော်ဖီ ( စာ-၁၁)

( philosophy )ဖလော်ဆော်ဖီ နဲ့ (logic )ယုတ္တိဗေဒ ဟာ စိန်နဲ့ တူပါတယ် ။ ( အဖိုးတန်ပါတယ် ) ။ သောကြာဂြိုလ် ပေါ်ကို အာကသယဉ်လွတ်တော့ "စိန်"ကို မှန်ပြတင်းအဖြစ် သုံးရတယ် ။ သောကြာဂြိုလ် မျက်နှာပြင်မှာ ဖိအားသိပ်ကြီးတယ်။ အဲဒီ ဒဏ်ကို "စိန်"ပဲ ခံနိုင်တယ်။ ဒီတော့ အဖိုးတန်ပါတယ်။ (ဆားနဲ့လည်း တူတယ်ခင်ဗျ ။ အသင့် အတင့်ပဲ သုံးရပါတယ် )

ဒါပေမယ့် ဘတ်စကားစီးတဲ့ အခါ စိန် တစ်ဆင်စာ မဝတ်သင့်ပါဘူး ။ လိုအပ်တဲ့အခါမှပဲ ဝတ်ဆင်သင့်တယ် ။ ဒီလိုပဲ logic နဲ့ ဒဿနဗေဒ ဟာ လိုသလောက် လိုအပ်တဲ့အခါမှပဲ အသုံးပြုသင့်ပါတယ်။


ကျွန်တော်ကို " ဆော် " ဖို့ အကွက်တွေမြင်လာမှာပါ

( မောင်ဝဏ္ဏ )

ဖလော်ဆော်ဖီ အကြောင်းကို အပျင်းပြေဖတ်ဖို့လို့ ရေးတော့ တချို့က ဖလော်ဆော်ဖီဆိုတာ အပျင်းပြေဖတ်ရတဲ့ စာမျိုးလားလို့ ငြင်းချက်ထုတ်ချင်ထုတ်ကြလိမ့်မယ် ။

ကျွန်တော်သဘောထားက ရိုးရိုးရှင်းရှင်းလေးပါ ။ ကျွန်တော် ဆရာတွေဖြစ်တဲ့ ဒေါက်တာ "ဦး" ခင်မောင်ဝင်း ။ ဒေါက်တာ ဦးသန်းနိုင် အစရှိတဲ့ ဖလော်ဆော်ဖီ ပညာရှင်ကြီးတွေက ကျွန်တော်ကို ရိုးရိုးရှင်းရှင်းပြောဖူးပါတယ်။ ဆရာကြီး ဒေါက်တာ "ဦး" ခင်မောင်ဝင်း (ရန်ကုန် တက္ကသိုလ် ဂုဏ်ထူးဆောင် ပါမောက္ခ ) က " ခင်ဗျား က လောဂျစ်တို့ ။ ဖလော်ဆော်ဖီ တို့ကို လူများများအသုံးချလို့ရအောင် ကြိုးစားတာ ကျွန်တော်သိပ် ဝမ်းသာတယ်ဗျာ ။ တကယ်က လူတွေအားလုံးဟာ နေ့တိုင်းတွေးနေ ကြတာပဲ ။ နေ့တိုင်း လောဂျစ်တို့ ၊ ဖလော်ဆော်ဖီ တို့ကို သုံးနေကြတာပဲ ။ ဒါပေမယ့် သူတို့သုံးနေတာက လောဂျစ်ပါ ။ သူတို့ တွေးနေတာ ဖလော်ဆော်ဖီပါလို့ သတိမထားမိကြဘူး။ ခင်ဗျားက အဲသလို သတိထားမိအောင် ရေးတဲ့ အတွက် ကျွန်တော် သိပ်ဝမ်းသာပါတယ်ဗျာ " လို့ပြောပါတယ် ။ စာ-၂၅

( မောင်ဝဏ္ဏ )



 
 

Things you can do from here:

 
 

ပန်းချီ ဆရာ (ဦး) မုတ်သုန် နှင့် သုခမြိုတော်

 
 

Sent to you by Andy Myint via Google Reader:

 
 

 
 

Things you can do from here:

 
 

ရင်ခုန်ရသော ဂိမ်း တစ်ခု

 
 

Sent to you by Andy Myint via Google Reader:

 
 

via Imaginary clouds no2 by imaginary clouds no2 on Jul 14, 2007





ဆင့် ဆင့်ပြီး စီထားတဲ့ တုံးတွေ ထဲက ကိုယ်ကြိုက်တဲ့ တုံးတစ်တုံး ကို ဆွဲထုတ် အပေါ်မှာ ပြန်စီ ရတဲ့ ကစားနည်းဟာ အတော် ရင်ခုန်ဖို့ ကောင်းတယ်။ ကစားဖော် တစ်ယောက်က အောက်ဆုံးက တုံး ၃ ခု ထဲက နှစ်ခုကို ဆွဲထုတ်လိုက်ပြီဆိုရင်တော့ ပိုပြီးရင်ခုန်ရတယ် ။ ဘော်ဒါတစ်ယောက်ကတော့ ဘီယာသောက်ရင်း ကစားရင်ပိုမိုက်တယ် ဆိုပဲ ။









 
 

Things you can do from here:

 
 

သူငယ်ချင်း လုပ်တဲ့ ဒီဇိုင်း

 
 

Sent to you by Andy Myint via Google Reader:

 
 

via Imaginary clouds no2 by imaginary clouds no2 on Jul 14, 2007




 
 

Things you can do from here:

 
 

သူငယ်ချင်းရေးတဲ့ ရေဆေး ပန်းချီကားများ(၂) စာကြွင်း

 
 

Sent to you by Andy Myint via Google Reader:

 
 

via Imaginary clouds no2 by imaginary clouds no2 on Jul 14, 2007

ဒါပေမယ့် သူ ပန်းချီပြပွဲတွေမှာ တစ်ခါမှဝင်မပြပါဘူး ။ အခုထိတော့ ပရော်ဖက်ရှင်နယ် မဟုတ်ဘူး ။ တခြားနည်းနဲ့ သက်မွေးမူပြုတယ် ။ ပန်းချီကားဝယ်ချင်သူ က သူအိမ်လာပြီး ဟို ဟာ လေးရောင်းပါလား ။ ဒီ ဟာ လေးရောင်းပါလား ဆို ပြီးတော့ နဲ့အလုပ်ဖြစ် သွားတာ တွေ့ဖူးတယ် ။ သူက လဲ ကျေကျေနပ်နပ် ပျော်ပျော်ရွင်ရွင်နဲ့ရောင်းတယ် ။

ကြားဖူးတာတစ်ခုက ဆရာ(ဦး)ခင်မောင်ရင် က ပန်းချီကားကို ကြိုက်တာယူ ။ သုံးပေ ။နှစ်ပေ ဆို ဒီဈေး ။လေးပေ ။ခြောက်ပေ ဆို ဟိုဈေး ဆိုပြီးရောင်းတယ်လို့ ကြားဖူးပါတယ် ။ မှားနိုင်ပါတယ် ။

သူငယ်ချင်းရေးတဲ့ ရေဆေး ပန်းချီကားများ(၂) စာကြွင်း


 
 

Things you can do from here:

 
 

သူငယ်ချင်းရေးတဲ့ ရေဆေးပန်းချီကားများ (၂)

 
 

Sent to you by Andy Myint via Google Reader:

 
 

via Imaginary clouds no2 by imaginary clouds no2 on Jul 13, 2007

















ကြွက်နဖား တစ်ရွာလုံး ဘသာနဲ့ ပတ်သက်လို့ တွေးကြတယ် ။ ထင်ကြေးအမျိုးမျိုးပေးကြတယ် ။ ဒါပေမယ့် သူတို့ တွေ အားလုံးတွေးကြတာနဲ့ ဘာမှမဆိုင်တဲ့ ကိစ္စတွေက ကြွက်နဖားတောင်ပေါ်မှာဖြစ်နေတယ် ။

ဘသာတစ်ယောက် ကြွက်နဖားတောင်ကြီးကို ကြည့်ကြည့်နေခဲ့တာ ကြာပြီ ။တခြားတောင်တွေနဲ့ မတူဘဲ ဘာကြောင့် ထူးထူးခြားခြားကြီးရပ်တည်နေတာလဲ ။ နံဂါးရံ ဘုရားပွဲ ပြီးတဲ့နေ့ကတော့ ဘသာ မနေနိုင်တော့ဘူး ။ ပြောနေကြာတယ် ။ ကိုယ်တိုင်တက်ကြည့်လိုက်တာ ကောင်းတယ်။ ဟုတ်တယ်။

တောင်ပေါ်ကို တစ်ယောက်တည်းတက်ခဲ့တော့ တောင်ပေါ်မှာ တကယ်ပဲ ထူးခြားတာပဲ ။ ထူးခြားလွန်းလို့ ရက်တွေတောင်ကြာလာပြီ ။ ဘယ်လိုထူးခြားတယ် ဆိုတာတော့ ဘသာကိုမေးကြည့်မှ သိမှာပေါ့ ။ ဒါမှ မဟုတ်လည်း ကိုယ့်ဟာကိုယ်တက်ကြည့်ကြပေါ့ ။

စာ-၃၈ ( ကြွက်နဖား )

(ဦး)ဝင်းဖေ ( ဘရဖီ နှင့် အခြားဝတ္ထုတိုများ )

ကျနော့်သူငယ်ချင်း ပန်းချီ ရေးသူ ခဏခဏ ပြောတဲ့ စာပါ ။ ဘယ်လောက်ပြောသလဲဆို ကြားရတဲ့သူတောင် အလွတ်ရနေတယ် ။ သူပန်းချီ ကားတွေကို တင်ပြီးမှ နောက်ဆက်တွဲ အတွေးရလာလို့ ဒီ စာကို ရေးဖြစ်သွားပါတယ် ။ သူ ကျနော်ကို ဘယ်လိုဆုံးမတယ်ဆိုတာကို အရင် က ပေါ့ပေါ့ပါးပါး မှာ ရေးဖူးပါတယ် ။

ဒီဘဲက ကျနော် အမြင်တော့ စူပါမင်းပဲ ။ ဘယ်ပန်းချီကျောင်းမှ မတက်ဘဲ စာတွေဖတ် ။ ပုံတွေရေးပြီး အဲသလို ပုံတွေထွက်လာတာပေါ့ ။ တခါက ကျနော်တို့ နှစ်ယောက် ဆရာ (ဦး) မင်းဝေအောင် ရဲ့ နယူးထရပ်ရှာ ပြခန်းမှာ ပန်းချီပွဲ သွားကြည့်ရင်း သူနဲ့ သိတဲ့ ပန်းချီကျောင်းဆင်း ပန်းချီ ဆရာ တစ်ယောက်က သူ့ကို ဘယ်နှစ်က ကျောင်းဆင်းတာလဲ တဲ့။ ခင်ဗျားတိမ်တွေ ဆွဲတာ သိပ်မိုက်တယ် ။ ပန်းချီဆရာကြီး ----တိမ် ---( နာမည် မမှတ်မိတော့)ရဲ့ တပည့်လားလို့ မေးတယ် ။ သူက မဟုတ်ပါဘူးလို့ ပြန်ဖြေတော့ အဲဒီ ဆရာ က မယုံဘူး ။


ကျနော်နဲ့ ပတ်သက်ဖူးတာကို ပြန်ပြောရရင် သူ က တိမ်တွေကို ဆွဲ ခြင်တယ်ဆိုပြီး တိမ်တွေကို ထိုင်ထိုင်ကြည့်ပြီးကူးဆွဲတယ် ။ ဘယ်လောက် သူထိုင်ကြည့် သလဲတော့မသိဘူး ။ တခါကျတော့ ကျနော်ကို ပြောတယ် " ဟေ့ရောင် ငါမျက်စိထဲမှာ လင်း လင်းလက်လက်တွေ မြင်နေတယ်။ တီဗီ ဂိမ်းကို ကြာကြာ ကစားပြီးရင် ဖြစ်သလိုပဲ " တဲ့။ နောက် တစ်ခါတွေ့တော့ လက်ဖက်ရည်ဆိုင်က အပြန် မြောင်းထဲ ချော် ကြလို့တဲ့ ။သူ ဆေး ။ အရက် ဘာမှမသုံးစွဲထားပါဘူး။ မျက်စိ က ကောင်းကောင်းမမြင်ရတော့ ဒီဘဲ မူးနေမှာပေါ့ ။ အဲဒီ ကားတွေကို သူရေးနိုင်တဲ့ အချိန်မှာ အသက် က နှစ်ဆယ် ကျော်ကျော် ။ ကျနော်အတွက် တော့ အဲဒီ ကိစ္စဟာ ဆန်းတယ် ။ ကိုယ့်ဆရာတို့ ။

နောက် အခါခါပြောတဲ့စာက တော့

ဆရာ ပေါ်ဦးသက်ရဲ့

" တစ်ပင်တိုင် ပြပွဲမျိုးတွေိကို ခွင့်မပြုတဲ့ အကြောင်းကတော့ သူရဲကောင်းဆန်လို့လို့ ကိုယ်ကြားသိခဲ့ရတယ် ။ ဒီ သတင်းကို ကြားလိုက်ရတော့ ဖြစ်မှဖြစ်ရလေလို့ ကိုယ်ရင်ကိုယ်ခတ်ပြီး အံအားကြီးသင့်သွားခဲ့ရပါတယ် ။

အနုပညာဆိုတဲ့ နယ်မှာ သူရဲကောင်းဆန်ခြင်း ၊ မဆန်ခြင်းဆိုတာ မရှိပါဘူး ။ တကယ်လို့ ရှိတယ်ထားဦးတော့ တကယ့် အနုပညာ သမားတစ်ယောက်ဟာ သူရဲ့မွန်မြတ်တဲ့ စေတနာကို သူရဲကောင်းဆိုတဲ့ ဘွဲကလေးလောက်နဲ့ လဲနိုင်မှာမဟုတ်ပါဘူး ။ -------- ------------ ။ အနုပညာနဲ့ သူရဲကောင်းဆိုတာ တီကောင်နဲ့ နဂါးလို တခြားစီပါ ။ စာ-၃၁

နောက်ထပ် အနုပညာရဲ့ သဘောသဘာဝ တစ်ခုကလည်း အလိုအလျှောက်စီးဆင်းလာခြင်းသာလျှင်

ဖြစ်သတဲ့ ။

အဲ -- တချို့ ကျတော့ အသက်သာ သေသွားခဲ့ကြတယ် တစ်ကြိမ်မှ ပွင့်မသွားခဲ့ကြဘူး အချစ် ။ ဒီတော့ အချစ်က မေးလိမ့်မယ် ။"ဒီလောက် ခက်ခဲပြီး မရေရာတဲ့ အလုပ်ကြီးကို များ ဘာလို့ ကြိုးကြိုးစားစား လုပ်ချင်နေကြတာတုန်း " လို့ ။ အင်း --- ဒီမေးခွန်းနဲ့ ပတ်သက်လို့ ကိုယ့်မိတ်ဆွေ တောင်တက်သမားတစ်ဦး ဖြေသလိုပဲ ဖြေရပါလိမ့်မယ် ။ တစ်ခါက ကိုယ့် မိတ်ဆွေ တောင်တက်သမားတစ်ဦးကို ကိုယ်လဲ ဒီမေးခွန်းမျိုးတစ်ခု မေးကြည့်ခဲ့ဖူးတယ် ။ " ခင်ဗျားတို့ လူစားတွေဟာ ဘာမှ မရှိမှန်း သိနေတဲ့ တောင်ကြီး တွေပေါ်ကိုလဲမရမက အသက်စွန့်ပြီး ဘာလို့ တက်ချင်နေကြပါလိမ့် ။ " လို့ မေးတော့ မိတ်ဆွေက ဖြေတယ် ။ "လူဆိုတာ လုပ်စရာ ရှိနေခဲ့ရင်တော့ လုပ်ရမှာပဲ ။ ကျုပ်တို့မှာကလဲ တက်စရာကြီးက ရှိနေတော့ တက်ကြတာပါပဲ ။ "တဲ့ ။. ဒီ အဖြေကို ကိုယ်တော်တော် သဘောကျတယ် ။ ကိုယ်တို့လည်း ဒီအတိုင်းပဲ ဖြေရမှာပဲ ။ -----

အနုပညာ အကြောင်းကိုယ့် အကြောင်း(၂) စာ - ၃၃ ( ပေါ်ဦးသက် )

သူငယ်ချင်းရေးတဲ့ ရေဆေးပန်းချီကားများ (၂)


 
 

Things you can do from here:

 
 

study

 
 

Sent to you by Andy Myint via Google Reader:

 
 

via Imaginary clouds no2 by imaginary clouds no2 on Jul 12, 2007



 
 

Things you can do from here: