Sent to you by Andy Myint via Google Reader:
ကဗျာလည်းရေးဖြစ်တယ်လို့ ကြားပါတယ် ၊ ဘယ်လို ရေးဖြစ်သွားတာပါလဲ ။
ကျွန်တော် ပေါင်းတဲ့ သူတွေက ကဗျာ ဆရာတွေလေ ။ သူတို့ မြောက်ပေးလို့ ရေးကြည့်တာ ၊ ရေးကြည့်တာ ၊ ဟိုမှာ မဂ္ဂဇင်းတွေထဲလည်း ထည့်တာပေါ့ ၊ ဟိုမှာ Poetry organizationဆိုတာ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ဖွဲ့ထားတာရှိတယ် ။ အဲဒီမှာ ကျွန်တော် က မြန်မာပြည်အနေနဲ့ ပါတယ်၊ ဒါရိုက်တာ အဖွဲ့ ထဲမှာလည်းပါတယ် ။ ဟိုရောက်မှ ကဗျာ အပုဒ်ရေ ၃၀ ။ ၄၀ လောက် ရေးဖြစ်တယ် ။------
အဲဒီတုန်းက အတူပြခဲ့ တဲ့ ပန်းချီဆရာတွေက ဘယ်သူတွေလဲ ။
ကျွန်တော်ရယ် ၊ ကို ပေါ်ဦးသက်ရယ် ၊ ကို ဝင်းဖေ ရယ် ၊ ကို စန်းမြင့်ဆို တာရှိတယ် ၊ သူက ဆရာဝန် ၊ ကို ငွေထွန်း ၊ ဒါပေမယ့် နောက်ပိုင်းကျတော့ တဖြည်းဖြည်းပါလာတယ် ။ အဓိက တော့ ကို ခင်မောင်ရင်တို့ ၊ ကျွန်တော်တို့ပေါ့ ၊ နောက်ပိုင်းကျတော့ ကို ခင်မောင်ရင် ရဲ့ အာရ်အိုင်တီ ကျောင်းသားတွေက ကို ခင်မောင်ရင်ကြောင့် ပန်းချီ ဆွဲချင်တယ် ဖြစ်လာရော ၊
သူတို့ ဟာတွေလဲ ပါတယ် ၊ နောက် ကို အောင်မြင့် တို့ ပေါ့ ။
ပန် ( အမှတ် ၉ ။ ၂၀၀၅ ။ မေ )
Things you can do from here:
- on Imaginary clouds no2
- Subscribe to Imaginary clouds no2 using Google Reader
- Get started using Google Reader to easily keep up with all your favorite sites
No comments:
Post a Comment