Saturday, September 1, 2007

ဆရာ ပေါ် ၏ မျက်နှာဖုံး ပန်းချီ လက်ရာများ (၁)

 
 

Sent to you by Andy Myint via Google Reader:

 
 

via Imaginary clouds no2 by imaginary clouds no2 on Jul 28, 2007













တချို့ပုံတွေက ဆရာ ဦး ဝင်းဖေ ပုံတွေနဲ့ရောနေတယ်ထင်တယ်။ မှားသွားရင်ပြင်ပေးပါဗျာ ။

 
 

Things you can do from here:

 
 

မျက်နှာဖုံး ပန်းချီ

 
 

Sent to you by Andy Myint via Google Reader:

 
 

via Imaginary clouds no2 by imaginary clouds no2 on Jul 28, 2007




ဆရာ ဦး ဝင်းဖေ





ဆရာ ဦး ပေါ်ဦးသက်









ဆရာ ဦး စံတိုး








ဆရာ ဦး စံတိုး



စီးတီးဟော က ဒဏ္ဌာရီ စာအုပ်ဆိုင်ကို ရောက်ရင်း


ဆရာ မြသန်းတင့် ဘာသာပြန် တဲ့ စစ်နဲ့ငြိမ်းချမ်းရေး အဖုံးက မျက်နှာဖုံးတွေက မိုက်နေတယ် ။ ( ဒီနေရာ မှာ စစ်နဲ့ ငြိမ်းချမ်းရေး စာအုပ်အကြောင်းပြောချင်တာမဟုတ်ပါ ) ။ ကျနော် ဆရာဦး ပေါ်ဦးသက်ရဲ့ လက်ရာတွေကို စုထားချင်ပါတယ်။ ဆရာ ဦး ပေါ်ဦးသက် ။ ဆရာ ဦး ဝင်းဖေ ။ ဆရာ ဦး စံတိုး ။ ဆရာ ဦး မျိုးညွန့် --- အစရှိတဲ့ သူတွေ စစ်နဲ့ ငြိမ်းချမ်းရေး စာအုပ် အတွက် ရေးတဲ့ ပန်းချီ တွေကို ကျနော် အရင်က မတွေ့ ဘူးပါ ။ အခု ဒီမှာ တင်ဖို့ စိတ်ကူးရလာလို့ တင်ပါတယ် ။ ကျနော်ကဲ့သို့ စိတ်ဝင်စား မည့်သူများအတွက်ရယ်ပါ ။ ဒီလောက်နဲ့တင် မကျေနပ်ဘဲ ချစ်သူ ဆံနွယ်တွေလို ပွတ်သတ်ကြည့်ချင်သူများကတော့ ဒဏ္ဌာရီ ကို သာ ကြွပါဗျာ

 
 

Things you can do from here:

 
 

ပေါ့ပေါ့ပါးပါး

 
 

Sent to you by Andy Myint via Google Reader:

 
 

via Imaginary clouds no2 by imaginary clouds no2 on Jul 27, 2007



Kurt vonnegut ကို သဘော ကျ လို့ တုပထားတယ် ။





 
 

Things you can do from here:

 
 

၁၀၁

 
 

Sent to you by Andy Myint via Google Reader:

 
 

via Imaginary clouds no2 by imaginary clouds no2 on Jul 26, 2007


နိုင်ငံတကာ က သိပြီး စာသင်နှစ် ၂၃ နှစ်လောက်ရှိတယ် ဆိုတဲ့ ပါမောက္ခ တစ်ယောက်က စာမေးပွဲခန်းစောင့်ဖို့ လာတယ် ။ "အေ သရီး ။ အေ ဖိုး" ။ မကလို့ ညအိပ်ရင် ခြုံတဲ့ စောင် ပေါ်မှာပါ ကြိုက်တာရေးယူလာရုံတင်မက တတ်နိုင်ရင် စာကြည့်တိုက်ထဲ က စာအုပ်တွေပါ လော်လီနဲ့ တိုက်ပြီး သယ်လာနိုင်တယ် ဆိုတဲ့ အပြောလေး လဲ သူက စာသင်ရင်း ပြောဖူးတာကိုး ။ 'ကိုတာ' ကလဲ ရေးဖူးတယ် မဟုတ်လား။ ဘဝဆိုတာ ခြေထောက်ပဲ ပြထားတဲ့ ငှက်ကို တည်ပြီး "ဘယ်လို သားပေါက်တယ် ။ ဘယ်လို ဆောင်းခို သလဲ ။ ဘယ်လို သဘာဝလဲ----"ဆိုပြီးမေးခွန်းထုတ်ကာ ဖြေခိုင်းတယ် ဆိုတာမျိုးနဲ့တူတယ် ဆိုပဲ။ မေးခွန်းပေါ်မှာ ဘယ်တုန်းကမှ မမြင်ဖူးတဲ့ ပုစ္ဆာကို မေးရင် ကျောင်းသားတွေ ဘက်ကလဲ ဘယ်ဆရာမှ မတွေ့ဖူးသေးတဲ့ အယူအဆတွေနဲ့ သက်သေပြပြီး အဖြေထုတ်မှ ပွဲက မျှပေ မပေါ့ ။ မဟုတ်လား ဘဒွေးရာ ။


စာမေးပွဲခန်းရှေ့ ပါမောက္ခရောက်လာရော သူနဲ့ သုံးပေလောက်ပဲ ကွာတဲ့ ကျောင်းသားတစ်ယောက်က

အဲဒိ ပါမောက္ခ ပြုစုပြီး အဲဒိစာအုပ်ပေါ်တည်ပြီး မေးခွန်းထုတ်တယ်ဆိုတဲ့ သင်ရိုးစာအုပ်ကို ခြေနဲ့ ချနင်းလိုက်ပါရော ။ ဒီလိုမျိုး ယုံကြည်မူနော် ။ ကိုယ့်ဆရာ ။ ပါမောက္ခကတော့ ပြုံးပြပြီး တချက်ကြည့်လိုက်တာပေါ့ ။ ပညာတတ်ကိုး ။ ဒါမျိုးရိုးလို့ ။ မြင်စေ့ချင်တယ် ဘဒွေးရာ ။ ကျုပ်မေးဖို့ မေ့သွားတာက ဒီဘဲ ဘယ်စာအုပ်တွေ စာမေးပွဲခန်းထဲ ယူသွားမလဲဆိုတာကိုပဲ ။


 
 

Things you can do from here:

 
 

ခင်မင်လေးစားစွာဖြင့် အသိပေးခြင်း

 
 

Sent to you by Andy Myint via Google Reader:

 
 

via Imaginary clouds no2 by imaginary clouds no2 on Jul 25, 2007

andy ၊ ကို စော ၊ ရာဇာ ၊ မဂျစ်တူး ၊ မ ပန်ဒိုရာ ၊ ဝမ်းရေးအတွက် လုပ်ရမည့် အချိန်ရောက်လာသဖြင့် ကျနော် ရာသီဥတု မသာယာနိုင်တော့ပါ ။ကျနော် မသိဘဲ ကျနော်ဆီကို ရောက်လာကြသူများကိုလည်း ကျနော် အသိပေးပါတယ် ။ ကျနော် ဒီ ဘလော့ကို အပ်ဒိတ် လုပ်နိုင်မည်ဟု မထင်ပါ ၊ ယတိပြတ် မရေးတော့ဟု မဆိုလိုပါ ။( ယခုအထိတော့) လေးလလောက်ကြာမည်ထင်ပါသည် ၊ အားလုံးကို ခင်မင်လေးစားစွာဖြင့် အသိပေးအပ်ပါသည် ။ ကျနော် အကန့်အသတ်နှုင့် ရသမျှ အချိန်လေးမှာ အသကုန် နွာ ပါသည် ။ ဖြစ်နေတာနှင့် ဖြစ်စေချင်တာ တွေကြားမှာ မိုင်တွေကွာခြားလှပါတယ် ။

( ကျနော် ရေးထားတဲ့ ဆရာ ဦးဆန်းလွင် နှင့် ဆရာ မောင်ဝဏ္ဏ ကို ကျနော် ဆက်တင်နိုင်အောင်ကြိုးစားပါမယ့်)

အားလုံးကို ခင်မင်လေးစားစွာဖြင့် အသိပေးအပ်ပါသည် ။


 
 

Things you can do from here:

 
 

တိမ်များ

 
 

Sent to you by Andy Myint via Google Reader:

 
 

via Imaginary clouds no2 by imaginary clouds no2 on Jul 25, 2007



































 
 

Things you can do from here:

 
 

ရုပ်သေး

 
 

Sent to you by Andy Myint via Google Reader:

 
 

via Imaginary clouds no2 by imaginary clouds no2 on Jul 25, 2007











 
 

Things you can do from here:

 
 

သူငယ်ချင်းရေးသော ရေဆေး ပန်းချီကားများ (၄)

 
 

Sent to you by Andy Myint via Google Reader:

 
 

via Imaginary clouds no2 by imaginary clouds no2 on Jul 25, 2007




























သူငယ်ချင်းရေးသော ရေဆေး ပန်းချီကားများ (၄)

၁၉၉၅-၁၉၉၆





 
 

Things you can do from here:

 
 

သူငယ်ချင်းရေးသော ပန်းချီကားများ (၃)

 
 

Sent to you by Andy Myint via Google Reader:

 
 

via Imaginary clouds no2 by imaginary clouds no2 on Jul 25, 2007



ဆီဆေး.( မပြီးခင် ရိုက်ထား၊ ၃ ပေ ၂ ပေ လို့ထင် ။)

ကျနော် ဒီကားကို red hot chili peppers(other side (MTV) ) ထဲက ပြကွက် တချို့နဲ့ တူတယ်( ဆင်တယ် )ဆိုပေမယ့် သူ အဲဒိ အဖွဲ့ ကို မကြည့်ခဲ့ပါ ။







acrylic လို့ ထင်တယ် ( ၂၀၀၅။ ၃ ပေ ၂ ပေ)
























သူငယ်ချင်းရေးသော ပန်းချီကားများ (၃)

(၂၀၀၃-၂၀၀၆)




 
 

Things you can do from here:

 
 

သူငယ်ချင်းလုပ်သော ဒီဇိုင်း (၂)

 
 

Sent to you by Andy Myint via Google Reader:

 
 

via Imaginary clouds no2 by imaginary clouds no2 on Jul 24, 2007

















သူသည် မည်သည့် ကျောင်းဆင်းမှ မဟုတ်ပါ .။ စာအုပ် သည်သူ ကျောင်းဖြစ်၏ ။ သူ ၏ ခွင့်ပြုချက်ကို မယူထားပါ ။ ( yz မင်း ကို ၊ဒီကောင်လုပ်ပေးတဲ့ ဖိတ်စာ ငါ ရှာမရဖြစ်နေတယ် ။)


 
 

Things you can do from here:

 
 

"မြူ "

 
 

Sent to you by Andy Myint via Google Reader:

 
 

via Imaginary clouds no2 by imaginary clouds no2 on Jul 23, 2007

"မြူ "


သူဟာ နှစ်ပေါင်းနှစ်ဆယ် ကျော် သိမ်းဆည်းလာတဲ့

ချစ်ခြင်း မေတ္တာကို စက်ဘီးလေးပေါ်တင်ပြီး

မနက်စောစော

မြူတွေ ဆိုင်းဝေနေတဲ့ လမ်းကလေးထဲ

ခပ်အေးအေးပဲ တိုးဝင်သွားခဲ့တယ် ။


လှိုင်း တွေဟာ

အဲဒိ ကမ်းခြေလေးကို အဖျားတောင်မခတ်နိုင်ခဲ့ပါဘူး ။

တိမ်တွေရဲ့ တယောသံများက

သိပ်ကို ချိုမြိန်တာပေါ့ ။

ချစ်ခြင်းမေတ္တာနဲ့ ဒီ ပန်းချီကားကို

ဘယ်လို ဘောင်ကွပ်ရပ ။


အဖြေမှားတယ်

စဉ်းစားပုံကို ကြိုက်တယ် ဆိုတာမျိုးလား ၊

မိုး---ရေ

နက်ဖြန် မနက်လည်း

မြူတွေ ဝေ--

(ဝေနေမှာပါ ။ )






(KC , NT , yz , မိုး တို့ အတွက် ၊ မလျှောက်ခဲ့သော လမ်း ရဲ့ အငွေ့များပါခဲ့ရင် တုပတယ်လို့ ပဲ ယူပေးပါ )

မောင်တိန် ရေးသည် ။


 
 

Things you can do from here:

 
 

ကို နေမျိုးဆေး နှင့် ကန္တာရ ကဗျာ

 
 

Sent to you by Andy Myint via Google Reader:

 
 

via Imaginary clouds no2 by imaginary clouds no2 on Jul 22, 2007


The waste land ( T . S .Eliot )


ကိုနေမျိုးဆေး နှင့် ကန္တရ ကဗျာ

- ကတ် ထူ စက္ကူမျာကို ဖြဲ ၍ စက္ကူ တိပ် ဖြင့် ကတ်ခြင်း

- ကဗျာ ဆရာ ၏ နာမည်ကို ကွန်ပျူတာဖြင့် စနစ်တကျရိုက်ခြင်း

- ကျန် အရေးအသားများကို လက်ရေးဖြင့်သာ ရေးခြင်း

- မုံရွေး စာအုပ်တိုက်မှ ထုတ်ဝေပါတယ် ။

ဝိညာဉ် မှန်ကွဲစများ လွင့်မျောရာ ကန္တရ

ဇော်ထွန်း ( အင်္ဂလိပ်စာ ပါမောက္ခ) ပြန်ဆိုသည်။



 
 

Things you can do from here:

 
 

ဆရာ ဦး ဆန်းလွင် ။ ဆရာ မောင်ဝဏ္ဏ (၂)

 
 

Sent to you by Andy Myint via Google Reader:

 
 

via Imaginary clouds no2 by imaginary clouds no2 on Jul 22, 2007

ထိုစာအုပ်၏ စာ ၂၆၇ တွင် ခွဲခြမ်းဝေဖန်ရေး ( ဝိဘဇ္ဇ) ဒဿန ပေါ်ပေါက်လာအောင် လမ်းခင်းရာမှာ ပထမ ခြေလှမ်းလို့ ယူဆရတဲ့ အတွေးအမြင် တစ်ခုကို စတင် မိတ်ဆက်ပေးပါတယ် ။ လက်ငင်း အကျိုးကြည့် ဝါဒ( paragmaticism) နှင့် တွေးခေါ်သူ အမေရိကန် ဒဿန ဆရာ Charles Sanders Peirce(1834-1914) William James, Dr John Deweyနှင့် တို့မှ စတင်ပြီး ထိုဝါဒ ၏ အခြေခံ သဘောတရားများကို ရှင်းလင်းပါတယ် ။

ဆရာ မောင်ဝဏ္ဏ ကလည်း အောက်ပါအတိုင်း မှတ်ချပြုပါတယ် ။

" အခု အနောက်တိုင်းက လူနေမူစနစ် နှင့် အတွေးအခေါ်တွေဟာ စရ်ဝက ဆန်နေပါတယ်။ Pragmaticism, Utilitarianism (လက်တွေ့၊ မျက်တွေ့) အသုံးချဝါဒ (ရုပ်ဝါဒ) စတာတွေဟာ "စာရ်ဝက" နဲ့ အခြေခံ သဘောနဲ့တူနေပါတယ် ။

"မြတ်စွာဘုရားဟာ ဓမ္မ စကြာနဲ့ အနတ္တ လက္ခဏာသုတ် တရားတော်ကို တရားဦးအဖြစ် ဘယ်သူကို ဟောမလဲ " ဟူ၍ ဆရာ မောင်ဝဏ္ဏက မေးခွန်းမေး၍ ဆက်လက် ဆင်ခြင်ပါတယ် ။

" ပထမ ဦးစွာ အာဋ္ဋရ နဲ့ ဥဒက ရသေ့သူတော်စင်ကြီး နှစ်ပါးလုံးဟာ ပျံလွန်တော်မူ ကုန်ပါပြီ ။ ထိုရသေ့ကြီး မြတ်ဗုဒ္ဓ သိတဲ့ နိဗ္ဗာနဓါတ် ( ဒုက္ခ အလုံးစုံ မှ လွတ်ခြင်းသဘော) ကို မသိပေမယ့် ဈာဉ် (တည်ကြည်ငြိမ်သက်မူ ) မှာ အဆင့် အမြင့် ဆုံးအထိ သဘောပေါက်ခဲ့ကြပါတယ် ။ နောက် ပဉ္စဝဂ္ဂီ ၊ မြတ်ဗုဒ္ဓ ဒုက္ကရ စရိယ ကို ကျင့်ကြံတုန်းမှာ ရေပူရေချမ်း ကမ်းလှမ်းရင်း ပြုစု စောင့်ရှောက်တော်မူခဲ့ပါတယ် ။ ထို ပဉ္စ ဝဂ္ဂီ ငါးပါးကို မြတ်ဗုဒ္ဓ တရားဦးဟောတော်မူခန်းကို ဆရာ မောင်ဝဏ္ဏ တင်ပြပုံမှာ အလွန်ပေါ့ပါးလှပါတယ် ။

" မဟာ ဗောဓိကနေ ၁၄၄ မိုင်ဝေးတဲ့ မိဂဒါဂုန်တောကို ခြေကျင်လျှောက်သွားပြီးရောက်တော့ ပဉ္စဝဂ္ဂီ တွေက လည်း မြတ်ဗုဒ္ဓ ကို ချက်ခြင်းမယုံသေးပါဘူး ။ အဲဒိ ပုဂ္ဂိုလ် တွေကိုလည်း လျော့တွက်လို့မရပါဘူး ။ အနှစ်သုံးဆယ်လောက် တောထွက်တရားကျင့်ခဲတဲ့ ပုဂ္ဂိုလ်တွေပါ။ မြတ်ဗုဒ္ဓ မိဂဒါဂုန်တောကို ကြွလာတော့ စ စခြင်းခေါ်ဝေါ် သုံးစွဲပုံက အာဝုသော (ငါ့ ရှင်) လို့ခေါ်တာပါ ။ တစ်တန်းတည်း ထားပြီး ဆက်ဆံတဲ့ သဘောပါ ။ ငြင်းခုန် တဲ့ အခါမှာလည်း အားမနာတမ်း ငြင်းလိမ့်မယ်လို့ ကျနော်ယုံပါတယ် ။ ( စာ-၆၀)


 
 

Things you can do from here:

 
 

ဟယ်ရီ ပေါ်တာ တဲ့ဟေ့

 
 

Sent to you by Andy Myint via Google Reader:

 
 

via Imaginary clouds no2 by imaginary clouds no2 on Jul 21, 2007

ဟယ်ရီ ပေါ်တာ တဲ့ဟေ့

အပြင်ထွက်ဖြစ်တဲ့နေ့က ရထားပေါ်မှာ ၊ ဘတ် စ ကား ပေါ်မှာ ၊ ရထားစောင့်နေ တုန်းမှာ ၊ ကားစောင့်နေတုန်းမှာ ၊ချာတိတ်တွေ စာအုပ်တစ်အုပ်စီနဲ့ ( တစ်ယောက်တစ်အုပ်စီ အလကားရထားသလို၊ တနှစ်က လဲ ဘော်ဒါ စာအုပ်ဆိုင် ရှေ့ ကို ဟယ်ရီ ကို ဝယ်ချင်လို့ ညလုံးပေါက်ထိုင်စောင့်ကြတာ)၊ အဲဒိ အကြောင်းကို စဉ်းစားပြီး ဓါတ်လှေကားထဲလဲ ဝင်လိုက်ရော လူတစ်ယောက်က ရေးကြီးသုတ်ပြာ လက်ထိုးပြီး တံခါးဖွင့် ဝင်လာတယ် ။ ဘာဖြစ်တာလဲ ပေါ့ ။ ကိုယ်ဆရာက စာအုပ် တွေ လိုက်ပို့ပေးရတဲ့သူကိုး ။ ဒါနဲ့ ခွင့်တောင်းပြီး ဓါတ်ပုံရိုက်ထည့်လိုက်တယ် ။အထင်ကြီးတာ၊ ပေါ့ ပ ကာချာ ။ ဖက်ရှင် ။ ခေတ်မီချင်တာ ။ လူရာဝင်ခြင်တာ ။ ထရန်း ။ ခဏ ဖယ်ကာ ချာတိတ်တွေ စာဖတ်ကြတယ်ဗျ လို့ပြောကြည့်ချင်တယ် ။ မောင်တိန် အဲဒိ အရွယ်တုန်းက ဘာလုပ်နေပါလိမ့် ။








ဒါလေးလဲ ဒိုက်ရိုက်ကူးထည့်လိုက်ဦးမှ

When he walked out of the CBS studio, a young reporter was waiting for him on the sidewalk. This isn't all that unusual, because as with all the Sunday morning shows, the major networks _CBS, NBC, ABC, CNN, and Fox always send crews to one another's studio to grab exit interviews with the guests. But this young man, Schieffer explained, was not from a major network. He politely introduced himself as a reporter for a Web site called InDC journal and asked whether he could ask Schieffer a few questions. Schieffer, being a polite fellow, said sure. The young man interviewed himon a sevice Schieffer did not recognize and then asked if the could take his picture. A picture? Schieffer noticed that the young man had no camera. He didn't need one.He turned his cell phone around and snapped Schieffer's picture.

'So I came in the next morning and looked up this Web site and there was my picture and the interview and there were already three hundred comments about it,' said Schieffer, who, though keenly aware of online journalism, was nevertheless taken back at the incredibly fast, low-cost, and solo manner in which this young man had put him up in lights.

Pg-45, when I was sleeping,( The world is flat ) Thomas L. Friedman


 
 

Things you can do from here:

 
 

ဟယ်ရီ ပေါ်တာ တဲ့ဟေ့

 
 

Sent to you by Andy Myint via Google Reader:

 
 

via Imaginary clouds no2 by imaginary clouds no2 on Jul 21, 2007

ဟယ်ရီ ပေါ်တာ တဲ့ဟေ့

အပြင်ထွက်ဖြစ်တဲ့နေ့က ရထားပေါ်မှာ ၊ ဘတ် စ ကား ပေါ်မှာ ၊ ရထားစောင့်နေ တုန်းမှာ ၊ ကားစောင့်နေတုန်းမှာ ၊ချာတိတ်တွေ စာအုပ်တစ်အုပ်စီနဲ့ ( တစ်ယောက်တစ်အုပ်စီ အလကားရထားသလို၊ တနှစ်က လဲ ဘော်ဒါ စာအုပ်ဆိုင် ရှေ့ ကို ဟယ်ရီ ကို ဝယ်ချင်လို့ ညလုံးပေါက်ထိုင်စောင့်ကြတာ)၊ အဲဒိ အကြောင်းကို စဉ်းစားပြီး ဓါတ်လှေကားထဲလဲ ဝင်လိုက်ရော လူတစ်ယောက်က ရေးကြီးသုတ်ပြာ လက်ထိုးပြီး တံခါးဖွင့် ဝင်လာတယ် ။ ဘာဖြစ်တာလဲ ပေါ့ ။ ကိုယ်ဆရာက စာအုပ် တွေ လိုက်ပို့ပေးရတဲ့သူကိုး ။ ဒါနဲ့ ခွင့်တောင်းပြီး ဓါတ်ပုံရိုက်ထည့်လိုက်တယ် ။အထင်ကြီးတာ၊ ပေါ့ ပ ကာချာ ။ ဖက်ရှင် ။ ခေတ်မီချင်တာ ။ လူရာဝင်ခြင်တာ ။ ထရန်း ။ ခဏ ဖယ်ကာ ချာတိတ်တွေ စာဖတ်ကြတယ်ဗျ လို့ပြောကြည့်ချင်တယ် ။ မောင်တိန် အဲဒိ အရွယ်တုန်းက ဘာလုပ်နေပါလိမ့် ။








ဒါလေးလဲ ဒိုက်ရိုက်ကူးထည့်လိုက်ဦးမှ

When he walked out of the CBS studio, a young reporter was waiting for him on the sidewalk. This isn't all that unusual, because as with all the Sunday morning shows, the major networks _CBS, NBC, ABC, CNN, and Fox always send crews to one another's studio to grab exit interviews with the guests. But this young man, Schieffer explained, was not from a major network. He politely introduced himself as a reporter for a Web site called InDC journal and asked whether he could ask Schieffer a few questions. Schieffer, being a polite fellow, said sure. The young man interviewed himon a sevice Schieffer did not recognize and then asked if the could take his picture. A picture? Schieffer noticed that the young man had no camera. He didn't need one.He turned his cell phone around and snapped Schieffer's picture.

'So I came in the next morning and looked up this Web site and there was my picture and the interview and there were already three hundred comments about it,' said Schieffer, who, though keenly aware of online journalism, was nevertheless taken back at the incredibly fast, low-cost, and solo manner in which this young man had put him up in lights.

Pg-45, when I was sleeping,( The world is flat ) Thomas L. Friedman


 
 

Things you can do from here:

 
 

study

 
 

Sent to you by Andy Myint via Google Reader:

 
 

via Imaginary clouds no2 by imaginary clouds no2 on Jul 20, 2007



Joseph Conrad


 
 

Things you can do from here:

 
 

ဆရာ ဦးဆန်းလွင် ၊ ဆရာ မောင်ဝဏ္ဏ (၁)

 
 

Sent to you by Andy Myint via Google Reader:

 
 

via Imaginary clouds no2 by imaginary clouds no2 on Jul 20, 2007

အကြောင်းအရာ တစ်ခု ၊ ပြဿနာ တစ်ခုကို စတင်ချဉ်းကပ်ပုံနှင့် စပ်လျဉ်း၍ ဆရာ တစ်ဦး ( ဆရာ ဦးမြင့်သန်း ဟုထင်ပါတယ် ) ၏ စကားမှာ အလွန်တန်ဖိုးရှိပါတယ် ။ " ဆရာတို့ ဘယ်ကနေ စ စဉ်းစားမလဲ " ၊ " ဘယ်ကနေ စမလဲ " ဟူသော အနက်မျိုးဖြစ်ပါတယ် ။ စာရေးဆရာ မောင်ဝဏ္ဏ ၏ " ဒုက္ခ ကို ချိုမြိန်စွာခံစားနေသော-----" စာအုပ်မှ မြတ်ဗုဒ္ဓ ၏ တရားတော်ကို ချဉ်းကပ်ပုံနှင့် စာရေးဆရာ ဦး ဆန်းလွင် ရေးသားပြုစုသော " ရတနာ သုံးပါးကို ယုံကြည် ကိုးကွယ် ဆည်းကပ် လာသူတစ်ယောက် အကြောင်း " စာအုပ်မှ မြတ်ဗုဒ္ဓ ၏ တရားတော်ကို ချဉ်းကပ်ပုံ များထဲမှ တူညီသော ချဉ်းကပ်ပုံ များမှာ စိတ်ဝင်စားဖွယ်ကောင်းလှပါတယ် ။ တနည်းဆိုသော် အမိ တက္ကသိုလ် တစ်ခုထဲတွင် ပညာ ဆည်းပူးခဲ့သော သူနှစ်ဦး ၏ အကြောင်းအရာ တစ်ခုဆီသို့ ချဉ်းကပ်ပုံ တူညီ နေသည်မှာ မထူးသော်လည်း မဆန်းလှပါ ။


ဆရာ မောင်ဝဏ္ဏ သည် ထိုစာစု ကို မရေးမီ သက်ဆိုင်ရာ စာအုပ်တော်တော် များများကို ပြန်ဖတ် ၊ ဆင်ခြင်ပြီး ရေးပါသည်ဟု ဆိုထားပါတယ် ။ သူ စတင်သောနေရာမှာ မြတ်စွာဘုရားဟာ ဓမ္မ စကြာကို တရားဦး အဖြစ် ဘာကြောင့် ဟော သလဲ ဆိုသော မေးခွန်းကို ဖြေဆိုဖို့ဖြစ်ပါတယ် လို့ ဆိုပါတယ် ။ အားလုံးသိပြီးဖြစ်တဲ့ အတွဲ လေးတွဲပါရှိတဲ့ ဆရာ ဦးဆန်းလွင် စာအုပ်မှ ဒုတိယတွဲဟာ ကမ္ဘာ့ ဒဿန မျိုးစုံကို အကျဉ်းတင်ပြထားတာဖြစ်ပါတယ် ။ ရုပ်ဝါဒီ များက တမျိုး ၊ နာမ်ဝါဒီများက တစ်ဖုံ ၊ အတွေ့အကြုံ အဓိက ဝါဒီများက တစ်နည်း ၊ ဆင်ခြင်တုံ တရားအဓိက ဝါဒီများက တစ်သွယ်ဖြင့် ဒဿန ပညာရှင်များနှင့် အယူဝါဒ များကို တင်ပြထားပါတယ် ။ တတိယတွဲတွင် ဆရာ ဦး ဆန်းလွင် ၏ ဆရာ ဒေါက်တာခင်မောင်ဝင်းက " ဗုဒ္ဓ ၏ ကိုယ်ကျင့်တရားပညာ် " စာအုပ်ကို ပြုစုရန် တာဝန်ပေးသည်မှ စ၍ လူသား ဗုဒ္ဓ နှင့် သူ၏ တရားဦး ဓမ္မ စကြာကို နားလည် သဘော ပေါက်ခြင်း ဆိုသော ခေါင်းစဉ်ဖြင့် စတင်ချဉ်းကပ်ပါတယ် ။


စဉ်းစား ဆင်ခြင် ဝေဖန်ဆန်းစစ်ပုံနှင့် ပတ်သက်၍ ဆရာ မောင်ဝဏ္ဏ က "ဗုဒ္ဓ မြတ်စွာရဲ့ တရားတော်တွေဟာ ကြံစည်စဉ်းစားလို့ မရလောက်အောင် မြင့်မြတ်ပါတယ် ။ ဒါကို အတက္ကာ ဝစရ လို့ ပါဋ္ဌိ လို ခေါ်ပါသတဲ့ ၊ စဉ်းစားဆင်ခြင်ယုံနဲ့မရနိုင်ဘူးတဲ့ ။ အစပိုင်း အဆင့်မှာတော့ စဉ်းစားဆင်ခြင်ဝေဖန် ဆန်းစစ်ရမယ်လို့ မြတ်စွာ ဘုရားကိုယ်တော်တိုင်ဟောကြားခဲ့ပါတယ် ။ ဝိဘဇ္ဇ ဝါဒ လို့ ခေါ်ဆိုကြောင်းတင်ပြပြီးနောက် ကေသမုတ္တိ သုတ္တန်မှ ဝေဖန်စိစစ်မူပြုပြီး ကိုယ်တိုင် ကျင့်ကြံ ပွားများဖို့ နည်းလမ်းဆယ်လမ်းကို ထုတ်နုတ်ပြပါတယ် ။


ကေသမုတ္တိ နိဂုံးသား ကာလာမမင်းတို့က " အချို့သော " သမဏ ။ဗြာဟ္မဏ တို့သည် မိမိတို့ အယူဝါဒ ကိုသာလျှင် ချီးမွမ်း၍ အခြားသော အယူဝါဒ များကို ရူတ်ချပြီး ဟောပြောသောကြောင့် မည်သူမှန်သည် မည်သူမှားသည် မသိရဘဲ ယုံမှားသံသယ ဖြစ်ကြရပါသည်ဟု မြတ်စွာဘုရားအားလျှောက်ကြ၏ ၊ ထိုအခါ မြတ်စွာဘုရားက ဤသို့မိန့်တော်မူ၏ ။


" ကာလာမ မင်းတို့ ၊ သင်တို့မှာ ယုံမှားသံသယ ဖြစ်သင့်ပေ၏ ။ သင်တို့သည်

(၁) ပြောသံ ကြားကာမျှဖြင့် ဟုတ်ပြီ ။ မှန်ပြီ ဟု အတည်မယူကုန်လင့်ဦး ။

(၂) အစဉ် အဆက် စကားများဖြင့်လည်း မယူကုန်လင့်ဦး ။

(၃) ဤသို့ ဖြစ်ဖူသတတ်ဟူသော စကားမျှဖြင့်လည်း မယူကုန်လင့်ဦး ။

(၄) ပိဋကတ်စာပေ နှင့် ညီညွတ်ပေသည် ဟူ၍လည်း မယူကုန်လင့်ဦး ။

(၅) ကြံဆတွေးတော၍ ယူခြင်းမျှဖြင့်လည်း မယူကုန်လင့်ဦး ။

(၆) အခြင်းအရာကို " ကြံစည်" သော အားဖြင့်လည်း မယူကုန်လင့်ဦး ။

(၇) မှတ်ယူထိုက်သော သဘောမျှဖြင့်လည်း မယူကုန်လင့်ဦး ။

(၈) ငါတို့လေးစားသော ရဟန်း၏ စကားဟူ၍ လည်း မယူကုန်လင့်ဦး ။

ကာလာမ မင်းတို့ ---

(၉) ဤတရားတို့ကား အကုသိုလ်တရား ။ အပြစ်ရှိသော တရား ။ ပညာရှိတို့ ကဲ့ရဲ့အပ်သော တရားတည်း ။ထိုတရားတို့ကို ကျင့်သုံးပါက အစီးအပွားမရှိခြင်ငှာ ၊ ဆင်းရဲခြင်းငှာ ။ ဖြစ်ကုန်၏ ဟု သင်တို့သည် " မိမိတို့ ကိုယ်တိုင် " သိသော အခါ၌ ယင်းတို့ကို စွန့်ပယ်ရာ၏ ။

(၁၀) ဤတရားတို့ကား ကုသိုလ်တရား ။အပြစ် မရှိသော တရား ။ ပညာရှိတို့ ချီးမွမ်းအပ်သော တရားများဖြစ်၍ ယင်းတို့ကို ကျင့်သုံးပါက အစီးအပွားရှိသည် ချမ်းသာခြင်းငှါ ဖြစ်သည်ဟု "မိမိ ကိုယ်တိုင် " သိသော အခါ၌ မူ သင်တို့သည် ယင်းတို့နှင့် ပြည့်စုံ နေကုန်ရာ၏ ။

( အဂုင်္တ္တရနိကာယ် ။ တိက နိပါတ် ။ မဟာ ဝဂ် ကေသ မုတ္တိသုတ်)


ထိုနောက် ဆရာ မောင်ဝဏ္ဏ က သူ၏ အမြင်ကို

" အင်မတန်မှ ရှင်းလင်းပြတ်သားတဲ့ တရားပါပဲ ။ ကျွန်တော် အယူ အဆကို ပြောရရင် မြတ်စွာ ဘုရား ကိုယ်တိုင် ဟောတဲ့ တရားကိုတောင်မှ ခုနလို အစဉ်အလာ ယုံကြည်မူအနေ နှင့် လူပြောသူပြောနဲ့ မယုံ လိုက်ပါနဲ့ဦး ။ ဝေဖန်စီစစ် ( ဝိဘဇ္ဇ ) ပြုပြီး ကိုယ်တိုင် ကျင့်ကြံပွားများလို့ လောကုတ္တရာ အကျိုးစီးပွား ချမ်းသာခြင်းကို ကိုယ်တိုင်သိမှ ။ လမ်းစမြင်မှ လေးလေးနက်နက် ယုံကြည်ပြီး စိတ်နုလုံးထဲမှာ အမြဲ ဆောင်ထားပါလို့ ဟောကြားတော်မူတယ်လို့ ယူဆပါတယ် ။ ( စာ ၁၆-၁၇)




" ရတနာ သုံးပါး---- " စာအုပ်၏ စာ မျက်နှာ ၃၀၅ ၊ ၃၀၆ တွင် အကြင်သူသည် အယူဝါဒ တစ်ခုကို မှန်သည် မှားသည် ဆုံးဖြတ်လိုသော် အောက်ပါအတိုင်း ပြုကျင့်အပ်သည်ဟု အချက် ဆယ်ချက်ကို ညွန်ပြတော်မူခဲ့လေသည် ။

ထိုအချက်သည် မျက်မှောက်ခေတ် သိပ္ပံ နည်းကျ အတွေးအမြင် အားလုံး နှင့်လည်း အကျူံးဝင်လျက်ရှိသည်ကို အကျွန်ုပ် တွေ့ရလေ၏ ။ တိုနောက် ထို အချက် ၁၀ ချက်ကို တင်ပြပါတယ် ။ ဆက်၍

" ဤ ဆယ်ချက်ကို နှစ်ဆယ်ရာစုတွင် ထင်ရှားသော လက်ငင်း အကျိုးကြည့် အယူဝါဒ ရှိသူများလည်း မဟောနိုင်ခဲ့ ။ ယုတ္တိ နည်းကျ အတွေ့ အကြုံ အဓိက ဝါဒီများလည်း မဟောနိုင်ခဲ့ ။ သို့သော် ဗုဒ္ဓ သည် လွန်ခဲ့သော အနှစ် နှစ်ထောင် ငါးရာကျော် ကပင် အတိအပ ဟောကြားညွန်ပြထားခဲ့ သည်မှာ အံသြဖွယ်ကောင်းလေစွဟု အကျွန်ုပ်လည်း အထင်မကြီးဘဲ မနေနိုင်အောင် ဖြစ်ရလေတော့၏ ၊




ဆရာ ဦးဆန်းလွင် ၊ ဆရာ မောင်ဝဏ္ဏ (၁)

မောင်တိန် ရေးသည် ။(မောင်တိန် ခေါင်တက်ကိုင်ခြင်း )


 
 

Things you can do from here:

 
 

ကန္တရ ကျွန်းတွင် ဘာကို အလိုချင်ဆုံးနှင့်

 
 

Sent to you by Andy Myint via Google Reader:

 
 

via Imaginary clouds no2 by imaginary clouds no2 on Jul 20, 2007

ကန္တရ ကျွန်းတွင် ဘာကို အလိုချင်ဆုံးနှင့်သတိရဆုံးဖြစ်မလဲ

(ကျော်ဝင်း)

ကိုတာကမေးပါသည် ။ ကန္တရကျွန်းပေါ် ရောက်သွားလျှင် ဘာတွေကိုများလွမ်းမှာလဲ ။

ကျွန်တော်မဖြေတတ်ပါ ၊ ကန္တရကျွမ်းပေါ် မရောက်ဖူးသောကြောင့်ဖြစ်ပါသည် ၊ " ဂုဏ်ရည်စမ်းအင်တာဗျူး" ဆို၍ ဖြေစရာမလိုဟု ယူဆထားသည် ။ ကျွန်တော့်တွင် စမ်းစရာ ဘာဂုဏ်ရည်မှ မရှိသောကြောင့်ဖြစ်ပါသည် ။

သို့နှင့်တိုင် ၊ မေးသူက မေးလာသောအခါ ယဉ်ကျေးမူအရ လိုအပ်သည် ထင်၍ ကြိုးစားဖြေကြည့်ပါမည် ။ ဆိုခဲ့သည့်အတိုင်း ၊

ဤအခိုက်မှာပင် တစ်ချိန်က ဖတ်ခဲ့ဖူးသော စာကလေးတစ်ပုဒ်ကို ဖျတ်ခနဲ အမှတ်ရလိုက်မိသည် ။ " သီတဂူ ရေ အလှူ"ဆိုသော စာစောင်လေးထဲမှ ဆရာတော် ရွှေကိုင်းသား ၏ ဆောင်းပါးတစ်ပုဒ်ဖြစ်ပါသည် ၊

ဆရာတော်က သူ ရဟန်းဝတ်စကာလ ( စစ်ကြိုခေတ်ဖြစ်မည်ထင်သည်) စစ်ကိုင်းတောင်ရိုးတွင် သီတင်းသုံးခဲ့ရသည့် နိစ္စဓူဝ ဘဝကို ပြန်ရေးပြထားခြင်းဖြစ်ပါသည် ။ ထိုစဉ်က ဆရာတော်တွင် သင်္ကန်းနှစ်စုံနှင့် သပိတ်တစ်လုံးသာရှိပါသည် ။ ကျောက်ဂူငယ်တစ်ခုကို ကျောင်းအဖြစ် သဘောထားနေထိုင်ခဲ့ပါသည် ။ နံနက်အိပ်ရထသည်နှင့် သပိတ်ထဲမှလက်ကျန်ရေနှင့်မျက်နှာသစ် ၊ နောက်ဘုရားရှစ်ခိုး ၊ ပြီးလျှင် သင်္ကန်းအပိုတစ်စုံကို ပခုံးထက်တင် ၊ သပိတ်ကို ပိုက်ပြီး ၊ စစ်ကိုင်းမြို့ထဲ ဆွမ်းခံထွက်သည် ။ ဆွမ်းခံပြန်တော့ ၊ ကျောင်းသို့တန်းမသွားပါ ။ မြစ်ဆိပ်သို့သွားပြီး ၊ အရိပ်ကောင်းကောင်း ၊ သစ်ပင်အောက်တွင် ခေတ္တနားသည် ၊ ချွေးသိပ်တော့ မြစ်ထဲ ရေဆင်းချိုး ၊ ကိုယ်တွင် ဝတ်ထားသော သင်္ကန်းကို လျှော် ၊ အပို သင်္ကန်းနှင့်လဲ ၊ ပြီးမှ သင်္ကန်းအစို ကို နေလှန်းသည် ၊ နောက် ဆွမ်းဘုဉ်းပေးပြီး ။ သပိတ်ဆေး ၊ ရေ အပြည့်ဖြည့် ။ ဤတွင် လျှော်ထားသော သင်္ကန်းလည်းခြောက် ပြီဖြစ်ရာ ၊ ခေါက်ပြီး ခေါင်းပေါ်တင် ၊ ရေသပိတ်ကို ပိုက်ပြီးကျောင်းသို့ပြန်သည် ၊ ဤကိစ္စ အားလုံးပြီးလျှင်တော့ ညအိပ်ရာဝင်ချိန်ထိ တရားအလုပ်သာလုပ်တော့သည် ။

နောက်တစ်နေ့ မျက်နှာသစ်စရာ ရေချန်ပြီး ၊ ရေဆာလျှင်ရေသောက်သည် ။ သည်လို နှင့် နောက်တစ်နေ့မိုးလင်း ၊ အိပ်ရာထ ၊ မျက်နှာသစ် ---ဆွမ်းခံကြွ -- ၊

ဆရာတော် စာကိုဖတ်ရင်း ၊ မေတ္တာသုတ်မှ " အပ္ပကီစ္စောစ " ဆိုသော ပါဠိ ဝေါဟာရကို လိုက်ကနဲ သတိရလိုက်မိသည်။ " နည်းသော အမူကိစ္စရှိခြင်း" ဟု နားလည်ရပါသည် ။ "နည်းသော အမူကိစ္စဖြင့် မြတ်သော အကျင့်ကို ကျင့်ရာ၏ "ဆိုသော ဆရာတော်လက်တွေ့ကျင့်သုံးပြလိုက်သည့် ဗုဒ္ဓ မြတ်စွာ၏ အဆုံးအမက ။ ယောက်ယက်ခတ်နေသော ကျွန်တော့်စိတ်တွေကို ထိန်းထားနိုင်ခဲ့ပါသည်၊

ကျော်ဝင်း။ စတိုင်သစ် ။ အမှတ် ၁၄၆ ၊ နိုဝင်ဘာ ။၂၀၀၅ ။


 
 

Things you can do from here:

 
 

ကဘောက်တိ ကဘောက်ချာ ဂေဇက် (သိမ်းတင်သား)

 
 

Sent to you by Andy Myint via Google Reader:

 
 

via Imaginary clouds no2 by imaginary clouds no2 on Jul 17, 2007


ရာဇဝင်ထဲက "ဆင့်"

"နွေ" ကားရင့်သီးလွန်းလှတော့၏ ။ "အရိပ်" ၏ အရေးပါမူသည် "နွေ" ၏ ကြီးကျယ်ခြင်းနှင့် အမျှ ခိုင်မာနေပေတော့သည် ။ "နွေ" ၏ အတ္တကြီးမူထဲတွင် "သဘာဝတရား"သည် ငယ်စာရင်းဖျက်ခံရသော အချစ်ရူးပမာ ဆောက်တည် ရာမရတော့ မဖြစ်ခဲ့ ။ နာကျင်မူရဲ့ အပူလိုင်းတို့ မျက်ရည်များ စွန်းထင်းကျန်ရစ် ခဲ့သော လေပြည်ညင်းတို့ ---သြော်ရင့်သီးသော "နွေ" ။

ဒီ အချိုးနဲ့ စာစီစာကုံးသာရေးရင် တပည့်မကောင်း မဆီမဆိုင် ဆရာ့ခေါင်း အခေါက်ခံ ရလိမ့်မည်တကား ။ ဝတ္ထု အဖွင့်ဆိုရင်လည်း အယ်ဒီတာမင်းများအား စိတ်ညစ်ညူးစေရုံ ကလွဲလို့ ဘယ်လိုမ ဂိုက်မကျ ။-------

----

-----

အခင်းအကျင်းကို ကြည့်လိုက်လို့ စာဖတ်သူက " မောင်ရင်တို့ ဟာက မြေဝိုင်းဆန်တယ် ။ ကွက်စိပ် တစ်မျိုးပါကွာ ။" ဆိုရင် ကျွန်တော်လုံးဝကို ငြင်းဆန်ပါတယ် ။ ဒါမြေဝိုင်းဇာတ်မဟုတ်ပါဘူး ။ ကွက်စိပ်ဟောတာလည်းမဟုတ်ပါဘူး ။ ကလေးတုန်းက နာမည်မပေးတတ်လို့ပေါ့။ ခုတော့ ရဲရဲ ဝံဝံ ပဲပြောလိုက်ပါမယ် ။ ဒါဟာ solo စစ် စစ် the Great performance art လို့ပါ။

" ကိုဘဆင့်" ဆိုရင် ကျွန်တော်တို့ တစ်မြို့လုံးက သိကြပါတယ် ။ သူဟာ ပြောကြေးဆို ကျပ်မပြည့်တာလား ။ ကျပ်ကျော်တာလား တစ်ခုခုပါပဲ ။( အိုး ကျုပ်တို့လည်း ဘာထူးလို့လဲ ။ ဘုရားဟော လည်းရှိသားရဲ့ ) သူကို ကျွန်တော်တို့ ကလေးတွေ တစ်ယောက် ၁၀ ပြား။ ၁၅ ပြား ။ တစ်မတ်စီ ဝိုင်းစုပြီး ခင်းစေပါတယ်။ မန်ကျည်းပင်ကြီးအောက်မှာပါ ။ ကိုဘဆင့် တောင်းဆိုတာက ပထမဆုံး ဝါးခြမ်းပြားတစ်ချောင်း ဒါနဲ့ သူ ဇာတ်မန္နက်ချတာပါ ။ စည်းတားပါတယ် ။ ဒီစည်းထဲ ဘယ်သူမှ မဝင်ရ ။Out of Bound Area ဒါ ဇာတ်ခုံပေါ့ဗျာ ။ ပြီးတော့ ခွေးခြေ တစ်လုံး ။ မြေဖြူခဲ တစ်ချောင်း ။ မီးသွေးခဲတစ်ခဲ နဲ့ ရေပုလင်းတစ်လုံး ၊ ဖန်ခွက်တစ်ခွက် ဒါပါပဲ ။


။ပြင်သစ်ကနေoutsiderလာကသွားတာ လူသုံးယောက် သရုပ်ဖော်သွားတယ်လို့ဆိုပါတယ်။ များတာပေါ့၊ ကို ဘဆင့် Only One လာပြီ ။ သူသောက်တဲ့ ဆေးပြင်းလိပ်ကို ပါးစပ်က ချလိုက်ပြီး သူ့ ဇာတ်ရဲ့ နာမည်ကို လက်တမ်း ကမ္ပည်းထိုးပါတယ် ။ ဒါ သူစိတ်ထဲ က တန်းပြီး ဖွဲ့ဆိုလိုက်တဲ့ ဇာတ်စစ်စစ်ပါ။ ပြီးတော့မှ "လွန်ခဲ့တဲ့ ၁၉၄၅ ။မတ်လ ၂၇ ရက်နေ့မှာပေါ့ ။ ခုလို နွေရွက်ဝါတို့ မြေမှာခလို့ လက်ပံတွေ ရဲရဲနီ တဲ့ အချိန် ပိတောက်ကုန်းရွာ ကလေးမှာ " ဘာညာ ဘာညာပေါ့ ၊ သူ့ ပါးစပ်က ရွဲ့တဲ့တဲ့ ရယ်လေ ။ သိပ် ဂိုက် ကျတာပဲဗျာ ။ထုံးစံ အတိုင်းဖက်ဆစ်တော်လှန် ရေးဇာတ်ပါ။ သူ့ပါးစပ် က "ဥသြ ဥသြ " လို့ ငှက် သံပြုတယ်။ သေနတ်သံ လုပ်နိုင်တယ်။ ဝါးခြမ်းပြားဟာ သေနတ်ဖြစ်သွားတယ် ။ ရေခွက်ဟာ မျက်ရည်ကျဖို့ ၊ အရက် သောက်ဖို့ ။ မြေဖြူခဲ ဟာ အိုမင်းခြင်းအတွက် ဆံပင်ဖြူလုပ်ဖို့။ မီးသွေးခဲ ဟာ နုတ်ခမ်းမွေးနဲ့ ဒဏ်ရာ ။ ဝါးခြမ်းပြားဟာ ဂျပန်တွေ ချိုးချလိုက်တဲ့ တံတား ။Overture ခေါ်တဲ့ အခန်းအပြောင်း ကိစ္စကိုတော့ " လက်ခေါက်" မူတ်ပြီး ဖြေရှင်းသွားတယ် ။


ယောကျာ်းဝတ် ရှပ် အင်္ကျီကို ပြောင်းပြန်လှန်ဝတ်လိုက်တော့ ကိုဘဆင့်ရဲ့ ပိတောက်ကုန်းရွာ က မျှော်နေရှာသူ မသန်းနု ။ ကိုင်း ဒါမှ ပို့စ် မော်ဒန်လို့ မပြောရင် ဘာကို ပြောမလဲဗျာ ။ ----

ကိုဘဆင့် ဟာ သူရဲ့"ထွက်တော်မူခန်း "ခင်းကျင်းတော့လည်း အင်မတန် အဆင့်မြင့်လှပေတယ် ။ ဒီတုန်းက ပန်းချီဆရာ မော်ဒန် ခင်ဝမ်း ရဲ့ "နှင်းရေ" တို့ ဘာတို့ မပေါ်သေးဘူး ။ ကို ဘဆင့်ဟာ တစ်နေ့မှာ သူ့ကို ကျွေးမွေးထားတဲ့ အငြိမ်းစားကျောင်းဆရာမကြီး ခြံထဲက ရေတွင်းထဲ ကို ခုန်ဆင်းရင်းကွယ်လွန်သွားခဲ့တာပါ ။ သူ့ကို မင်းလာခဲ့တော့လို့ ရေတွင်းထဲက ခေါ်တယ်လို့ မသေခင် ရက်များကပြောနေခဲ့တယ်ဆိုပဲ။

စာ -၁၀၈ ( သက်တံ ။ ရာဇဝင် ။ ရှက်စရာ )



---

ဓါးကြိုက်သလား ၊ တုတ်ကြိုက်သလားတော့ မလုပ်နဲ့မောင် ။ တို့က ငြိမ်းချမ်းရေးသမား ။ ရာဇဝင်အိုး (ရာဇဝတ်အိုး) တုတ်နဲ့ ထိုးရတာပ။ ဗျတ်ဝိ ၊ ဗျတ်တ္တ (ဆရာ မောင်သာနိုးကတော့ ဗျော့သော့်ရ် နဲ့ ဗျောထောရ် ဆိုပဲ ) ဆရာ မောင်သာနိုး အလို အရ ဆိုရင် ABBA အဖွဲ့ နဲ့ နီးစပ်တယ်။

စာ -၃၀ ( ဦးဖိုးကျားကို မကြောက်တဲ့သူ = X ဖြစ်ပါစေ )

Intellectual property, copy right ကို တတ်နိုင်သမျှ လိုက်နာထားပါတယ် ။ စာအုပ် ကြော်ငြာ တဲ့ သဘောပါ

ကဘောက်တိ ကဘောက်ချာ ဂေဇက်

သိမ်းတင်သား

( ကဗျာ ဆရာ ဦးစန်းဦး ၏ စိတ်ကူးချိုချို စာအုပ်တိုက်မှ ထုတ်ဝေပါတယ် )


 
 

Things you can do from here:

 
 

sudden death

 
 

Sent to you by Andy Myint via Google Reader:

 
 

via Imaginary clouds no2 by imaginary clouds no2 on Jul 16, 2007



 
 

Things you can do from here:

 
 

သံပြိုင်ဆို အင်္ဂုလိမာလတေး

 
 

Sent to you by Andy Myint via Google Reader:

 
 

via Imaginary clouds no2 by imaginary clouds no2 on Jul 15, 2007


သံပြိုင်ဆို အင်္ဂုလိမာလတေး

"ရပ်လိုက် ။ သာမဏ "

"ရပ်နေတာပဲ ။ အင်္ဂုလိမာလ"

အတ္တရှိသူ က ပြေးတာ

အတ္တမဲ့သူက မပြေးဘူး ။

"ရပ်လိုက် ။ သာမဏ "

"ရပ်နေတာပဲ ။ အင်္ဂုလိမာလ"

မာန ရှိသူက ပြေးတာ

မာနမဲ့ သူက မပြေးဘူး။

"ရပ်လိုက် ။ သာမဏ "

"ရပ်နေတာပဲ ။ အင်္ဂုလိမာလ"

လောဘ ရှိသူက ပြေးတာ

လောဘမဲ့ သူက မပြေးဘူး။

"ရပ်လိုက် ။ သာမဏ "

"ရပ်နေတာပဲ ။ အင်္ဂုလိမာလ"

ဒေါသ ရှိသူက ပြေးတာ

ဒေါသမဲ့ သူက မပြေးဘူး။

"ရပ်လိုက် ။ သာမဏ "

"ရပ်နေတာပဲ ။ အင်္ဂုလိမာလ"

မောဟ ရှိသူက ပြေးတာ

မောဟမဲ့ သူက မပြေးဘူး။

"ရပ်လိုက် ။ သာမဏ "

"ရပ်နေတာပဲ ။ အင်္ဂုလိမာလ"

မေတ္တာမဲ့ သူက ပြေးတာ

မေတ္တာရှိ သူက မပြေးဘူး။

"ရပ်လိုက် ။ သာမဏ "

"ရပ်နေတာပဲ ။ အင်္ဂုလိမာလ"

သစ္စာမဲ့သူက ပြေးတာ

သစ္စာရှိသူက မပြေးဘူး။

"ရပ်လိုက် ။ သာမဏ "

"ရပ်နေတာပဲ ။ အင်္ဂုလိမာလ"

သိလမဲ့သူက ပြေးတာ

သိလရှိ သူက မပြေးဘူး။

"ရပ်လိုက် ။ သာမဏ "

"ရပ်နေတာပဲ ။ အင်္ဂုလိမာလ"

ပညာမဲ့ သူက ပြေးတာ

ပညာရှိ သူက မပြေးဘူး။

"ရပ်လိုက် ။ သာမဏ "

"ရပ်နေတာပဲ ။ အင်္ဂုလိမာလ"

သတိမဲ့ သူက ပြေးတာ

သတိရှိ သူက မပြေးဘူး။

"ရပ်လိုက် ။ သာမဏ "

"ရပ်နေတာပဲ ။ အင်္ဂုလိမာလ"

----- ------ --------

----- ------ ---------

----- ------ ----------


အောင်ဝေး

( ပါရဂူ မဟာလူသားဗုဒ္ဓ မှ--)

မြားနတ်မောင် (၂၀၀၅ ။ ဇန်နဝါရီ )။ မြန်မာရနံ ကဗျာ


 
 

Things you can do from here: