Saturday, September 1, 2007

၁၀၁

 
 

Sent to you by Andy Myint via Google Reader:

 
 

via Imaginary clouds no2 by imaginary clouds no2 on Jul 26, 2007


နိုင်ငံတကာ က သိပြီး စာသင်နှစ် ၂၃ နှစ်လောက်ရှိတယ် ဆိုတဲ့ ပါမောက္ခ တစ်ယောက်က စာမေးပွဲခန်းစောင့်ဖို့ လာတယ် ။ "အေ သရီး ။ အေ ဖိုး" ။ မကလို့ ညအိပ်ရင် ခြုံတဲ့ စောင် ပေါ်မှာပါ ကြိုက်တာရေးယူလာရုံတင်မက တတ်နိုင်ရင် စာကြည့်တိုက်ထဲ က စာအုပ်တွေပါ လော်လီနဲ့ တိုက်ပြီး သယ်လာနိုင်တယ် ဆိုတဲ့ အပြောလေး လဲ သူက စာသင်ရင်း ပြောဖူးတာကိုး ။ 'ကိုတာ' ကလဲ ရေးဖူးတယ် မဟုတ်လား။ ဘဝဆိုတာ ခြေထောက်ပဲ ပြထားတဲ့ ငှက်ကို တည်ပြီး "ဘယ်လို သားပေါက်တယ် ။ ဘယ်လို ဆောင်းခို သလဲ ။ ဘယ်လို သဘာဝလဲ----"ဆိုပြီးမေးခွန်းထုတ်ကာ ဖြေခိုင်းတယ် ဆိုတာမျိုးနဲ့တူတယ် ဆိုပဲ။ မေးခွန်းပေါ်မှာ ဘယ်တုန်းကမှ မမြင်ဖူးတဲ့ ပုစ္ဆာကို မေးရင် ကျောင်းသားတွေ ဘက်ကလဲ ဘယ်ဆရာမှ မတွေ့ဖူးသေးတဲ့ အယူအဆတွေနဲ့ သက်သေပြပြီး အဖြေထုတ်မှ ပွဲက မျှပေ မပေါ့ ။ မဟုတ်လား ဘဒွေးရာ ။


စာမေးပွဲခန်းရှေ့ ပါမောက္ခရောက်လာရော သူနဲ့ သုံးပေလောက်ပဲ ကွာတဲ့ ကျောင်းသားတစ်ယောက်က

အဲဒိ ပါမောက္ခ ပြုစုပြီး အဲဒိစာအုပ်ပေါ်တည်ပြီး မေးခွန်းထုတ်တယ်ဆိုတဲ့ သင်ရိုးစာအုပ်ကို ခြေနဲ့ ချနင်းလိုက်ပါရော ။ ဒီလိုမျိုး ယုံကြည်မူနော် ။ ကိုယ့်ဆရာ ။ ပါမောက္ခကတော့ ပြုံးပြပြီး တချက်ကြည့်လိုက်တာပေါ့ ။ ပညာတတ်ကိုး ။ ဒါမျိုးရိုးလို့ ။ မြင်စေ့ချင်တယ် ဘဒွေးရာ ။ ကျုပ်မေးဖို့ မေ့သွားတာက ဒီဘဲ ဘယ်စာအုပ်တွေ စာမေးပွဲခန်းထဲ ယူသွားမလဲဆိုတာကိုပဲ ။


 
 

Things you can do from here:

 
 

No comments: