Saturday, September 1, 2007

သူငယ်ချင်းရေးတဲ့ ရေဆေးပန်းချီကားများ (၂)

 
 

Sent to you by Andy Myint via Google Reader:

 
 

via Imaginary clouds no2 by imaginary clouds no2 on Jul 13, 2007

















ကြွက်နဖား တစ်ရွာလုံး ဘသာနဲ့ ပတ်သက်လို့ တွေးကြတယ် ။ ထင်ကြေးအမျိုးမျိုးပေးကြတယ် ။ ဒါပေမယ့် သူတို့ တွေ အားလုံးတွေးကြတာနဲ့ ဘာမှမဆိုင်တဲ့ ကိစ္စတွေက ကြွက်နဖားတောင်ပေါ်မှာဖြစ်နေတယ် ။

ဘသာတစ်ယောက် ကြွက်နဖားတောင်ကြီးကို ကြည့်ကြည့်နေခဲ့တာ ကြာပြီ ။တခြားတောင်တွေနဲ့ မတူဘဲ ဘာကြောင့် ထူးထူးခြားခြားကြီးရပ်တည်နေတာလဲ ။ နံဂါးရံ ဘုရားပွဲ ပြီးတဲ့နေ့ကတော့ ဘသာ မနေနိုင်တော့ဘူး ။ ပြောနေကြာတယ် ။ ကိုယ်တိုင်တက်ကြည့်လိုက်တာ ကောင်းတယ်။ ဟုတ်တယ်။

တောင်ပေါ်ကို တစ်ယောက်တည်းတက်ခဲ့တော့ တောင်ပေါ်မှာ တကယ်ပဲ ထူးခြားတာပဲ ။ ထူးခြားလွန်းလို့ ရက်တွေတောင်ကြာလာပြီ ။ ဘယ်လိုထူးခြားတယ် ဆိုတာတော့ ဘသာကိုမေးကြည့်မှ သိမှာပေါ့ ။ ဒါမှ မဟုတ်လည်း ကိုယ့်ဟာကိုယ်တက်ကြည့်ကြပေါ့ ။

စာ-၃၈ ( ကြွက်နဖား )

(ဦး)ဝင်းဖေ ( ဘရဖီ နှင့် အခြားဝတ္ထုတိုများ )

ကျနော့်သူငယ်ချင်း ပန်းချီ ရေးသူ ခဏခဏ ပြောတဲ့ စာပါ ။ ဘယ်လောက်ပြောသလဲဆို ကြားရတဲ့သူတောင် အလွတ်ရနေတယ် ။ သူပန်းချီ ကားတွေကို တင်ပြီးမှ နောက်ဆက်တွဲ အတွေးရလာလို့ ဒီ စာကို ရေးဖြစ်သွားပါတယ် ။ သူ ကျနော်ကို ဘယ်လိုဆုံးမတယ်ဆိုတာကို အရင် က ပေါ့ပေါ့ပါးပါး မှာ ရေးဖူးပါတယ် ။

ဒီဘဲက ကျနော် အမြင်တော့ စူပါမင်းပဲ ။ ဘယ်ပန်းချီကျောင်းမှ မတက်ဘဲ စာတွေဖတ် ။ ပုံတွေရေးပြီး အဲသလို ပုံတွေထွက်လာတာပေါ့ ။ တခါက ကျနော်တို့ နှစ်ယောက် ဆရာ (ဦး) မင်းဝေအောင် ရဲ့ နယူးထရပ်ရှာ ပြခန်းမှာ ပန်းချီပွဲ သွားကြည့်ရင်း သူနဲ့ သိတဲ့ ပန်းချီကျောင်းဆင်း ပန်းချီ ဆရာ တစ်ယောက်က သူ့ကို ဘယ်နှစ်က ကျောင်းဆင်းတာလဲ တဲ့။ ခင်ဗျားတိမ်တွေ ဆွဲတာ သိပ်မိုက်တယ် ။ ပန်းချီဆရာကြီး ----တိမ် ---( နာမည် မမှတ်မိတော့)ရဲ့ တပည့်လားလို့ မေးတယ် ။ သူက မဟုတ်ပါဘူးလို့ ပြန်ဖြေတော့ အဲဒီ ဆရာ က မယုံဘူး ။


ကျနော်နဲ့ ပတ်သက်ဖူးတာကို ပြန်ပြောရရင် သူ က တိမ်တွေကို ဆွဲ ခြင်တယ်ဆိုပြီး တိမ်တွေကို ထိုင်ထိုင်ကြည့်ပြီးကူးဆွဲတယ် ။ ဘယ်လောက် သူထိုင်ကြည့် သလဲတော့မသိဘူး ။ တခါကျတော့ ကျနော်ကို ပြောတယ် " ဟေ့ရောင် ငါမျက်စိထဲမှာ လင်း လင်းလက်လက်တွေ မြင်နေတယ်။ တီဗီ ဂိမ်းကို ကြာကြာ ကစားပြီးရင် ဖြစ်သလိုပဲ " တဲ့။ နောက် တစ်ခါတွေ့တော့ လက်ဖက်ရည်ဆိုင်က အပြန် မြောင်းထဲ ချော် ကြလို့တဲ့ ။သူ ဆေး ။ အရက် ဘာမှမသုံးစွဲထားပါဘူး။ မျက်စိ က ကောင်းကောင်းမမြင်ရတော့ ဒီဘဲ မူးနေမှာပေါ့ ။ အဲဒီ ကားတွေကို သူရေးနိုင်တဲ့ အချိန်မှာ အသက် က နှစ်ဆယ် ကျော်ကျော် ။ ကျနော်အတွက် တော့ အဲဒီ ကိစ္စဟာ ဆန်းတယ် ။ ကိုယ့်ဆရာတို့ ။

နောက် အခါခါပြောတဲ့စာက တော့

ဆရာ ပေါ်ဦးသက်ရဲ့

" တစ်ပင်တိုင် ပြပွဲမျိုးတွေိကို ခွင့်မပြုတဲ့ အကြောင်းကတော့ သူရဲကောင်းဆန်လို့လို့ ကိုယ်ကြားသိခဲ့ရတယ် ။ ဒီ သတင်းကို ကြားလိုက်ရတော့ ဖြစ်မှဖြစ်ရလေလို့ ကိုယ်ရင်ကိုယ်ခတ်ပြီး အံအားကြီးသင့်သွားခဲ့ရပါတယ် ။

အနုပညာဆိုတဲ့ နယ်မှာ သူရဲကောင်းဆန်ခြင်း ၊ မဆန်ခြင်းဆိုတာ မရှိပါဘူး ။ တကယ်လို့ ရှိတယ်ထားဦးတော့ တကယ့် အနုပညာ သမားတစ်ယောက်ဟာ သူရဲ့မွန်မြတ်တဲ့ စေတနာကို သူရဲကောင်းဆိုတဲ့ ဘွဲကလေးလောက်နဲ့ လဲနိုင်မှာမဟုတ်ပါဘူး ။ -------- ------------ ။ အနုပညာနဲ့ သူရဲကောင်းဆိုတာ တီကောင်နဲ့ နဂါးလို တခြားစီပါ ။ စာ-၃၁

နောက်ထပ် အနုပညာရဲ့ သဘောသဘာဝ တစ်ခုကလည်း အလိုအလျှောက်စီးဆင်းလာခြင်းသာလျှင်

ဖြစ်သတဲ့ ။

အဲ -- တချို့ ကျတော့ အသက်သာ သေသွားခဲ့ကြတယ် တစ်ကြိမ်မှ ပွင့်မသွားခဲ့ကြဘူး အချစ် ။ ဒီတော့ အချစ်က မေးလိမ့်မယ် ။"ဒီလောက် ခက်ခဲပြီး မရေရာတဲ့ အလုပ်ကြီးကို များ ဘာလို့ ကြိုးကြိုးစားစား လုပ်ချင်နေကြတာတုန်း " လို့ ။ အင်း --- ဒီမေးခွန်းနဲ့ ပတ်သက်လို့ ကိုယ့်မိတ်ဆွေ တောင်တက်သမားတစ်ဦး ဖြေသလိုပဲ ဖြေရပါလိမ့်မယ် ။ တစ်ခါက ကိုယ့် မိတ်ဆွေ တောင်တက်သမားတစ်ဦးကို ကိုယ်လဲ ဒီမေးခွန်းမျိုးတစ်ခု မေးကြည့်ခဲ့ဖူးတယ် ။ " ခင်ဗျားတို့ လူစားတွေဟာ ဘာမှ မရှိမှန်း သိနေတဲ့ တောင်ကြီး တွေပေါ်ကိုလဲမရမက အသက်စွန့်ပြီး ဘာလို့ တက်ချင်နေကြပါလိမ့် ။ " လို့ မေးတော့ မိတ်ဆွေက ဖြေတယ် ။ "လူဆိုတာ လုပ်စရာ ရှိနေခဲ့ရင်တော့ လုပ်ရမှာပဲ ။ ကျုပ်တို့မှာကလဲ တက်စရာကြီးက ရှိနေတော့ တက်ကြတာပါပဲ ။ "တဲ့ ။. ဒီ အဖြေကို ကိုယ်တော်တော် သဘောကျတယ် ။ ကိုယ်တို့လည်း ဒီအတိုင်းပဲ ဖြေရမှာပဲ ။ -----

အနုပညာ အကြောင်းကိုယ့် အကြောင်း(၂) စာ - ၃၃ ( ပေါ်ဦးသက် )

သူငယ်ချင်းရေးတဲ့ ရေဆေးပန်းချီကားများ (၂)


 
 

Things you can do from here:

 
 

No comments: