Saturday, September 1, 2007

ဆရာ ဦး ဆန်းလွင် ။ ဆရာ မောင်ဝဏ္ဏ (၂)

 
 

Sent to you by Andy Myint via Google Reader:

 
 

via Imaginary clouds no2 by imaginary clouds no2 on Jul 22, 2007

ထိုစာအုပ်၏ စာ ၂၆၇ တွင် ခွဲခြမ်းဝေဖန်ရေး ( ဝိဘဇ္ဇ) ဒဿန ပေါ်ပေါက်လာအောင် လမ်းခင်းရာမှာ ပထမ ခြေလှမ်းလို့ ယူဆရတဲ့ အတွေးအမြင် တစ်ခုကို စတင် မိတ်ဆက်ပေးပါတယ် ။ လက်ငင်း အကျိုးကြည့် ဝါဒ( paragmaticism) နှင့် တွေးခေါ်သူ အမေရိကန် ဒဿန ဆရာ Charles Sanders Peirce(1834-1914) William James, Dr John Deweyနှင့် တို့မှ စတင်ပြီး ထိုဝါဒ ၏ အခြေခံ သဘောတရားများကို ရှင်းလင်းပါတယ် ။

ဆရာ မောင်ဝဏ္ဏ ကလည်း အောက်ပါအတိုင်း မှတ်ချပြုပါတယ် ။

" အခု အနောက်တိုင်းက လူနေမူစနစ် နှင့် အတွေးအခေါ်တွေဟာ စရ်ဝက ဆန်နေပါတယ်။ Pragmaticism, Utilitarianism (လက်တွေ့၊ မျက်တွေ့) အသုံးချဝါဒ (ရုပ်ဝါဒ) စတာတွေဟာ "စာရ်ဝက" နဲ့ အခြေခံ သဘောနဲ့တူနေပါတယ် ။

"မြတ်စွာဘုရားဟာ ဓမ္မ စကြာနဲ့ အနတ္တ လက္ခဏာသုတ် တရားတော်ကို တရားဦးအဖြစ် ဘယ်သူကို ဟောမလဲ " ဟူ၍ ဆရာ မောင်ဝဏ္ဏက မေးခွန်းမေး၍ ဆက်လက် ဆင်ခြင်ပါတယ် ။

" ပထမ ဦးစွာ အာဋ္ဋရ နဲ့ ဥဒက ရသေ့သူတော်စင်ကြီး နှစ်ပါးလုံးဟာ ပျံလွန်တော်မူ ကုန်ပါပြီ ။ ထိုရသေ့ကြီး မြတ်ဗုဒ္ဓ သိတဲ့ နိဗ္ဗာနဓါတ် ( ဒုက္ခ အလုံးစုံ မှ လွတ်ခြင်းသဘော) ကို မသိပေမယ့် ဈာဉ် (တည်ကြည်ငြိမ်သက်မူ ) မှာ အဆင့် အမြင့် ဆုံးအထိ သဘောပေါက်ခဲ့ကြပါတယ် ။ နောက် ပဉ္စဝဂ္ဂီ ၊ မြတ်ဗုဒ္ဓ ဒုက္ကရ စရိယ ကို ကျင့်ကြံတုန်းမှာ ရေပူရေချမ်း ကမ်းလှမ်းရင်း ပြုစု စောင့်ရှောက်တော်မူခဲ့ပါတယ် ။ ထို ပဉ္စ ဝဂ္ဂီ ငါးပါးကို မြတ်ဗုဒ္ဓ တရားဦးဟောတော်မူခန်းကို ဆရာ မောင်ဝဏ္ဏ တင်ပြပုံမှာ အလွန်ပေါ့ပါးလှပါတယ် ။

" မဟာ ဗောဓိကနေ ၁၄၄ မိုင်ဝေးတဲ့ မိဂဒါဂုန်တောကို ခြေကျင်လျှောက်သွားပြီးရောက်တော့ ပဉ္စဝဂ္ဂီ တွေက လည်း မြတ်ဗုဒ္ဓ ကို ချက်ခြင်းမယုံသေးပါဘူး ။ အဲဒိ ပုဂ္ဂိုလ် တွေကိုလည်း လျော့တွက်လို့မရပါဘူး ။ အနှစ်သုံးဆယ်လောက် တောထွက်တရားကျင့်ခဲတဲ့ ပုဂ္ဂိုလ်တွေပါ။ မြတ်ဗုဒ္ဓ မိဂဒါဂုန်တောကို ကြွလာတော့ စ စခြင်းခေါ်ဝေါ် သုံးစွဲပုံက အာဝုသော (ငါ့ ရှင်) လို့ခေါ်တာပါ ။ တစ်တန်းတည်း ထားပြီး ဆက်ဆံတဲ့ သဘောပါ ။ ငြင်းခုန် တဲ့ အခါမှာလည်း အားမနာတမ်း ငြင်းလိမ့်မယ်လို့ ကျနော်ယုံပါတယ် ။ ( စာ-၆၀)


 
 

Things you can do from here:

 
 

No comments: