Saturday, September 1, 2007

"မြူ "

 
 

Sent to you by Andy Myint via Google Reader:

 
 

via Imaginary clouds no2 by imaginary clouds no2 on Jul 23, 2007

"မြူ "


သူဟာ နှစ်ပေါင်းနှစ်ဆယ် ကျော် သိမ်းဆည်းလာတဲ့

ချစ်ခြင်း မေတ္တာကို စက်ဘီးလေးပေါ်တင်ပြီး

မနက်စောစော

မြူတွေ ဆိုင်းဝေနေတဲ့ လမ်းကလေးထဲ

ခပ်အေးအေးပဲ တိုးဝင်သွားခဲ့တယ် ။


လှိုင်း တွေဟာ

အဲဒိ ကမ်းခြေလေးကို အဖျားတောင်မခတ်နိုင်ခဲ့ပါဘူး ။

တိမ်တွေရဲ့ တယောသံများက

သိပ်ကို ချိုမြိန်တာပေါ့ ။

ချစ်ခြင်းမေတ္တာနဲ့ ဒီ ပန်းချီကားကို

ဘယ်လို ဘောင်ကွပ်ရပ ။


အဖြေမှားတယ်

စဉ်းစားပုံကို ကြိုက်တယ် ဆိုတာမျိုးလား ၊

မိုး---ရေ

နက်ဖြန် မနက်လည်း

မြူတွေ ဝေ--

(ဝေနေမှာပါ ။ )






(KC , NT , yz , မိုး တို့ အတွက် ၊ မလျှောက်ခဲ့သော လမ်း ရဲ့ အငွေ့များပါခဲ့ရင် တုပတယ်လို့ ပဲ ယူပေးပါ )

မောင်တိန် ရေးသည် ။


 
 

Things you can do from here:

 
 

No comments: