Saturday, September 1, 2007

ခေတ်ပေါ်ကဗျာရဲ့ အကြောင်းအရာများ

 
 

Sent to you by Andy Myint via Google Reader:

 
 

via Imaginary clouds no2 by imaginary clouds no2 on Jul 08, 2007

ကဗျာဟာ အာရုံခံစားမူဖြစ်တယ်ဆိုတာကို ကျွန်တော် လက်ခံလို့မရပါဘူး ။

အာရုံ ခံစားမူဟာ အာရုံ ခံစားမူပါပဲ ။ ကဗျာ မဟုတ်ပါဘူး ။ အာရုံခံစားမူဟာ ကဗျာဖြစ်လာဖို့ စပျိုးပေးတာဖြစ်ရင်ဖြစ်မယ် ။ ကဗျာတော့ မဟုတ်ပါဘူး။ အဲဒီ အာရုံခံစားမူကို ဘာသာစကားနဲ့ ရှိသမျှ ကဗျာဗေဒနဲ့ ကြိုးစားပြုလုပ်မှ ကဗျာဆိုတဲ့ ပစ္စည်းတစ်ခုဖြစ်လာတာပါ၊ အာရုံ ခံစားမူ စတည်ခြင်းနှင့် ကဗျာ ဆိုတဲ့ ပစ္စည်း ဖြစ်လာခြင်းကြားမှာ ကဗျာ ဗေဒဆိုတာရှိနေပါတယ် ။

----

----

-----

များသောအားဖြင့် ကတော့ ဒီ အကြောင်းတွေပဲ ဖြစ်တာများပါတယ် ။

၁။ ရှားပါးခြင်း ။ ချို့တဲ့ခြင်း ၊ မညီမျှခြင်း

၂။ ပင်ပန်းနွမ်းနွယ်ရခြင်း ။ (စိတ်) ဖိစီးမူများခြင်း ။ ကင်းကွာခြင်း

၃။ ငြီးငွေ့ခြင်း ။ စိတ်ကုန်ခြင်း ။ ကုန်နေတဲ့စိတ်ကို မွေးရခြင်း ။

၎။ ကြိုးကိုင်ချယ်လှယ်ခြင်း ။ ဆုံးဖြတ်ပိုင်ခွင့်မရှိခြင်း ။

၅။ အစိတ်စိတ်အမွှာမွာဖြစ်ခြင်း ။ တစ်ခုတည်းစုစည်းမရခြင်း ။

ဒါဆိုရင် ခေတ်ပေါ်အာရုံခံစားမူဆိုတာ အထက်ပါ အကြောင်းအရာတစ်ခုခု ။ ဒါမှမဟုတ် တစ်ခုမက။ ဒါမှမဟုတ် အကုန်လုံးနဲ့များ ဆက်စပ်နေမလား စဉ်းစားကြည့်တာပါ ။ ခေတ်ပေါ် အာရုံခံစာမူဆိုတာဘာလဲ ။ ဒီကိစ္စဟာ အရေးကြီးတယ်လို့ ကျွန်တော်ထင်ပါတယ် ။ ခေတ်ပေါ် အာရုံခံစာမူဟာ ခေတ်ပေါ် ကဗျာ (ဖြစ်ရေး) အတွက် အရေးကြီးတယ်ဆိုရင်ပေါ့ ။

ခေတ်ပေါ်ကဗျာရဲ့ အကြောင်းအရာများ

ဇေယျာလင်း ။ စတိုင်သစ် (၂၀၀၅။ အမှတ် ၁၄၀ ။ မတ်လ )



 
 

Things you can do from here:

 
 

No comments: