Thursday, August 30, 2007

recovering from google reader

အိုအောင်

 
 

Sent to you by Andy Myint via Google Reader:

 
 

via Imaginary clouds no2 by imaginary clouds no2 on Jul 05, 2007



တစ်ရက်တော့ နိုင်းနိုင်(ပိတ်ကြီး) က ဗိုလ်ချော ( မောင်ချောနွယ်) ရောက်နေတယ် ၊ သွားတွေ့ရအောင်ဆိုပြီး သူ့ယောကျာ်းစီးဘီးကြီးနဲ့ ကျွန်တော်တို့ မန္တလေး ဂျီတီအိုင် ကျောင်းရှေ့က ဂျီတီအိုင် ကျောင်းသား တောင်တွင်းကြီးက ဇော်ဝင်းတင့်တို့ အဆောင်ဆီရောက် ၊ အဲဒီမှာ လောကဓံကြီးနဲ့ သောက်ဖော်စားဖက် ဆရာမောင်ချောနွယ်နဲ့ ပက်ပင်းတိုး ၊ ကိုချော က ကုတင်ပေါ်မှာ ဝမ်းလျားထိုးမှောက်ရင်း သူ့မှတ်စုစာအုပ်ထဲက ပုံကြမ်းအပိုင်းအစတွေကို ဈာန်နဲ့ ဟိုတစ်စ ဒီတစ်စ ဆွဲထုတ် ။ နတ်ပူးသလို ရွတ်ဖတ် ၊ ကျွန်တော်က လက်ရေးမြန်မြန်နဲ့ သူနုတ်တိုက်ချပေးသမျှ အမိအရလိုက်ရေး ။ လာနေပြီဖြစ်တဲ့ မီးပေါင်ပြည့်လာတဲ့ ဗိုလ်ချောက မိုးရွာကြီးထဲ သူ့ "ကဒက်" တွေကို သူ့နဝရတ်ရေစင် ဖြည့်ပေးဖို့ချော့မော့ဝယ်ခိုင်း ၊ ( အဲဒါဟာ ခုထိ ဘယ်မဂ္ဂဇင်းမှာမှ မဖေါ်ပြဖူးသေးတဲ့ ။ ပျောက်ဆုံးနေတဲ့ ကိုချောရဲ့ လူကြိုက်နည်းတဲ့ကောင် ( အပိုင်း ၂ )ရဲ့ ရာဇဝင်ပဲ ။


ပျဉ်းမနားမှာတော့ ကဗျာဆရာ ကိုမိုးကျော်အောင်တို့ရဲ့ "ပန်းရိုးမ" လက်ဖက်ရည်ဆိုင်ဟာ ကျွန်တော်အတွက် တော့ "နော်မန်ဒီ " ကမ်းခြေ ။အဲဒီဆိုင်မှာပဲ အစ်ကိုကြီးမောင်သင်းခိုင် ။ မောင်လေးမွန် ၊ ဇော် (ပျဉ်းမနား) ၊ကို အောင်သစ်ဝေ ၊ ကိုလိုင်းထက် ၊ ကျော်ဇောလင်း တို့နဲ့ ခင်မင်ရင်းနှီး ။ အစ်ကိုကြီးမောင်သင်းခိုင်ရဲ့ ဟောဒါ ရဲဘော် အိုအောင်ပဲ ဆိုတဲ့ စကားလေး တစ်ခွန်းကလည်း ကျွန်တော်အတွက်မေ့မရ ။

အစ်ကိုကြီးအောင်ချိမ့် ရဲ့ လက်ရေးနဲ့ ၊ အချို၏ အရသာ ကို သိ၍ မရှိမုန့်ကို တမ်းတသူများအကြောင်း ။ ရာသီဥတု ကောင်မွန်သောနေ့များအရောက် ၊ တစ်စစီ ကောက်ယူသိမ်းဆည်းပေးပါ " ဆိုတဲ့ ကဗျာတစ်စက ကျွန်တော်ရှေ့ဆက်ဖို့ အားတွေဖြစ်ခဲ့ပြီ ။


အိုအောင် ( ပင်လယ်များကိုဖြတ်သန်းခြင်း )ပိတောက်ပွင့်သစ် ၂၀၀၇


 
 

Things you can do from here:

 
 

စိတ္တနုပသနာ

 
 

Sent to you by Andy Myint via Google Reader:

 
 

via Imaginary clouds no2 by imaginary clouds no2 on Jul 01, 2007

အလုပ်ပိတ်ရက် မှာ မဟေသီ ဝယ်လို့ရတယ် ။ ဆရာ စည်သူငြိမ်း ရဲ့ကဗျာ (စိတ္တနုပသနာ) ကို ဒီမှာ သိမ်းထားချင်တယ်ဗျာ ။ ဇူလိုင်။၂၀၀၇ (မဟေသီ) ။ တဆက်တည်း ဆရာ ဦးသာနိုးရဲ့ တရားထိုင်တာနဲ့ ကဗျာဆရာ ကို ဖတ်နေတယ်ဗျာ ။ရွှေပါးစပ် ။ ငွေပါးစပ် ။ ဖတ်သူအတွေး ရေးသူအမြင် ။ တွေ စာအုပ်အနေနဲ့ ထွက်လာရင် မိုက်မယ် ။ တလောက အားလုံးသိပြီးဖြစ်တဲ့ ပရီဇင် ဘရိတ် ကို ငြိနေတယ် အဲဒီထဲမှာလဲ ကိုယ့်အလှည့်သူ့ အလှည့် ။ ယုံကြည်မူနဲ့ ပါတ်သက်တာတွေပါတယ်လို့ ထင်တယ်ကိုယ့်ဆရာတို့ ။ ဖန်တီးသူကို တော်တော် သဘောကျလေးစားနေတယ်ဗျာ ။ ယူ စီ အယ် အေ ကျောင်းထွက်လို့ ထင်ပါတယ် ။ မင်းသမီးတွေက လဲ ချောတယ်မဟုတ်လား ။ ( မင်းသားတွေကလဲ ချောပါတယ်---- ဟွန်း)

စိတ္တနုပသနာ

စိတ် က စိတ်ကို ဓါးနဲ့မွှန်းတယ်

စိတ် က စိတ်ကို စောင်ကြိုးညှင်းတယ်

စိတ် က အကြမ်းဖက် အဖွဲ့ အစည်းလို ထွက်လာပြီး

စိတ် က ငြိမ်းချမ်းရေးသမားလို စေ့စပ်တယ်

စိတ် က ဒွါရ ကိုးပေါက်နဲ့တင်မလောက်လို့ ထွက်ပေါက် အသစ်ရှာတယ်

စိတ် က ဘယ်မှ မထွက်ဘဲ စိတ်ထဲ လှည့်မွေနေတယ်

စိတ် က ကောင်မလေးတစ်ယောက်ရဲ့ ကောက်ကြောင်းအတိုင်းသွားပြီး

စိတ် က အနိစ္စမှတ်ပြန်တယ်

စိတ် က အကုန် ရလိုကြောင်းတောင်းတဲ့အခါ

စိတ် က အလို မဝကြောင်းပြန်ရတယ်

ဒေါသမျက်မှန် တစ်လက်ရတယ်

ကြမ်းတမ်းတဲ့ စကားတစ်စက်စက်ရတယ်

ငါသာမှန်ကြောင်း တောင်ဝှေးတစ်ချောင်းရတယ်

စိတ်က စိတ်ကို ကျောင်းလို့မရသေးသမျှမှာ

ဒုက္ခတရားက ရတနာတစ်ပါးလို နေသားတကျဖြစ်လို့ပေါ့ ။

စည်သူငြိမ်း


ဆရာ စည်သူငြိမ်း ကျန်ခဲ့တဲ့နှစ်များထဲက ရေးတဲ့ အာနာပါန ဆိုတဲ့ကဗျာကိုလဲ ကျနော်သဘောကျခဲ့တယ် ။ သိမ်းချင်တယ် ။ ကဗျာ ကျနော်မှာမရှိပါ ။ ဆရာ စိုးမြင့်သိန်း စိတ်ကို ဖမ်းတာနဲ့ ပါတ်သက်ပြီး ရေးတာကျနော်ကြိုက်တာရှိပါတယ် ။ အလွယ်တကူရှာမရဖြစ်နေပါတယ် ။ ဆရာမ "ဂျူး" ရဲ့ စာအုပ်ကို မဖြန့်ချီခင် ဆရာ စိုးမြင့်သိန်းက ဘာသာရေးနဲ့ပတ်သက်ပြီးတခုခုလုပ်ပေးတာကို ဆရာမ "ဂျူး" က "တကယ်သက်ဝင်ယုံကြည်လို့လုပ်တာလား" သဘောမျိုးမေးဖူးတယ်လို့ ကြားဖူးပါတယ် (မှားနိုင်ပါတယ် ကိုယ့်ဆရာတို့) ။ ဆရာ မောင်သာနိုး ဘာသာပြန် အဲလင်ဂင်းစဘာဂ် ရဲ့ "ကျုပ်ဘာကြောင့် ကမ္မဋ္ဌာန်းထိုင်ရသလဲ" ရဲ့ နောက်ဆုံးပိတ် နှစ်ကြောင်း က တော့ "ကျုပ် ထိုင်တာက ငါအဟောင်းရဲ့ အခွံထဲမှာကျုပ်ထိုင်တာက ကမ္ဘာ့ တော်လှန်ရေးအတွက်" ။ လေးစားရသော ဆရာ ဝင်းမင်းထွေးက လည်း " မီးကို ဆောင်ယူခဲ့သူဟာ အရင်ဆုံးမီးအလောင်ခံရသူဖြစ်တယ်" ဆိုတဲ့ ဆရာကြီး ဦးဂိုအင်ကာရဲ့ ဓမ္မစကားကို ကြားနာခွင့်ရဖို့ ကတော့ နှစ်ပေါင်းဆယ်စု ၂ ခုလောက်ကြာမြင်ပါဦးမယ် ။ လို့ ရေးဖူးပါတယ် ။ ဘာသာရေးဆိုတာ မရေးတာကောင်းတယ်လို့ ထင်ပါတယ် ။ အမှားပါခဲ့ရင် ခွင့်လွတ်ကြပါကုန် ။

.

 
 

Things you can do from here:

 
 

ဘဝတက္ကသိုလ်

 
 

Sent to you by Andy Myint via Google Reader:

 
 

via Imaginary clouds no2 by imaginary clouds no2 on Jul 15, 2007



ဆရာ မြ ၏ ဘဝတက္ကသိုလ် ကို ပြန်လည်ထုတ်ဝေတာကို ဖတ်ရပါတယ် ။ ကျနော် နဲ့ ------ တို့ နှစ်ယောက် ကျန်ခဲ့တဲ့နှစ်တွေထဲက ထိုစာအုပ်ကို လိုချင်လို့ ပန်းဆိုးတန်း အဟောင်းဆိုင်မှာရှာပါတယ် ။ တွေ့ပါတယ် ။ ၈၀၀၀ ။တောင်းပါတယ် ။ နှစ်ယောက်သား ဘဏ်ကို ဓါးပြတိုက်ခါနီး တိုင်ပင်သလို ပန်းဆိုးတန်းက လက်ဖက်ရည်ဆိုင်မှာ ထိုင်ပြီးတိုင်ပင်ပါတယ် ။ တချိန်တည်းမှာပဲ မူရင်းစာအုပ်ရဲ့ တတိယ တွဲကို ၂၀၀ ကျပ်နဲ့ ရပါတယ် ။


ဒါနဲ့ အဲဒီနေ့က မတိုက်တော့ဘဲ ပြန်လာခဲ့တယ် ။ နောက်နေ့ကျတော့ ဆုံးဖြတ်ချက်ချပြီး အဲဒီဆိုင်ကို ပြန်ရောက်ပါတယ် ။ ပိုင်ရှင်က ၁၀ ၀၀၀ ရမှရောင်းတော့မယ်ဆိုပြီး စကားတောင်ဆက်အပြောမခံတော့ပါ ။ သူက သေနတ်ကို ဆွဲထုတ်တော့မလို့ ။ ကျနော် အဆွဲမြန်လို့ပေါ့ ။ ဒီရောက်တော့ သူငယ်ချင်းတစ်ယောက် အဖေဆီမှာရှိပါတယ် သို့ပေမဲ့ ပတ်စပို့စ် ဒီပိုစစ်တင်ရမယ်လို ပြောပါတယ်( စတာနော် ကိုယ့်ဆရာ မကြိုက်ရင် ပြန်ဖျက်ပေးလိုက်ပါမယ့် ။) ။။ ဆရာမ "ဂျူး" ကလည်းသူရဲ့ အကြိုက်ဆုံးထဲက တစ်အုပ်လို့ ဆိုပါတယ် ကိုယ်ဆရာတို့။ (အမှတ်မှားတာတွေ ဖြစ်နိုင်ပါတယ် ။ စာမေးပွဲ အဖြေလွာပေါ်ဖြေတာမဟုတ်လို့ နုလုံးသွင်းကာ ကို----အတွက် အမှတ်တရပေါ့ဗျာ --)

အခုတော့ ဒီအချိန်တွေဟာ ပြန်မရနိုင်တော့ပါ ။



 
 

Things you can do from here:

 
 

ကိုက်လမ်း

 
 

Sent to you by Andy Myint via Google Reader:

 
 

via Imaginary clouds no2 by imaginary clouds no2 on Jun 29, 2007

ကိုက်လမ်း

ငါဟာ

ကမ္ဘာ ကြီးကို နားစွင့်ထားသူ ယုန်ကလေးပါ

နေ့စဉ် နေ့စဉ်

ငါ့ ဝပ်ကျင်းကလေးကနေ ငါ အစာရှာထွက်တိုင်း

သစ်ပင် မြက်ပင်ငယ်ကလေးတွေကို ကိုက်ကိုက်ပြီး

ငါထွက်လာခဲ့မြဲ

ခု---

လူနဲ့ ခွေးများ တောခြောက်ကြ

အပြေးအမြန် ငါ့ကိုက်လမ်းအတိုင်း ပြန်လာခဲ့ရာ

ပိုက်ထဲ

ငါ့ သစ္စာတရားဟာ ငါ့အသက်ကို ယူသွားကြပေါ့ ။



မောင်ချောနွယ်




 
 

Things you can do from here:

 
 

ဖော်ဝေးငှက်များ ပျံသန်းချိန်

 
 

Sent to you by Andy Myint via Google Reader:

 
 

via Imaginary clouds no2 by imaginary clouds no2 on Jun 29, 2007


သူကား ကဗျာကိုချစ်သူ ။ အနုပညာ ဖန်တီးရမှာ ရွံကြောက်သူ ။အလွမ်းကို ချစ်သူ ။ အချစ်ကို ချစ်သူ ။ အသစ်ကို မက်မောသူ ။ ပျင်းရိတတ်သူ ။ ပြိုင်ပွဲတွင် အနိုင်လိုချင်သူ ။ စိတ်အားငယ်တတ်သူ ။ ရန်ဖြစ်ရမှာကြောက်သူ ။ မိန်းမ၌ စိတ်ဝင်စားသူ ။ လူတွေကို ချစ်သူ ။ လူ့သဘာဝ၌ စိတ်ဝင်စားသူ ။ ဟိတ်ဟန်ကို မုန်းတီးသူ ။ လူ အထင်ကြီးခံလိုသူ ။ ထင်ပေါ်ကျော်ကြားချင်သူ ။ သံယောဇဉ် ကြီးတတ်သူ ။ ကြောက်ရွံတတ်သူ ။ မိုက်ရူးရဲဆန်ချင်သူ ။ ဝတ္တုရှည်ကြီးများရေးချင်သူ ။ မာက့် ဝါဒကို ယုံကြည်သူ ။ လဟာပြင်ကို ငေးမောရမှာ နှစ်ခြိုက်သူ ။ အကောင်းမြင်ဝါဒ ကို အားကျသူ ။ စံပယ်ပန်းကို အစွဲအလမ်းကြီးသူ ။ လပြည့်ညတွင်အိပ်မရသူ ။ စိတ်အတက်အကျမြန်သူ ။ ရင်ခုန်ဖွယ်ကို ရှာဖွေချင်သူ ။ တစ်နေ့ ထမင်း ၂ ထပ်စားလိုသူ ။ မကြာမကြာ လိမ်လည်တတ်သူ ၊ အကြောင်းမဲ့ အားနာတတ်သူ ။ နတ္တိ အမြင်ကို တိတ်တခိုး လက်ခံသူ ။ လူများရှေ့တွင် မနေတတ်သူ ။ မနာလိုစိတ်ရှိသူ ။

ဆင်ခြင်တုံတရားကို ဒေါသကြီးနေသူ ။ သူ့သက်တမ်းကို မုန်းသူ ။ သူဌေး မဖြစ်ချင်သူ ။ ပန်းချီဆွဲလိုသူ ။ နိမ့်ချစိတ်ရှိသူ ။ အမေ့ကို ချစ်သူ ။ အိပ်မက်ထဲမှာ မိန်းမတစ်ယောက်နှင့် လက်ထပ်လိုသူ။ သေရမှာ အလွန် အမင်း ကြောက်တတ်သူ ။ သူ ဘာမှ မသိသေးသော အရာတစ်ခုကို ကဗျာရေးမည်ဟု အမြဲ ကြံစည်နေသူ ။

ဖော်ဝေး ( ဖော်ဝေး၏ ၁၉၇၄ ဒိုင်ယာရီမှ )

ဖော်ဝေးငှက်များ ပျံသန်းချိန်


 
 

Things you can do from here:

 
 

နေမျိုး --( ကဗျာဆရာ ဝံပုလွေ )

 
 

Sent to you by Andy Myint via Google Reader:

 
 

via Imaginary clouds no2 by imaginary clouds no2 on Jun 29, 2007

ကဗျာတစ်ပုဒ်ထက် ကဗျာဆရာရဲ့ ဘဝဟာ နားလည်ရခက်တယ်လို့ ကျွန်တော်ပြောလိုက်ပါတယ် ။ ဒါပေမယ့် ကဗျာကို ခင်မင်ပါ ကဗျာကို တန်ဖိုးထားပါ ဖြစ်နိုင်ရင်ချစ်မြတ်နိုးပါ ။ သဘာဝကြီးရဲ့ အရသာကို ခံစားချင်ရင် မပွင့်သေးတဲ့ ပန်းကလေး တစ်ပွင့်အနားမှာ ငြိမ်ငြိမ်သက်သက်ရပ်နေပါ ။

မိုက်မဲမူရဲ့ အရသာကို ခံစားချင်ရင်တော့ အရက်ပြင်းပြင်းတစ်ခွက်လောက်သောက်ပါ ။

ရိုးသားမူကို ခံစားချင်ရင်တော့ ကဗျာတစ်ပုဒ်ကို ဖတ်ပါလေ ။

နေမျိုး --( ကဗျာဆရာ ဝံပုလွေ )





 
 

Things you can do from here:

 
 

ကဗျာဆရာရဲ့ အမှာ

 
 

Sent to you by Andy Myint via Google Reader:

 
 

via Imaginary clouds no2 by imaginary clouds no2 on Jun 28, 2007

ဘဝမှာ ရည်ရွယ်ချက်ရှိရှိနေထိုင်ဖို့ ရွေးချယ်စရာ ကြုံလာတဲ့အခါ ကဗျာကို ရွေးချယ်ခဲ့ပါတယ် ၊ ဘယ်လို အခြေအနေမျိုးပဲ ကြုံကြုံ ဒီရွေးချယ်မူဟာ မှားယွင်းတယ်လို့ သံသယတောင် မထင်ခဲ့ဘူးတဲ့ အတွက် ကိုယ့်ကိုယ်ကိုယ် အံလည်း အံသြ ၊ ပီတိလည်းဖြစ်မိပါတယ် ။ ကမ္ဘာပေါ်မှာ တချို့လူတွေက ရဲတိုက်ကြီးတွေ ၊ ကိုယ်ပိုင် ဂျက်လေယဉ်ပျံတွေ ၊ ရတနာတွင်းတွေ စပျစ်ချက် စက်ရုံ ကြီးတွေ ပိုင်ဆိုင်လို့ ။ ဒီလို မောက်မာ ကြကြေးဆိုရင် ကျွန်တော်လည်း ကဗျာ အနည်းအကျဉ်း ပိုင်ဆိုင်ခဲ့ပါတယ် ။ (သစ္စာနီ )




နောင် မြန်မာကဗျာကို ဖတ်တဲ့သူ။ လေ့လာ သူ၊ သင်ယူရတဲ့သူတွေ အတွက် "ခေတ်ပေါ်ကဗျာ " ဆိုတဲ့ ကိစ္စကို ချန်ထားခဲ့လို့ ရမှာ မဟုတ်တော့ပါဘူး ။ အဲဒါကို တွေးပြီး ကျွန်တော်ပျော်ပါတယ် ။

(မောင်ပြည့်မင်း)





 
 

Things you can do from here:

 
 

အံမောင် - လမင်းကြီး ထာဝစဉ် ထွန်းလင်းပါစေသတည်း

 
 

Sent to you by Andy Myint via Google Reader:

 
 

via Imaginary clouds no2 by imaginary clouds no2 on Jun 28, 2007


လမင်းကြီး ထာဝစဉ် ထွန်းလင်းပါစေသတည်း



အခုခေတ် " မြန်မာပြည်မှာ ကဗျာစာဆို တစ်ယောက်တည်းရှိတယ် ထင်တယ်ဗျာ။ ဆရာ မင်းသုဝဏ် " ဟု ကျွန်တော်က အလွန်ခင်မင်လေးစားသူ ကဗျာဆရာကြီး ဘုတလင် ချစ်လေးအား ၁၉၇၀ -၈၀ တဝိုက်ကပြောမိပါသည် ။

ကျွန်တော်စကား လွန်ကောင်းလွန်ပါမည် ။

သို့သော် သူစာတွေကကော ခင်ဗျားအတွက် ၊ ကျွန်တော်တို့အတွက် လရောင်လိုမအေးဘူးလား ။


စာ -၃၁ ( အံမောင် )

ရွှေလိုဝင်းတဲ့ မင်းသုဝဏ်


 
 

Things you can do from here:

 
 

အစိမ်းရင့်ရောင် ရက်စွဲများ

 
 

Sent to you by Andy Myint via Google Reader:

 
 

via Imaginary clouds no2 by imaginary clouds no2 on Jun 25, 2007

သူပြောတဲ့ စကားတစ်ခွန်းကြောင့် ကျွန်တော် ခေါင်းထောင်ကြည့်မိတယ် ။ မျက်လုံးလည်းကျယ်သွားတယ် ။

"ဆရာ စိုင်းခမ်းလိတ် က ကျွန်တော်ကို အော်တို ရေးခိုင်းတယ်ဗျ ။ "

"ဟာ ကွာ ။ မဟုတ်တာ ၊ မင်လည်းမင်းအလျောက်တော်မှန်း အားလုံးသိပါတယ် ။ ဒါပေမဲ့ ဆရာ စိုင်းခမ်းလိတ် က အော်တို ရေးခိုင်းလောက်အောင်တော့ မင်းမတော်ပါဘူကွာ ။ ငါကတော့ မယုံဘူး ။ မင်းသက်သက်ကြွားတာ ။ "

ကျွန်တော်က ရယ်ရယ်မောမော ခါးခါးသီးသီးပြန်ပြောမိတယ် ။



"ဟုတ်ပါတယ် အကိုရ ၊ ကျွန်တော် တကယ်ပြောတာပါ ။ ကျွန်တော် နန်းသီတာမှာဘီယာသောက်နေတုန်း လာရေးခိုင်းတာ ။ ကျွန်တော်လည်း " ဆရာ ကျွန်တော်ကို မနောက်ပါနဲ့ " လို့တောင်ပြန်ပြောသေးတယ် ။ ဆရာ က သူ့ အော်တို မဟုတ်ပါဘူးတဲ့ ။ သူ့သမီးလေး အော်တို လို့ ပြောပါတယ် ။ သူ့သမီး အတွက်ရေးခိုင်းတာပါ ။ "

ဒီတော့မှ ကျွန်တော်က စိုင်းထီးဆိုင်ဆိုတဲ့ " အဆိုတော်တွေ လက်မှတ်ထိုးဖို့သူရဲ့ အော်တိုပါး" ဆိုတဲ့ ဆရာ့သီချင်းကို သတိရသွားပြီး

" အော် ---ဒါဆိုရင်တော့ ဟုတ်မယ် ။ မင်းပြောတာ ငါယုံတယ် ။ ကဲ လုပ်ပါဦး ။ မင်းကဘာတွေများကြီးကြီးကျယ်ကျယ် ဆိုဆုံးမပြီးရေးပေးလိုက်သလဲ ။"

" ကျွန်တော်က "ကြွေနေတဲ့ ပန်းကလေးများလိုက်ကောက်ခြင်းမှာ ကျေနပ်မူ အပြည့်အဝရတဲ့ ချစ်သမီးလေးရေ ---။ ဒီလိုသာ အမြဲရောင့်ရဲနေတတ်ရင် ဘယ်လောက်ကောင်းမလဲ" ဆိုတဲ့ ဆရာရဲ့ "နမ်းခမ်းနွဲ့ " အတွက် သီချင်းတစ်ပုဒ်ကို အစအဆုံးတစ်လုံးမကျန် ရေးပြီး လက်မှတ်ထိုးပေးလိုက်တယ် ။ "

"ကဲ မှတ်ကရော ကျက်သရေ ရှိလိုက်တာ "လို့ ကျွန်တော် ပါးစပ်က လွတ်ကနဲ ထွက်သွားမိတယ် ။

စာ -၃၂

အစိမ်းရင့်ရောင် ရက်စွဲများ ( ထူးအိမ်သင် ကွယ်လွန်ခြင်း အမှတ်တရ)



 
 

Things you can do from here:

 
 

ပရီဇင် ဘရိတ်

 
 

Sent to you by Andy Myint via Google Reader:

 
 

via Imaginary clouds no2 by imaginary clouds no2 on Jun 30, 2007


ပရီဇင် ဘရိတ် ကို ကြည့်ရင်း လျှပ်စစ်နှင့် သေဒဏ်ပေးရာတွင် အေစီ ကို သုံးမှာလား ဒီစီ ကို သုံးမှာလား ဆိုသော အကြောင်းအရာနှင့် ပတ်သက်၍ ဆရာမောင်သာမည ဘာသာပြန်သော အက်ဆေးကို သတိရမိပါတယ် ။ ဒီ ဇာတ်လမ်းတွဲကို ကျနော်သဘောကျနေတယ် ။ ကြည့်ဖြစ်သွားအောင် ရှင်းပြတဲ့ ဖုန်းဖုန်း အကြောင်းလဲ ပြောဖြစ်တယ် ။ စိတ်ညစ်စရာတွေဆိုခဲ့သည့်တိုင်အောင် ရင်ခုန်နိုင် ။ သည်းထိတ်ရင်ဖို ဖြစ်အောင် ရိုက်ပြတာက မိုက်နေတယ် ။ အမြဲတမ်းစိတ်ညစ်နေရရင် ဘယ်မိုက်မလဲ ။စကားပြောခန်းတွေကလဲ ဂေါ်တယ် ။ ကြိုက်တဲ့ စာသားတွေ အများကြီးထဲက တစ်ခုကတော့


You just have a little faith.


ကို သန့ှ်ဇင်အောင် (@)

အမှန်တိုင်း ပြောရရင် ကျနော်လည်း first season ကို ကြည့်နေတဲ့ ရက်ပိုင်းတွေ ကျောင်းဝင်း ထဲမှာ လမ်းလျှောက်ရင် မြောင်းဖုံးကို ရှောင်ရှောင်ပြီး လျှောက်မိတယ်၊ မတော်လို့ အောက်ကနေ လက်ချောင်း ထွက်လာရင် တက်နင်း မိမှာ စိုးတယ်လေ၊ ကျောင်းဖောက် ပြေးမယ့်ကောင် မရှိဘူးလို့ မပြောနိုင်ဘူး မှတ်လား


 
 

Things you can do from here:

 
 

ပန်းချီဆရာ (ဦး) မုတ်သုန်

 
 

Sent to you by Andy Myint via Google Reader:

 
 

via Imaginary clouds no2 by imaginary clouds no2 on Jun 25, 2007


တိုင်းသိပြည်သိ ပန်းချီဆရာ (ဦး) မုတ်သုန် အကြောင်း ရေးချင်နေပါတယ် ။ ကဗျာဖတ်သူဟာ ကဗျာဆရာ တစ်ပိုင်းဖြစ်နေတတ်ပါတယ် ဆိုတဲ့ စကားကို ကျနော် ကြားဖူးပါတယ် ။၉၄ ။၉၅ လောက် က မြန်မာ့ သတင်းစာမှာ ပန်းချီဆရာ (ဦး) မုတ်သုန် ရဲ့ ပန်းချီပြပွဲ ကြော်ငြာ ကို တွေ့ဖူးပါတယ် ။ ပန်းချီဆရာ ရဲ့ ပုံကို ရေးချက်နည်းနည်းနဲ့ ဖော်ပြထားတဲ့ ကြော်ငြာ ဟာ ကျနော်ကို တော်တော်ဖမ်းစားခဲ့ပါတယ် ။ နောက် သူရဲ့ ကဗျာ သရုပ်ဖော်ပုံတွေဟာ အတော်ကို မိုက်တာပဲ ။


တစ်လကို ကဗျာ ၁၂ ပုဒ်ပဲ ပုံမှန်ဖတ်ပြီးရေးခဲ့တယ်ထား သူရဲ့ ကဗျာ ဖြတ်သန်းမူ အတွေ့အကြုံဟာ မနည်းလှပေဘူး ။ တစ်ခါတစ်ခါ ကဗျာဆိုတာ ဖတ်ပါများမှ ခံစားနားလည် ကြားယောင်လာတယ်လို့လဲ ဆိုကြတယ် မဟုတ်လား ။

နောက် စာအုပ် အဖုံးများ " သုခမြို့တော် " ပထမ အကြိမ် ။ ဒုတိယ အကြိမ် ။ မှာ ရေးထားတဲ့ ပန်းချီတွေကလည်း ကျနော်ကို အတော်ဖမ်းစားစေတယ် ။ နောက် ဆရာကြီး ရွှေဥဒေါင်း ။ ကဗျာ ၁၂ ပုဒ် ( အောင်ချိမ့်) ။ နောက်ပိုင်း ကဗျာ စာအုပ်ဆို ပန်းချီဆရာ (ဦး) မုတ်သုန် ပဲ ဖြစ်လာတယ်လို့ ကျနော်မြင်တယ် ။ မန္တလေးကို ရွှေမြင်းလည်းနဲ့လည် အဖုံး ။ သူရဲ့ သမင် ၊ မြင်း ၊ ဇော်ဂျီ ။ ရသေ့ ။ ဘုရားမျက်နှာတော် ။ သစ်ပင် ။ နဂါး ။ ဆင် ။ ကျား ။ မြန်မာပြည် အမှတ်တရ တီရှပ်တွေပေါ်က သူရေးဟန်တွေက မြန်မာမူ ။ မြန်မာဟန်ကို ကိုယ်ပိုင်ဟန်တစ်ခုနဲ့ ပိုင်ပိုင်နိုင်နိုင်ရေးထားပုံ တွေဟာ ကျနော်ကို အတော် စွဲလန်းစေတယ် ။ ကဗျာတစ်ပုဒ်ကို သရုပ်ဖော်ပုံ ဆွဲတယ်ဆို တာ ဘယ်လို ခက်မှန်း ကိုယ်တွေ့ ကြုံမှသိပါတယ်။


 
 

Things you can do from here:

 
 

sketch

 
 

Sent to you by Andy Myint via Google Reader:

 
 

via Imaginary clouds no2 by imaginary clouds no2 on Jul 11, 2007












 
 

Things you can do from here:

 
 

ကိုမိုးတိမ် နှင့် IMAGINARY CLOUDS NO 2

 
 

Sent to you by Andy Myint via Google Reader:

 
 

via Imaginary clouds no2 by imaginary clouds no2 on Jun 23, 2007

ကို မိုးတိမ် ဆို တဲ့ အ မည်နဲ့ ဘလော့ ဂါ တစ်ယောက်ရှိပါတယ်။

ဒီည ဟိုသွားဒီသွားသွားရင်းတွေ့မိတာပါ။ ကျ နော် သတိပြုမိတာကိုြေ့ပာချင်တာပါ။ ကျ နော် သတိပြုမိတာကိုြေ့ပာချင်တာပါ ကျနော် ဘလော့ကို ဒီလို နာမည်ကို ဒီလို ဒိုက်ရိုက်ကူးချထားပါတယ် ၊ imaginary homelands by salman rushdie ဆို သော ခေါင်းစီးကို သဘောကျလို့ imaginary clouds လို့ တုပပြီး ပေးထားပါတယ်။ ။ကျနော် ကူးချထားတာကိုပြောချင်တာပါ ကိုယ့်ဆရာတီု့.။




 
 

Things you can do from here:

 
 

ဘယ်မှာလဲ သူလို ကိုယ်လို မောင်ဝဏ္ဏ

 
 

Sent to you by Andy Myint via Google Reader:

 
 

via Imaginary clouds no2 by imaginary clouds no2 on Jun 21, 2007

မြင့်သန်း (ချင်းတွင်း ၊ ၁၃ ။ ဖေဖော်ဝါရီ ၊၀၇)

ဘယ်မှာလဲ သူလို ကိုယ်လို မောင်ဝဏ္ဏ




"သူလို ကိုယ်လို(လူ)" ဆိုတာ တကယ့် ဘဝထဲမှာ မရှိပါဘူး ။ နေ့စဉ်ဘဝထဲမှာ တကယ်ရှိနေတာက တူညီမူမရှိတဲ့ သီးခြားပုဂ္ဂိုလ်တွေချည်းပဲ ။ မတူညီကြခြင်းသည်ပင်လျှင် လူရဲ့ ဂုဏ်ရည်တစ်ရပ်ပဲ ။ ပိုပြီးအရေးကြီးတဲ့ အချက်တစ်ခုက လူဆိုတာ ရပ်တန့် မနေတတ်ဘူး ။ စက္ကန့်တိုင်း မိနစ်တိုင်းမှာ ပြောင်းလဲနေရုံမကဘူး ။ လက်ဖျစ် တစ်တွက်အထဲမှာတောင် အမျိုးမျိုးပြောင်းနေတာပဲ ၊၊ ဒါကြောင့်လည်း လူတော် ၊ လူညံ ၊ လူမွဲ ၊ လူချမ်းသာ ၊ ဆိုပြီး အမျိုးမျိုးရှိနေတာပဲ ။ ဒီတော့လည်း နေ့စဉ်ဘဝထဲမှတော့ လူတိုင်းဟာ သူလို ကိုယ်လို မဟုတ်တဲ့ လူတွေချည်းပဲ ။ သူ့ ကိုယ်ပိုင် ဂုဏ်ရည်နဲ့ ရပ်တည်နေကြတဲ့ လူတွေချည်းပဲ ။ ----

အန်ကယ် ကြီး မောင်ဝဏ္ဏရေးတဲ့ " သူလို ကိုယ်လို မောင်ဝဏ္ဏ " ဆိုတဲ့ အပိုင်းကိုပြန်သွားရရင် တကယ့်နေစဉ် ဘဝထဲမှာတော့ " သူလို ကိုယ်လို မောင်ဝဏ္ဏ " ကို သွားရှာလို့ တွေ့မှာမဟုတ်ဘူး ၊ နိုင်ငံကျော် စာရေးဆရာ ဒါရိုက်တာ (ဦး)သာဓု ရဲ့သား ၊ တိုင်းကျော်ပြည်ကျော် စာရေးဆရာ ၊ ရုပ်ရှင်ဒါရိုက်တာ မောင်ဝဏ္ဏ ။ ပရိတ်ရည်ကို သာ သောက်တော့သည့်မောင်ဝဏ္ဏ စတဲ့ ဂုဏ်ရည်များကို ပိုင်ဆိုင်တဲ့ မောင်ဝဏ္ဏ ကိုပဲ တွေ့ရလိမ့်မယ် ။ သွားရင်းလာရင်း လမ်းမှာ အဲဒီမောင်ဝဏ္ဏနဲ့ တိုးခဲ့ရင်ဖြင့် သူလိုကိုယ်လို မဟုတ်တဲ့ မောင်ဝဏ္ဏလို့ မှတ်ပါ ။ မောင်ဝဏ္ဏ စစ်စစ်ပါ ။ အသက်နဲ့ ကိုယ်မြဲနေ သေးတဲ့ တကယ့် မောင်ဝဏ္ဏပါ ။ " သူလို ကိုယ်လို မောင်ဝဏ္ဏ " ဆိုတာက တော့ ချင်းတွင်းမဂ္ဂဇင်းပေါ်က စာမျက်နှာတွေပေါ်မှာ သူလိုကိုယ်လို မောင်ဝဏ္ဏ က ဖန်တီးတည်ဆောက်ပြထားတဲ့ စာလုံးပါပဲ ။




 
 

Things you can do from here:

 
 

ဘောင်းဘီဝတ်မိုးတိမ်ကို သွေးကြောထဲထိုးသွင်းပြီး

 
 

Sent to you by Andy Myint via Google Reader:

 
 

via Imaginary clouds no2 by imaginary clouds no2 on Jun 20, 2007




ဘောင်းဘီဝတ်မိုးတိမ်ကို သွေးကြောထဲထိုးသွင်းပြီး ----


 
 

Things you can do from here:

 
 

(ပေါ်ဦးသက်)

 
 

Sent to you by Andy Myint via Google Reader:

 
 

via Imaginary clouds no2 by imaginary clouds no2 on Jun 20, 2007


အတွေးစများ

က- အရင် ကမြင်တာကို ရေးခြင်းဟာ အနုပညာ

ခ - အခု ထင်တာကို ရေးခြင်းဟာ အနုပညာ

က- အရင် က Techniqueကျွမ်းကျင်မူက အဓိက

ခ- အခု Idea အတွေးအခေါ်က အဓိက

အမြင်နဲ့ Technique ပိုင်းဆိုင်ရာ နောက်ရောက်သွားခြင်းဟာ သိပ္ပံ ပညာ အစားဝင်လာလို့ ။ အရင် က မမြင်နိုင်တာကို ကျွမ်းကျင်မူသက်နဲ့သာ ရနိုင်တာကို အခု သိပ္ပံ နည်းနဲ့ အလွယ်တကူမြင်နိုင် ။ ရနိုင်ပြီ ။ ဒါကြောင့် သူတို့ ဟာ နောက်ရောက်သွားခြင်းဖြစ်တယ် ။

စာ -၈၈ (ပေါ်ဦးသက်)


 
 

Things you can do from here:

 
 

အို ဘာတဲ့ " ပေါ့ ပေါ့ ပါး ပါး "

 
 

Sent to you by Andy Myint via Google Reader:

 
 

via Imaginary clouds no2 by imaginary clouds no2 on Jun 19, 2007


တစ်ခါတစ်ရံ တွင်ဤ ကဲ့သို့ ကြုံဖူးပါတယ် ။ ကျနော် ပန်းချီကို သေသေချာချာ ဆရာနှင့် သင်ခွင့်မကြုံပါ။ အထက်တန်းကျောင်းတုန်းက တစ်ပတ်ကို တစ်ကြိမ် ပန်းချီဆရာ က ပန်းချီဆွဲနည်းသင်တယ် ။ နောက် ကာယ တစ်ချိန်ပါတယ်။ ထိုတုန်းက တန်ဖိုးကို မသိ ယခု ကျနော် ရေးခြင်လာတယ် ။ ဟို စာအုပ် ဖတ်။ ဒီ ပန်းချီ ဆရာ ရေးတာ ဖတ် ( ဦး) ပေါ်ဦးသက် ။ ( ဦး) ခင်မောင်ရင် ။( ဦး)အောင်ခင်။ ( ဦး) ဝင်းဖေမြင့် စသဖြင့် ။။ နောက် ကျနော် သူငယ်ချင်း ပန်းချီဆရာ ။ နောက် ထုံးစံ အတိုင်း ပန်းချီ ကားတွေကို ကူးဆွဲတာပေါ့ ။ ပုံကို မတူတူအောင် ဆွဲတာပေါ့ ၊ ခုနက ပြောတဲ့ သူငယ်ချင်း ပန်းချီဆရာ က ဘယ်သူမှ မသင်ဘဲ သူများရေးတာတွေလိုက်ကြည့် ။ လိုက်ဆွဲ ။ စာတွေဖတ် ပြီး ။ ဓါတ်အောင်သွားခဲ့တော့ သူက ပြောတယ် တချိန်ကျ ရသွားလိမ့်မယ။် ။ပေါ့ပေါ့ပါးပါးလုပ်တဲ့။ သူခဏခဏပြောတဲ့ ဝတ္ထုတို နှစ်ပုဒ်က

ဦးဝင်းဖေ ရဲ့"ကြွက်နဖား" နဲ့ "လွယ်ပါ့မလား"ပဲ ။ ကိုယ်လည်း ကြိုက်တဲ့ကားတွေကို တနေ့ တူမှာပဲဆိုပြီး ကူးဆွဲတယ်ပေါ့ဗျာ ။ ကျန်ခဲ့တဲ့ လတွေကတော့ ဦးကြီးမြင့်စော ကားတွေ ။ နေရောင်တွေကို တော်တော်ငြိနေတယ်ဗျာ။ သူကလဲကိုယ်ဘာသာလေ့လာတဲ့သူတစ်ယောက်လို့ပြောတယ် ။ ပြောသလောက် ဘယ်လွယ်မလဲ ။ ပါရမီ လို့ ကျနော်က ပြောတော့ (အထပ်ထပ် လုပ်ခြင်းတဲ့) ။ သိပ်မရဘူးဆိုတော့ ( ပါရမီ ရှိတဲ့သူက ၁၀၀ ရရင် မရှိသူက ၇၀ ၊၈၀ ဆိုတာ မနည်းပါဘူးဆိုတဲ့ ဦးဝင်းဖေ စကားကို ကိုးကားတယ်ဗျာ)။

ဦး မုတ်သုန် ရဲ့ အတွေးတွေကို သဘောကျတယ်ဗျာ ။ အထူးသဖြင့် ကဗျာသရုပ်ဖော်ပုံတွေကို ။ နောက်တော့ မတူတဲ့အခါ ကြရင် ပေါ့ပေါ့ပါးပါးပဲ တီးပစ်လိုက်တယ် ။ ဦးပေါ်ဦးသက်ကလဲ ပြောဖူးတာကိုး ဒါပေမယ် သူတို့တတွေဟာ အခြေခံ အလွန်ကောင်းအောင်လုပ်ထားတော့့ အထူးတလည်စဉ်းစားစရာ မလိုတာလို့ ထင်တယ် ။ ပေါ့ ပေါ့ ပါး ပါး ( ပ တွေချည်းပဲ ) ခက်တာက ကိုယ်က လိုက်မလုပ်နိုင်တာဖြစ်နေတယ် ။

တခါတလေ ဝတ္ထူုူုတို တွေကို ဖတ်တဲ့အခါ သူကတော့ ရေးနေတုန်း ဘယ်လိုနေတယ်မသိ ။ ကိုယ် ကတော့ ပေါ့ပါးနေလိုက်တာ ။ အထူသဖြင့်( ပိုင်စိုးဝေ ။ " မနောမြေ ကချင်လွယ်အိတ် နှင့် နစ်ရှေး၏ အံသွားတစ်ချောင်း " ကျော်စွာထက် ၏ိ ဝတ္ထူုူုတို ၂ နှင့် ၃ ထဲ က ဝတ္ထူုူုတို တွေ .။ ကိုငြိမ်း ၏ " ဂျင်းဘောင်ဘီရောင် တိမ်မျောများ"။) ကို ကျနော်တော်တော် ကြိုက်တယ်ဗျာ ။ သူရေးနေတုန်းက ဘယ်လို ပေါ့နေမလဲလို့ တောင် တွေးကြည့်မိသေးတယ် ။ ကျနော်ပြောချင်တာက ကျနော် ဘယ်လို ပေါ့ပေါ့ပါးပါး နဲ့  ကောင်းတာတွေကို ရအောင်လုပ်မလဲ ဆိုတာကို ကျနော်ဘာသာတွေးမိရင်း ငယ်သူငယ်ချင်း ပန်းချီဆရာကို သတိရပြီး အမှတ်တရ ရေးတယ် ။ ပေါချောင်ကောင်းတော့ မဟုတ်ရပါဘူး


 
 

Things you can do from here:

 
 

19-june ---in my place ---birthday wish

 
 

Sent to you by Andy Myint via Google Reader:

 
 

via Imaginary clouds no2 by imaginary clouds no2 on Jun 19, 2007


in my place / coldplay


Chords :
A (X02220)
A7 (X02120)
C#7 (446654)
E (022100)
D (XX0232)
(play intro 4x)
E---12-12--9----9----9-----12-12--9----9----9----B------------12---12----------------12---12------G------------------------------------------------D------------------------------------------------A------------------------------------------------E------------------------------------------------

Intro : A A7 C#7 E
Verse:
A A7
In my place
C#7
In my place
E A
Were lines that I couldn't change
A7 C#7 E A
I was lost, oh yeah
A A7
I was lost
C#7
I was lost
E A
Crossed lines I shouldn't of crossed
A7 C#7 E D
I was lost, oh yeah
Chorus:
D A E D
Yeah__, how long must you wait for him?
A E D
Yeah__, how long must you pay for him?
A E D
Yeah__, how long must you wait for him?
E
Oh for him
(play intro twice)
I was scared
I was scared
Tired and underprepared
But I'll wait for it
If you go If you go
And leave me down here on my own
Then I'll wait for you
Yeah__, how long must you wait for him?
Yeah__, how long must you pay for him?
Yeah__, how long must you wait for him?
(Repeat Intro 4x and then continue through the next verse)
Singin' please, please, please Come back and sing to me, to me, me Come on and sing it
out, now, now

Happy birthday Daw Aung San Su Kyi

 
 

Things you can do from here:

 
 

နန္ဒာသိန်းဇံ

 
 

Sent to you by Andy Myint via Google Reader:

 
 

via Imaginary clouds no2 by imaginary clouds no2 on Jun 18, 2007

ဘဝ အဓိပ္ပါယ် နှင့် ဘဝ သစ္စာ ( နန္ဒာသိန်းဇံ )

မာ့က်စ် မျှော်လင့်သော လူ့ အဖွဲ့ အစည်းမျိုးသို့ ရောက်ရှိသည်ပင်ထားပါဦး ။ ထို အဖွဲ့အစည်၌ ဖြစ်ရသော ဘဝကို အဆုံးစွန်သောဘဝ ၊ ပြည့်စုံသော ဘဝဖြစ်ပြီဟု လူသည်ထင်မြင်ကျေနပ်ခြင်း ရှိကောင်းမှရှိပေလိမ့်မည် ။ အဘယ်ကြောင့်ဆိုသော် လူဆိုသည်မှာ ပင်ကို အနုသယအားဖြင့် ရှိနေသော လောဘ ၊ ဒေါသ ၊ မောဟ တရားတို့ကြောင့် မည်သည့်အခါမျှ ကျေနပ်ရောင့်ရဲတတ်သည့် သတ္တဝါ မဟုတ်သောကြောင့်ပင်တည်း ။ စာ-၃၇


အခန်း ၇ (စာ -၈၇)

"ဇင်" သည် ကိုယ်တွေ့ ကျင့်စဉ်သက်သက်မျှသာ ဖြစ်၏ ။
ဇင်၌ ဆွေးနွေးလေ့လာ သင်ယူရန် ကျမ်းဂန်များလည်းမရှို ။ သုတ္တန် ၊ အဘိဓမ္မာ စသည့်တရားများလည်းမရှိချေ ။ လူအများနားလည်ရန် " ဇင်ဝါဒ" ဟူ၍လည်းကောင်း၊ "ဇင် ဗုဒ္ဓဘာသာ " ဟူ၍ လည်းကောင်း ခေါ်ဝေါ်သုံးနုန်းရသော်လည်း စင်စစ် ဇင် ဝါဒကို တစ်စုံ တစ်ရာ ပညတ် သတ်၍ ခေါ်ဝေါ်နိုင်ခြင်းမရှိချေ ။-----စာ -၈၇


သို့ဖြစ်၍ ရှေူးအခါက ဇင်ဆရာတော်ကြီးများအား "ဇင် ဟူသည် မှာ အဘယ်နည်း"
ဟု မေးလျှောက်သော အခါ ဆရာတော်ကြီးများသည် မည်သို့မျှ ပြန်၍ ဖြေတော် မမူလဘဲ တိတ်ဆိတ်နေတတ်ကြ၏ ၊ အချို့ ဇင် ဆရာတော်ကြီးများကမူ ထို အမေးနှင့် ကြုံ သောအခါ မဆီမဆိုင်သော အကြောင်းများကို ပြော၍ အဖြေပေးတတ်ကြ၏ ၊ ထိုသို့ ဆိတ်ဆိတ်နေခြင်း ။ မဆီမဆိုင် အဖြေပေးခြင်းတို့၏ ရည်ရွယ်ချက်မှာ လောက ဝေါဟာရ တို့ဖြင့် ပညတ်တပ်၍ဖြေပါက ဇင်၏ပကတိ အနှစ်သာရ ၊ ပကတိအဓိပ္ပာယ် နှင့် လွဲ ချော်သွားနိုင်သောကြောင့်ဖြစ်၏ ၊




ကျွန်ုပ်တို့ သောကရောက်ခြင်း ၊ တွေဝေခြင်း ၊ လေးကန်ခြင်း ၊ စိတ်ပျက် အားလျှော့ခြင်းတို့မှာ စင်စစ် အတိတ်အနာဂတ်ဆီသို့ စိတ်သည်ပျံလွင့်ရောက်ရှိနေ၍ ထိုအတိတ် ၊ အနာဂတ် အတွက် စဉ်းစားချိန် ၊ တွေးခေါ်ချိန် ၊ စတ်၏ အလုပ်လုပ်ချိန် ရသောကြောင့်ပင်တည်း ။

စာ-၉၀


တစ်ခါက ဇင်ရဟန်းနှစ်ပါး သည် လမ်းလျှောက်ကြရာ လမ်းတွင်မြောင်းတစ်ခုကို အကျော်ခက်နေသော မိန်းမရွယ် တစ်ဦးကို တွေ့ကြ၏ ။ ထိုအခါ တစ်ပါးသော ရဟန်းက ထို မိန်းကလေးအား ပွေ့ချီ၍ မြောင်းတစ်ဘက်သို့ ပို့လိုက်ပြီးနောက် အဖော်ရဟန်းနှင့် အတူ ဆက်လက် လမ်းလျှောက်လာသည် ။ ဤ တွင် အဖော်ရဟန်းက မြောင်းတစ်ဘက်သို့ မိန်းကလေးအား ပို့ခဲ့သောရဟန်းအား.....

" သင့်၌ အပြစ်ရှိချေပြီ " ဟု ပြောရာ မိန်းကလေးအား ကူညီခဲ့သောရဟန်းက ....

" သင် က ယခုတိုင် မိန်းကလေးကို (သင့် စိတ်၌ ) သယ်ဆောင်၍ ယူလာတုန်းလော" ဟု မေးလိုက်လေသည် ။ စာ-၉၂


 
 

Things you can do from here:

 
 

ဆိုကရာတဲစ် ကနေ ဇော်ဂျီ မင်းသုဝဏ်

 
 

Sent to you by Andy Myint via Google Reader:

 
 

via Imaginary clouds no2 by imaginary clouds no2 on Jun 19, 2007

ကျနော် အတွေးအမြင်ကို မဖတ်နိုင်တာ တော်တော်ကြီးကိုကြာခဲ့ပါပြီ ။ ရန်ကုန်မှာတုန်းကလဲ အမြဲမဖတ်ပါဘူး ၊ မဖတ်တာများပါတယ် ။

ဟိုလှန် ဒီလှန်ပါပဲ ။မော်ဒယ်ပုံတွေမှ မပါတာ ။ တနေ့ က ဇွန် ။၀၇ ကို ရလာလို့ ဖတ်ဖို့ခွန်အားလဲ ရှိနေတာကြောင့် ဆရာ ဦးသာနိုးရဲ့ ဆောင်းပါးကို စဖတ်လိုက်တာနဲ့ပဲ ---။ ဒါနဲ့ ကြိုက်လို့ ပြန်ကူးပြီး စိတ်ဝင်စားသူများကို ရှယ်ပါတယ် ။ ဆောင်ပါးက ဆရာ ဦးမြင့်ဇံ ရေးတဲ့ အားမန်သစ်စာပေထုတ် " ဆော့ ခရိတ္တ ရဲ့ တရားခွင်တစ်ကျော့ နဲ့ အခြားဆောင်းပါးများ"စာအုပ်နဲ့ ပါတ်သက်တဲ့ဆောင်းပါးပါ ။

အပြည့်အစုံဖတ်မှကောင်းမယ့်ဆောင်းပါးပါ


အမေရိကန်ပြန် အင်္ဂလိပ် စာဌာနက ဆရာတစ်ဦးက ဘာဖြစ်လို့ အင်္ဂလိပ် အသံထွက်နဲ့ " ဆိုကရေးတီးစ်" မခေါ်ဘဲ ပါဠိဆန်ဆန် "ဆော့မရတ္တိ" လို့ခေါ်ထားရပါသလဲ ထမေးတယ်။ ဆရာ ဇော်ဂျီက " ဒါ ပါဠိ သံ မဟုတ် ။ အင်္ဂလိပ်လို အသံထွက်အတိုင်းခေါ်ထားတာဖြစ်တယ် ။ အင်္ဂလိပ်က " ဆိုကရေးတီးစ်" လို့မထွက်ဘူး ။ ဒီလိုထွက်တယ် " လို့ ဖြေကြားပြီး ဘိုသံပါပါနဲ့ "ဆော့ခရတ်တိစ်" လို့ ရွတ်ပြတာကို မှတ်မိနေတယ် ။

------
----

နောက် အထူးစိတ်ဝင်စားစရာ ကောင်းတဲ့ ဆောင်းပါးကလည်း အတွေးအမြင်ဆောင်းပါးပဲဖြစ်ပြီး ခေါင်းစဉ်က "အဒမ်စမစ်ရဲ့ အမှား" ဖြစ်ပါတယ် ။Kenneth Lux ရေးတဲ့ Adam Smith's mistake ကို မောင်မြင့်ဇံ ပြန်လည်ဖောက်သည်ချထားတာပါ ။ ----

။ ----

-------

--------

----သူရဲ့ ကျမ်းဟာ အရင်းရှင် စနစ်ရဲ့ ပူရာဏ် ကျမ်းကြီးပါ ။ ဒါပေမယ့် ဗုဒ္ဓဘာသာ က သမ္မာကျမ်း ၊ ကိုရမ်ကျမ်းကို လေ့လာသလို ဆိုရှယ်လစ် ကွန်မြုနစ်က လည်း ဖတ်ရတဲ့ ကျမ်းကြီးဖြစ်တယ် ၊ တရုတ် ကွန်မြုနစ် ခေါင်းဆောင်ကြီး မော်စီတုန်းက ဒီကျမ်းကို ဖတ်တော့ တရုတ်ဘာသာပြန်ဆရာက ကျမ်းအမည်ကို "နိုင်ငံရဲ့ဓန" လို့ ဘာသာပြန်ထားသတဲ့ ။တရုတ်စကားမှာက မြန်မာစကားလိုပဲ ကိန်းဆိုတာ concept တစ်ခုအနေနဲ့ မရှိပဲကိုး ။ တကယ်လို့ (မောင်မြင့်ဇံ ပြန်သလို) "နိုင်ငံများရဲ့ ဓန" လို့ ဧကဝှဒ် ဗဟုဝုဒ် မှန်မှန်ကန်ကန်ခွဲခြားပြန်ခဲ့တာ ဖြစ်ခဲ့ရင် မော်စီတုန်းရဲ့ အတွေးအခေါ် ။ တရုတ်ပြည်ကြီးရဲ့ ကံကြမ္မာ တစ်မျိုးတစ်မည်ဖြစ်ခဲ့ပေလိမ့်မယ်လို့ တချို့ မှတ်ချက်ချဖူးတာကို အိုက်အိုဝါ အပြည်ပြည်စာ အရေးအသားပရိုဂမ် ကျွန်တော့် "ဘာသာပြန် အတွေ့အကြုံ "စာတမ်းမှာ ထည့်သွင်းကိုးကားခဲ့သေးတယ်။


အဒမ်စမစ်ရဲ့ကျမ်း လိုရင်းအာဘော် ကို ဝါကျတစ်ကြောင်းမှာ တွေ့နိုင်တယ်လို့ ဝေဖန်သူ K.Lux က ထောက်ပြတယ်။ အဲဒါကတော့ It is not from the benevolence of the Butcher, Brewer, of the Baker that we get our dinner, but from their regard to their own self interest( အသားသည် ၊ အရက်သည် ၊ မုန့်သည်တို့ စေတနာကြောင့် ကျွန်တော်တို့ ညစာရတာ မဟုတ် ။ သူတို့ရဲ့ ကိုယ်ကျိုးရှာစိတ်ကြောင့်တာ ရကြတာ )ဆိုတာပါပဲ ။-----

-----

-----

ဒါပေမယ့် နိုင်ငံတစ်နိုင်ငံချင်းအနေနဲ့ ရော နိုင်ငံတကာ အဆင့်မှာပါ လောကပါလတရား ၊ သဒ္ဓါ တရားကို အခြေခံပြီး ထိရောက် သန်မာတဲ့ စီးပွားရေးစနစ်ကို ဘယ်လိုတည်ဆောက်နိုင်သလဲဆိုတာကို လက်တွေ့ကျကျတင်ပြထားတာမရှိတာဟာ သူ့စာအုပ်ရဲ့ လစ်ဟင်းချက်တစ်ခုပဲလို့ မောင်မြင့်ဇံက ဆိုထားတယ်။




ဆိုကရာတဲစ် ကနေ ဇော်ဂျီ မင်းသုဝုဏ်

( မောင်သာနိုး ။ အတွေးအမြင် ။ ဇွန် ။၂၀၀၇ )

ကဗျာဆရာ တစ်ယောက်က တော့ " ကြော်ညာတွေ မပါဘဲ အတွေးအမြင် မဂ္ဂဇင်းဘာလို့ ရပ်တည်

နေနိုင်တာလဲ" လို့ မေးခွန်းကို မေးခွန်းနဲ့ ပြန်ဖြေဖူးတယ်လို့ ထင်ပါတယ် ။ (ကျနော် အတိအကျ မမှတ်မိပါ)




 
 

Things you can do from here:

 
 

"လမ်းမပေါ်မှ တောင်တောင်အီအီ အတွေးများ"

 
 

Sent to you by Andy Myint via Google Reader:

 
 

via Imaginary clouds no2 by imaginary clouds no2 on Jun 18, 2007

ကဗျာဆရာ ဇေယျာလင်း ။ ကဗျာ ဆရာကြီး ။ စာရေးဆရာကြီး ဆရာ မောင်သာနိုး တို့ ၏ ဘာသာပြန်များကြောင့် allen grinsberg, Jack kerouac တို့ ၏စာများကို စတင်ထိတွေ့ကာ beat generation, " HOWL , on the road တို့ ကိုစိတ်ဝင်စားမူဖြစ်စေပါတယ်။ ပို ပြီး စိတ်ဝင်စားစေတာက bob dylan က အဲဒီစာအုပ် က သူအတွက် တော်တော်အရေးပါတဲ့စာအုပ် လိုမျိုးပြောတာကို တစ်ခါတွေ့ပြန်ရော ။ Jack kerouac သူရဲ့ ပထမဦးဆုံးအတွေး ဆိုတဲ့အယူအဆ ။ နောက် တစ်ခုက ဘာသာရေး ၊ တစ်ခါ allen grinsberg က သူရဲ့ ကဗျာစာအုပ်ရှေ့ဆုံးမှာ " ဒီစာအုပ် တွေကို ကောင်ကင်ဘုံ
မှာ ပုံနှိပ်တယ် " ဆိုတဲ့ အရေးအသားတွေကြောင့်ရော ပိုလို စိတ်ဝင်စားစေပြန်တယ် ။ အဲဒါနဲ့ သူတို့ အုပ်စုကို စိတ်ဝင်စားပြန်ရော ။ allen grinsberg ရဲ့ HOWL မှာလည်းတစ်ခါ Hold back the edges of your gowns, Ladies, we are going through hell.( Williams, William Carlos. "Introduction." Howl and Other Poems. By Allen Ginsberg. San Francisco: City Lights, 1956.) လို့ ဆိုထားပြန်ရော ။ ထို စာအုပ်ရဲ့ ဂယက် ။ ကဗျာ ဆရာရဲ့ ယုံကြည်မူ ၊ နေစဉ် ဘဝ နှင့် ကာမ ။ စသဖြင့် ။ တစ်လောတုန်းက သူရဲ့ ကဗျာတွေကို သရုပ်ဖော်ပုံတွေနဲ့ ထုတ်ဝေတဲ့စာအုပ် မှာ တစ်ချို့ သရုပ်ဖော်ပုံ တွေက တော်တော်ကြမ်းတယ်( ကာမ ဆက်ဆံပုံ ။ ယျောက်ကျား မိန်းမ အင်္ဂါ--စသဖြင့် ) တွေ့ဖူးပါတယ် ။ သန်းပေါင်းများစွာသော ကဗျာကောင်းများ ။ များပြားလှစွာသော ကဗျာရေးဖွဲ့ဟန် ထဲမှ ကျနော်တွေ့ထိဖူးတဲ့ ခပ်နည်းနည်း ဗဟုသုတ။ ကျယ်ပြန့်ကြီးမားလှသော ပင်လယ် ။ ကောင်းကင် စသဖြင့် ။ တိုတောင်းလှသော ဘဝ ။ အကန့်အသတ်ဖြင့်သာရနိုင်တော့မည့် ကိုယ်ပိုင်ပျော်ရွင်မူ ။ သတ္တိ ရှိစွာဖြင့် သက်မွေးဝမ်းကျောင်းရွေးချယ်မူ ။ အစဉ်တိုးတက်ဖွံဖြိုးနေသောနည်းပညာ များ နှင့် မိမိ၏ အသက်ရှင်ရပ်တည်ရေး ။

ကျနော် အတွက် တော့ Beat generation တစ်ခုတည်းကို နားလည်ခံစားတတ်ဖို့ ကို အချိန်ယူနေရပါတယ် ။


 
 

Things you can do from here:

 
 

nothing

 
 

Sent to you by Andy Myint via Google Reader:

 
 

via Imaginary clouds no2 by imaginary clouds no2 on Jun 21, 2007






reading Franz Kline

reading Zen in fifties

 
 

Things you can do from here: