Thursday, August 30, 2007

"ဓမ္မသီချင်း"

 
 

Sent to you by Andy Myint via Google Reader:

 
 

via Imaginary clouds no2 by imaginary clouds no2 on Jun 12, 2007

"ဓမ္မသီချင်း"


သဘော တူသည်ဖြစ်စေ

သဘော မတူသည်ဖြစ်စေ

၂၃ ၁/၂ တိမ်းစောင်းခဲ့ပြီ ။

ကျေးပိုင် ကျွန်ပိုင်ခေတ် ဖြစ်ထွန်းခဲ့ပြီ ။

အိုဇုန်းလွှာပေါက်ပြဲခဲ့ပြီ ။


သဘော တူသည်ဖြစ်စေ

သဘော မတူသည်ဖြစ်စေ

လပေါ်မှာ ခြေချခဲ့ပြီ ။

အချိန်ကာလ ကို စက်တပ်ခဲ့ပြီ ။

အလင်းရောင်ကို ချုပ်နှောင်ခဲ့ပြီ ။


သဘော တူသည်ဖြစ်စေ

သဘော မတူသည်ဖြစ်စေ

ဆော့ခရတ္တိ အဆိပ်သောက်ခဲ့ပြီ ။

နောဧသဘောင်္ံကိုဆောက်ဖို့နောက်ကျခဲ့ပြီ။

ဘုရားသခင်ဟာ ကြွေအံ ကစားခဲ့ပြီ ။




သစ္စာနီ

(အိုင်ဒီယာ ။ စက်တင်ဘာ ။၂၀၀၀ )


(ကျနော့်စာလုံးပေါင်းကို သည်းခံပါ ကျနော်လက်ကွက် ကောင်းကောင်းမရိုက်တတ်သေးလို့ ပါ)

အများသိပြီးဖြစ်တဲ့ သစ္စာနီရဲ့ ကဗျာကို ကျနော် တော်တော်သဘောကြတယ် ။ "ဘုရားသခင်ဟာ ကြွေအံ ကစားခဲ့ပြီ ။" ဆို တာကို အရင်က ကျနော်ဆရာတွေပြောတာကြားဖူးတယ် ။ ဒါနဲ့ အင်တာနက် ပေါ်ရှာပြီးဖတ်ကြည့်တယ် ။ အဲဒီထဲက ကျနော်ကြိုက်တာတွေကို ကူးပြီးဒီစာထဲ ထည့်မယ် စဉ်းစားပြီးမှ တော်တော်များများကို ကြိုက်နေတာကြောင့် လင့်ခ(@) လုပ်လိုက်တယ် ။ ကျနော့် ကဲ့သို့ စိတ်ဝင်စားသူများအတွက်ပါ ။ သိပြီးသားဖြစ်နေမယ်လို့လဲ မျှော်လင့်တယ် ။ နောက်တစ်ချက်က ကိုယ်ကြိုက်တဲ့စာတွေကို တနေရာထည်းမှာ အလွယ်တကူ ရှာလို့ ရရန်လဲ ပါတယ်။


Not only does God definitely play dice, but He sometimes confuses us by throwing them where they can't be seen.

professor Stephen Hawking


 
 

Things you can do from here:

 
 

No comments: