Thursday, August 30, 2007

နန္ဒာသိန်းဇံ

 
 

Sent to you by Andy Myint via Google Reader:

 
 

via Imaginary clouds no2 by imaginary clouds no2 on Jun 18, 2007

ဘဝ အဓိပ္ပါယ် နှင့် ဘဝ သစ္စာ ( နန္ဒာသိန်းဇံ )

မာ့က်စ် မျှော်လင့်သော လူ့ အဖွဲ့ အစည်းမျိုးသို့ ရောက်ရှိသည်ပင်ထားပါဦး ။ ထို အဖွဲ့အစည်၌ ဖြစ်ရသော ဘဝကို အဆုံးစွန်သောဘဝ ၊ ပြည့်စုံသော ဘဝဖြစ်ပြီဟု လူသည်ထင်မြင်ကျေနပ်ခြင်း ရှိကောင်းမှရှိပေလိမ့်မည် ။ အဘယ်ကြောင့်ဆိုသော် လူဆိုသည်မှာ ပင်ကို အနုသယအားဖြင့် ရှိနေသော လောဘ ၊ ဒေါသ ၊ မောဟ တရားတို့ကြောင့် မည်သည့်အခါမျှ ကျေနပ်ရောင့်ရဲတတ်သည့် သတ္တဝါ မဟုတ်သောကြောင့်ပင်တည်း ။ စာ-၃၇


အခန်း ၇ (စာ -၈၇)

"ဇင်" သည် ကိုယ်တွေ့ ကျင့်စဉ်သက်သက်မျှသာ ဖြစ်၏ ။
ဇင်၌ ဆွေးနွေးလေ့လာ သင်ယူရန် ကျမ်းဂန်များလည်းမရှို ။ သုတ္တန် ၊ အဘိဓမ္မာ စသည့်တရားများလည်းမရှိချေ ။ လူအများနားလည်ရန် " ဇင်ဝါဒ" ဟူ၍လည်းကောင်း၊ "ဇင် ဗုဒ္ဓဘာသာ " ဟူ၍ လည်းကောင်း ခေါ်ဝေါ်သုံးနုန်းရသော်လည်း စင်စစ် ဇင် ဝါဒကို တစ်စုံ တစ်ရာ ပညတ် သတ်၍ ခေါ်ဝေါ်နိုင်ခြင်းမရှိချေ ။-----စာ -၈၇


သို့ဖြစ်၍ ရှေူးအခါက ဇင်ဆရာတော်ကြီးများအား "ဇင် ဟူသည် မှာ အဘယ်နည်း"
ဟု မေးလျှောက်သော အခါ ဆရာတော်ကြီးများသည် မည်သို့မျှ ပြန်၍ ဖြေတော် မမူလဘဲ တိတ်ဆိတ်နေတတ်ကြ၏ ၊ အချို့ ဇင် ဆရာတော်ကြီးများကမူ ထို အမေးနှင့် ကြုံ သောအခါ မဆီမဆိုင်သော အကြောင်းများကို ပြော၍ အဖြေပေးတတ်ကြ၏ ၊ ထိုသို့ ဆိတ်ဆိတ်နေခြင်း ။ မဆီမဆိုင် အဖြေပေးခြင်းတို့၏ ရည်ရွယ်ချက်မှာ လောက ဝေါဟာရ တို့ဖြင့် ပညတ်တပ်၍ဖြေပါက ဇင်၏ပကတိ အနှစ်သာရ ၊ ပကတိအဓိပ္ပာယ် နှင့် လွဲ ချော်သွားနိုင်သောကြောင့်ဖြစ်၏ ၊




ကျွန်ုပ်တို့ သောကရောက်ခြင်း ၊ တွေဝေခြင်း ၊ လေးကန်ခြင်း ၊ စိတ်ပျက် အားလျှော့ခြင်းတို့မှာ စင်စစ် အတိတ်အနာဂတ်ဆီသို့ စိတ်သည်ပျံလွင့်ရောက်ရှိနေ၍ ထိုအတိတ် ၊ အနာဂတ် အတွက် စဉ်းစားချိန် ၊ တွေးခေါ်ချိန် ၊ စတ်၏ အလုပ်လုပ်ချိန် ရသောကြောင့်ပင်တည်း ။

စာ-၉၀


တစ်ခါက ဇင်ရဟန်းနှစ်ပါး သည် လမ်းလျှောက်ကြရာ လမ်းတွင်မြောင်းတစ်ခုကို အကျော်ခက်နေသော မိန်းမရွယ် တစ်ဦးကို တွေ့ကြ၏ ။ ထိုအခါ တစ်ပါးသော ရဟန်းက ထို မိန်းကလေးအား ပွေ့ချီ၍ မြောင်းတစ်ဘက်သို့ ပို့လိုက်ပြီးနောက် အဖော်ရဟန်းနှင့် အတူ ဆက်လက် လမ်းလျှောက်လာသည် ။ ဤ တွင် အဖော်ရဟန်းက မြောင်းတစ်ဘက်သို့ မိန်းကလေးအား ပို့ခဲ့သောရဟန်းအား.....

" သင့်၌ အပြစ်ရှိချေပြီ " ဟု ပြောရာ မိန်းကလေးအား ကူညီခဲ့သောရဟန်းက ....

" သင် က ယခုတိုင် မိန်းကလေးကို (သင့် စိတ်၌ ) သယ်ဆောင်၍ ယူလာတုန်းလော" ဟု မေးလိုက်လေသည် ။ စာ-၉၂


 
 

Things you can do from here:

 
 

No comments: