Thursday, August 30, 2007

ရတနာ တစ်ပါး

 
 

Sent to you by Andy Myint via Google Reader:

 
 

via Imaginary clouds no2 by imaginary clouds no2 on Jun 04, 2007

ကျန်ခဲ့တဲ့ နှစ် များက ကျနော် ရန်ကုန်ကိုေ၇ာက်နေတုန်း စိတ်ကူးချိုချို က ပြုလုပ်တဲ့စာအုပ်တိုက် စာအုပ်ပြပွဲကို ရောက်ခဲ့တယ်။ သူတို့တိုက် က ထုတ်တဲ့ စာအုပ် အဖုံးကို ရေးဆွဲပေးတဲ့ ပန်းချီဆရာတွေရဲ့ လက်ရာတွေကိုပါပြသထားတာကိုတွေ့၇တယ်။

အလွန်ကောင်းသော အစီအစဉ် လို့ ကျနော်မြင်ပါတယ်။ ဆရာ ဦး------- မျက်ကွယ်ပြုသွားခဲ့တယ် ။ ကျနော်တို့ ပြ၇ာ စာအုပ်မရှိခဲ့ပါ ၊ ဆရာ ဦး ခင်ဝမ်း ဆုံးပါးသွားတယ် သူလက်ရာတွေကို ပြဖို့ မရှိခဲ့ပါ ၊

ခရမ်းနုရောင် နှင်း(အောင်ဝေး) ကို မဆိုလို ပါ ၊ ပန်းချီ ကားများကို ဆိုလိုပါတယ် ။

စိတ္တဇ ပန်းချီကို စာရေးသူက ပြန်ထုတ်ဝေခွင့် မပြု သဖြင့် ပြန်မထွက်တာဟုကြားဖူးသည် (မှားကောင်းမှားမည်)

(ဦး) ခင်ဝမ်းရဲ့ သ၇ုပ်မှန်လွန် ပန်းချီကား တစ်ကား။ နှစ်ကားကို ဓါတ်ပုံထဲမှာတွေ့ဖူးပါတယ် ၊

ကျန်ခဲ့တဲ့ နှစ် တွေထဲမှာ စလုံးနိုင်ငံသားလူငယ်များရေး၍ နိုင်ငံတကာတွင် ဖြန့်ချီေ၇ာင်းချသောကဗျာစာအုပိတွင် သူ၇ို့ ဝန်ကြီးချုပ် ဟောင်း ဂို က အမှာစာရေးပေးထားတာကို တွေ့ဖူးတယ် (စာအုပ် နာမည်ကို မမှတ်မိ ။ မျက်စိမှားတာ ဖြစ်လျှင်ပြင်ပေးပါ။ )

(စာကြွင်း) စလုံးနိုင်ငံသား ကဗျာ ဆရာ များကို ကမ္ဘာ့ ထိပ်တန်း တက္ကသိုလ် များသို့ စကော်လာရှစ် နှင့် အစိုး၇က ပို့ တယ် ။နိုင်ငံသတင်းစာတွင် အကျယ်တဝင့် အင်တာဗျူးတယ်။ စာကြည့်တိုက် များတွင် ကဗျာရွတ်ပွဲတို့ အပတ်စဉ်လုပ်တယ်(အထင်ကြီးခြင်း။ နိုင်ငံရေး ။လူမျိုးရေး ကြေညာ ဝါဒဖြန့်ခြင်းသည် သီးခြားခေါင်းစဉ်တစ်ခု ၊)

(ဤနေရာတွင် ပညာ အလွန်တတ်၍ ရာထူးရာခံ ကောင်းခြင်း။ ပညာကို ဘယ်အတိုင်းအတာ။ အဆင့်ထိ ဆည်းပူးကြမလဲ ----စသဖြင့် ကျယ်ပြန့်စွာ ဆွေးနွေနိုင်သည်တို့ ကို ကျနော်ချန်ထားပါသည်) ကျနော်တို့ ကဗျာ ဆ၇ာများ မတော်ဟု လုံးဝ လုံးဝ မဆိုလိုပါ ။ ကျနော်တို့ ကဗျာ ဆ၇ာများ မတော်ဟု လုံးဝ လုံးဝ မဆိုလိုပါ၊(နိုင်ငံတကာ သုံးဘာသာ စကား နှင့် ကဗျာကောင်း ကိစ္စ ။ ပညာတတ် ကြိမ်လုံး ကိစ္စ၊ပညာ တတ်ခြင်းနှင့် ကဗျာကောင်းရခြင်း ကိစ္စ ။ များစွာသော ခေါင်းစဉ် တို့ ကို ပြောဆိုရန် မရည်ရွယ်ပါ။)

ကဗျာဆိုတာ တုတ်ထမ်းပြောရတာထက်ပို နေတော့ အယူဝါဒေ၇းရာထက် " စလုံးနိုင်ငံသား ကဗျာ ဆရာ များကို ကမ္ဘာ့ ထိပ်တန်း တက္ကသိုလ် များသို့ စကော်လာရှစ် နှင့် အစိုး၇က ပို့ တယ်" ဆိုတဲ့ စာလုံးတို့ကို သာရေးတယ်လို့ ယူပေးကြပါ ၊

သာမန်လူ တစ်ယောက်၏ အတွေးသာဖြစ်ပါတယ် ၊






 
 

Things you can do from here:

 
 

No comments: