Thursday, August 30, 2007

ထွေလီကာလီ ခေါ်သံများ

 
 

Sent to you by Andy Myint via Google Reader:

 
 

via Imaginary clouds no2 by imaginary clouds no2 on Jun 06, 2007










ကြိုးများဖြင့် ချည်နှောင်ထားကာ နေ့စဉ်ရုန်းကန် လူပ်ရှားရသော ဘဝ(ကိုယ် ကိုတိုင် က လည် ချည်နှောင်သူ တစ်ဦး ဖြစ်နေရဲ့) ။ ဖွံဖြိုးတိုးတက်ပြီးသော ပထမ ကမ္ဘာ တို့တွင် ဝါသနာထက် ဝမ်းရေး ဘယ်အရေးကို ဦးစားပေးမလဲ ။ ဘယ်ပညာရပ် ကို ဘယ် တက္ကသိုလ် တို့မှာ လေ့လာမှာလဲ ။ပြောပြောနေကြတဲ့ ဘာတဲ့ "ဂလို ဘယ်လိုက်ဇေးရှင်း" "သင့်လျော်သော ။ လိုက်ဖက်သော သက်မွေးကျောင်းအတတ်" ။ အလုပ် တစ်ဘက် ကျောင်းတစ်ဘက်ဆိုတာ ဘာဆန်းလို့တုန်း ။ ကျောင်းဆက်မတက် တာကလဲ ထူးခြားမနေဘူး ။ အို ပညာလို လားစာသင်သားတို့ ။ အို ပညာလို လားစာသင်သားတို့ ကျောင်းလခတွေ ဈေးကြီးတာ ဘယ်သူပြောတာလဲတဲ့ ။ဘွဲ့မရ ။ အသိ အမှတ်ပြု ဘွဲ့ရ ။ အသိ အမှတ် မပြုတဲ့ ဘွဲ့ ရ ။ ဘွဲ့ လွန် ။ ဘယ်သူတွေ က အတင်းအကျပ် စေခိုင်းနေလို့ တုန်း ၊


လက်လုပ်လက်စား တစ်ယောက်အတွက် carl sagan ။ လက်လုပ်လက်စား အတွက် ဆရာ ဒဂုန်တာရာ လက်လုပ်လက်စား အတွက် ဆရာမြ ။ လက်လုပ်လက်စား အတွက် ဆရာ မောင်စူးစမ်း ၊ လက်လုပ်လက်စား အတွက် ဆရာ နတ်နွယ် ။ ----------(စာရင်းက ရှည်လျားလှရဲ့)။ ကိုယ့် အစာကို အနိုင်နိုင် ရှာဖွေစားသောက်ကြ ။ ကိုယ့် စာ ။ ကိုယ့် ကဗျာ ပျော်ရွင်တက်ကြွစွာ ဘယ်သူမှ မခိုင်းဘဲ အနိုင်နိုင် ရေးဖွဲ့ ကြ ။ ခေါ်သံများ ။ ဘယ်လို နားမျိုးနဲ့မှကြားရမှာလဲ ။ ကဗျာဆရာ တစ်ယောက်ကတော့ နတ်ဝင်သည် တဲ့.၊ ငြီး ချင်း ရေးတာပါကွာ ။

"ငါး"( မောင်ချောနွယ် )


တစ် ဘဝလုံးလုံး လိုလို မျှားနေခဲ့

ငါးရယ်လို့ တစ်ကောင်တလေမှ မမိ

ကြည့်စမ်း ။ မိမယ့်မိတော့ စကြာဝဋ္ဌာကြီး

အပေါ်ကို ဆွဲတင်လိုက်တော့

ငါ့ ငါးမျှားတံဟာ ကိုင်းညွှတ်ပြီး

သက်တံ ဖြစ်သွား

ငါ့ ကို ပြန်မျှားခဲ့ပေါ့ ။


(စာပေ ဂျာနယ် ။ ၁၉၉၇)

++++++++++++++++++++++++++++

နေရာ ၃ ယောက်


ကလေး တစ် ယောက်သည် ဤနေရာ ကို

တစ်ခုသော ကစားကွင်းလို့ ထင်ပါသည်၊

ထိုကြောင့် ၊ သူပျော် သည် ၊

ကစားဖော်တို့ ဖြင့် ဆော့ သည် ၊

ပြေး၏ ၊

အရုပ်များကို နေရာ ရွေ့ပစ်သည် ။


လူကြီးတစ်ယောက် က အဲဒီနေရာကို

တောအုပ် တစ်ခုလို့ ထင်တယ်။

ဒါကြောင့် ၊ သူ ရဲရင့်တယ် ၊

သားကောင်တွေကို ချေင်းမြောင်းတယ်

အမဲလိုက်တယ်

ဧည့်ခန်းထဲမှာ တိရစ္ဆာန်ခေါင်းတွေ ချိတ်တယ်။


လူအို တစ်ယောက် ကမူ ထိုနေရာအား

ဗုံးခို ကျင်းတစ်ခု ဟု မှတ်ထင်သည် ၊

ထိုကြောင့် ၊ သူကြောက်ရွံ သည် ၊

မကြာခဏ ကောင်းကင်သို့မော့ကြည့်သည်

ပုန်းသည်

ဆုတောင်းသည်

တစ်ခါ တစ်ရံ၌ ငိုသည် ။




မြင့်မိုးအောင် ( မြားနတ်မောင် ၊ ဒီဇင်ဘာ ။ ၁၉၉၇)


 
 

Things you can do from here:

 
 

No comments: