Thursday, August 30, 2007

ပို့ စ မော်ဒန် နှင့် စပ်လျဉ်းသော အရေးအသားများ

 
 

Sent to you by Andy Myint via Google Reader:

 
 

via Imaginary clouds no2 by imaginary clouds no2 on Jun 18, 2007

အရှေ့ / အာရှ / မြန်မာ လူမူဆက်ဆံ ရေးဘောင်အတွင်း၌ သား -အဖ ဆက်ဆံရေးတွင် "သား- ဖြစ်ခြင်း" နှင့် " အဖ - ဖြစ်ခြင်း" သည် အနောက်တိုင်း လူမူဆက်ဆံရေး ဘောင်အတွင်း လက်ခံထားသော " လူ - ဖြစ်နေခြင်း" ထက် အရေးပါနေသည် ၊ လူ သည် လူသာ ဖြစ်သည်ဟူသော အသိသည် ဆင်ခြင်ခြင်း"သက်သက် "ကို အခြေခံထားသော သိမူဖြစ်သည်။ ဂျွန် ၏ သားဖြစ်သူ ဒေးဗစ် က အဖေဖြစ်သူကို ဂျွန် ဟု ခေါ်ခြင်းသည် စော်ကားရာ မရောက်သော်လည်း ဦးဘ ၏ သားဖြစ်သူ မောင်လှ က သူအဖေကို မောင်ဘ ဟုမခေါ် ။ ဆင်ခြင်ခြင်း ပါဝင်နေသော ဘာသာစကား အခြေခံ လူမူဆက်ဆံရေးအတွင်း အရှေ့ နှင့် အနောက် ၏ ဆက်ဆံရေး ပုံ စံ သည်မတူ။ အရွယ်ရောက်နေသော သားဖြစ်သူ ဒေးဗစ်က မသင့်သည်ကို ပြုသည်ရှိသောလည်း ဂျွန့် အမြင်တွင် " သင်လည်း အရွယ်ရောက်နေပြီ ။ လူမှန်ရင် ဒီလောက်တော့ သိရမှာပေါ့ ။" စသည့် လူဖြစ်နေခြင်းသက်သက် တွင်သာအခြေခံသော ဆင်ခြင်ခြင်းဖြင့် တစုံတရာမျှပြောမည် မဟုတ်။ ထို အနေ အထားမှပင် ဂျွန်၏နေရာ၌ ဦးဘ ဖြစ်ခဲ့သော် ဦးဘ က သားဖြစ်သူကို မကောင်မြစ်တာ ၊ ကောင်းရာညွှန်လတ်....စသည့် ထုံးကို နှလုံးမူ၍ မောင်လှကို ဆုံးမပေမည် ။ အလားတူပင် ဒေးဗစ် က သားဖြစ်သော်လည်း လူ - လူ ခြင်းအခြေခံ ဆင်ခြင်ခြင်းသဘောအရ အဖေဖြစ်သူကို သူသဘောမကျသည်များကို ထုတ်ဖော်ပြောကြားသော်လည်း မောင်လှကမူ ဦးဘကို ပြောမည် မဟုတ်၊" အဖေဖြစ်နေတော့ ပြောရခက်တယ် " ဟူ၍သာ( များသော အားဖြင့်) ဆို မည် ။

စာ ၄၇

ပို့ စ မော်ဒန် နှင့် စပ်လျဉ်းသော အရေးအသားများ ( မြင့်သန်း) ----



- မော်ဒန်၊ ပို့ စ မော်ဒန် ကို ဘာဖြစ်လို့ မြန်မာစာဖတ် ပရိသတ်တချို့ အောကြောလန်ကြတယ်ဆိုတာဟာ အဓိကမှာတော့ သတင်းသမား (ဂျာနယ်လစ်) ယောင်ယောင်တွေက နာမည်ဖျက်လိုက်တာ ပါတယ် ။ စာပေ ပရိဂုဏ်ထဲမှာ အထိုက်အလျှောက် သြဇာရှိတဲ့ သတင်းသမားတွေက တံဆိပ်ကပ် ပေးရာက မော်ဒန်-ပို့ စ မော်ဒန် ဆိုတာဟာ နာမည်ပျက်ရတော့တာပဲ ။ နောက်ပိုင်းမှာ စမ်းသပ် တီထွင် ဖန်တီးချင်တဲ့ လူတွေထဲက တချို့ကလည်း ကိုယ့်ကိုယ် ကိုယ် မော်ဒန် - ပို့စ မော်ဒန် သမားရယ်လို့ ခပ်ကြွားကြွား လုပ် ကြရာက မဟုတ်တလုပ် ပြောကြရင်း ပိုပြီး အမြင်ကတ်စရာဖြစ်သွားတာပဲ။

စာ-၃၀


ဆန်းသစ်တီထွင်တာနဲ့ ဟောင်းတယ်ဆိုတာကို မကွဲဘူး။ ဒီတော့ တီထွင်တယ်ဆိုတာကို "အသစ် ဖြစ်ခြင်းနဲ့ ရောပစ်လိုက်တယ် ။ အသစ် နဲ့ အဟောင်းနဲ့ ဒွန်တွဲ တည်ရှိမူကို ၊ အသစ် နဲ့ အဟောင်းနဲ့ ပဋိပက္ခ အနေအထားပြောင်းပစ်လိုက်တယ် ။ ဆန်းသစ်တီထွင်ရာမှာ အသွင်သစ်က အမြင်သစ်ကို ဖြစ်စေတာလား ။ အမြင်သစ် က ဖန်တီးတင်ပြတဲ့ အသွင်သစ်ကို ပေးတာလားလို့ မကွဲဘူး ။ ဒီတော့ ဖန်တီးလူ (လူုငယ်) တွေ အမြင်မှာ အဟောင်းကို ဆန့် ကျင်ရမယ်လို့ မြွေကို ကြိုူးထင်တာတွေဖြစ်လာတယ် ။ ဒီတော့ လည်း ဂန္တဝင်ကို ရိုက်ချိုးပစ်ရမယ်ဆို တာတွေပေါ်လာတယ် ။ ပိုဆိုးသွားတာက ဒီအဆိုကို ချေပပေးကြတဲ့ အပိုင်းက ဂန္တဝင်ကို ပြတိုက်ထဲ ပို့ပစ်လိုက်ပါပြီလို့ ကြေညာလိုက်တာမျိုးတွေ ပေါ်လာတာပဲ ။

စာ -၃၁


ဒီစာအုပ်ကို စီစဉ်သူများမှာ ခက်ထန်ပိုင်စိုး နှင့် မိုးဝေး (ကဗျာ ဆရာ)များဖြစ်ပါတယ် ။

ဆရာ (ဦး) မြင့်သန်း၏ စာများကို ကျနော် ကြိုက်ပါတယ် ။ သူရဲ့ "သူရေး၍ သူကြိုကိသော ----"စာအုပ် ထဲမှ ခေါင်းစဉ် ပေးပုံ ( သံပရာသီး သည်ချဉ်၏ )ကို ကျနော့် ဘော်ဒါက " သံပရာသီး ပဲ ချဉ်မှာပေါ့ " ဟုဆို၏ ။ "ေ၇ာရော ယောင်ယောင်--" နှင့် " ရွာ၏ အခြားတစ်ဘက်ရှိ ချောင်းမှ ရေနောက်ကျီရသည့် အကြောင်း" စာအုပ်တို့တွင် ရေးသားဟန် ပြောင်းသွားသော်လည်း ထို ဘော်ဒါက ထိုစာအုပ်တို့ကိုလည်း မကြိုက်ပေ ။ တခါတရံ တွင် " အောင် ။ မြင့် စသော စကားလုံးတို့ကို မြန်မာ မိန်းကလေး ။ ယောက်ျားလေးတို့ ၏ နာမည်များတွင် ဘာလို့ တွေ့နေရတာလဲ။ ဘာဖြစ်လို့ လဲ ၊၊ ဆာ နိမ်း မရှိ ဘူးလား ၊ ဘာလို့လဲ ၊ စသဖြင့် မေးခံရသည်။

အကောင်း အဆိုး ဒွန်တွဲနေသည်ကို အခြေခံ ၍ ဤ ဆရာ က ကောင်း ၏ ။ တော် ၏ ။ ထို ဆရာကား ဆိုး သည်ဟု ဆို သော် လွန်ရာကျပေမည်။ ( အဟိ ငါကွ )


 
 

Things you can do from here:

 
 

No comments: