Thursday, August 30, 2007

အောင်အောင်တိတ်

 
 

Sent to you by Andy Myint via Google Reader:

 
 

via Imaginary clouds no2 by imaginary clouds no2 on Jun 10, 2007

ကဗျာလည်းရေးဖြစ်တယ်လို့ ကြားပါတယ် ၊ ဘယ်လို ရေးဖြစ်သွားတာပါလဲ ။

ကျွန်တော် ပေါင်းတဲ့ သူတွေက ကဗျာ ဆရာတွေလေ ။ သူတို့ မြောက်ပေးလို့ ရေးကြည့်တာ ၊ ရေးကြည့်တာ ၊ ဟိုမှာ မဂ္ဂဇင်းတွေထဲလည်း ထည့်တာပေါ့ ၊ ဟိုမှာ Poetry organizationဆိုတာ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ဖွဲ့ထားတာရှိတယ် ။ အဲဒီမှာ ကျွန်တော် က မြန်မာပြည်အနေနဲ့ ပါတယ်၊ ဒါရိုက်တာ အဖွဲ့ ထဲမှာလည်းပါတယ် ။ ဟိုရောက်မှ ကဗျာ အပုဒ်ရေ ၃၀ ။ ၄၀ လောက် ရေးဖြစ်တယ် ။------

အဲဒီတုန်းက အတူပြခဲ့ တဲ့ ပန်းချီဆရာတွေက ဘယ်သူတွေလဲ ။

ကျွန်တော်ရယ် ၊ ကို ပေါ်ဦးသက်ရယ် ၊ ကို ဝင်းဖေ ရယ် ၊ ကို စန်းမြင့်ဆို တာရှိတယ် ၊ သူက ဆရာဝန် ၊ ကို ငွေထွန်း ၊ ဒါပေမယ့် နောက်ပိုင်းကျတော့ တဖြည်းဖြည်းပါလာတယ် ။ အဓိက တော့ ကို ခင်မောင်ရင်တို့ ၊ ကျွန်တော်တို့ပေါ့ ၊ နောက်ပိုင်းကျတော့ ကို ခင်မောင်ရင် ရဲ့ အာရ်အိုင်တီ ကျောင်းသားတွေက ကို ခင်မောင်ရင်ကြောင့် ပန်းချီ ဆွဲချင်တယ် ဖြစ်လာရော ၊

သူတို့ ဟာတွေလဲ ပါတယ် ၊ နောက် ကို အောင်မြင့် တို့ ပေါ့ ။

ပန် ( အမှတ် ၉ ။ ၂၀၀၅ ။ မေ )


 
 

Things you can do from here:

 
 

No comments: