Thursday, August 30, 2007

မိုးဝေး ( ကဗျာ သတင်းစဉ် )

 
 

Sent to you by Andy Myint via Google Reader:

 
 

via Imaginary clouds no2 by imaginary clouds no2 on Jun 18, 2007


ကျနော် ပထမဆုံးဖတ်ဖူးတဲ့ ရုပ်ရှင်တေးကဗျာပါ သူရဲ့ဆောင်းပါးပါ ။ ကျနော် ကြိုက်တယ် ။

"ခိုလုံရာ ရှာတွေ့လိုတဲ့" (ဟိန်းမြတ်ဇော်) မေလ ။ ၂၀၀၇ ။ ဗြူးတီး မဂ္ဂဖင်း ကို အခြေခံပြီးရေးထားတဲဆောင်းပါးပါ( ကျနော် အထင်တော့ အဲဒီ ကဗျာဘက်က ခိုင်လုံတဲ့ အချက်အလက်တွေကို ယဉ်ကျေးစွာတင်ပြတာလို့ ထင်တယ်) ။ ရှေ့မှာ ဘယ်လောက်ရေးခဲ့ ပြီးပြီလဲ ကျနော်မသိပါ ။ အများကြီးရှိနေရင် စာအုပ်ထုတ်ရင်သိပ်ကောင်းမှာပဲ ။

-ကျနော်တို့ နိုင်ငံသာ မက တခြားနိုင်ငံတွေမှာလဲ ကဗျာဆရာ ၊ စာရေးဆရာ စတဲ့ အနုပညာရှင်တွေဟာ သူတို့ အသက်ရှင်နေထိုင်နေတဲ့ ခေတ်ကို သွေးထိုးစမ်းကြည့်ခဲ့ကြတာပါပဲ ။ တစ်ဦးချင်းအနေနဲ့ လည် ခေတ်ကို သွေးတိုးစမ်းပါတယ် ။ အစု အဝေးအနေနဲ့လည်း သွေးတိုးစမ်းကြပါတယ် ။ အကြောင်းအမျီုးမျိုး၊ အခြေအနေ အမျိုးမျိုး ကြောင့် သွေးတိုးစမ်းကျတဲ့ အဓိကျတဲ့ အကြောင်းကတော့ မကျေနပ်ခြင်းဖြစ်ပါတယ် ။ သူတို့ ခေတ် သူတို့ အခါမှာ ပေါ်ထွက်နေတဲ့ အနုပညာရပ်တွေရဲ့ အခြေအနေကို မကျေနပ်တာ ။ ကိုယ်ကိုယ်ကို မကျေနပ်တာတွေပါမှာပါပဲ ။ ဒီလို မကျေနပ်တာကြောင့် တည်ဆဲအနုပညာရပ် တွေရဲ့ အခြေအနေခြားနားတဲ့ အနုပညာတွေကို စမ်းသပ်ဖန်တီးကြတာဖြစ်ပါတယ် ။

မင်းလှညွန့်ကြူး " ကဗျာအလှ ရှာပုံတော်မှ "

ကဗျာတစ်ပုဒ်ကို ဖတ်ရင် ကျွန်တော်တို့ရှာနေတာက အဓိပ္ပါယ် တစ်စုံတစ်ရာ ။ ကဗျာရဲ့ အခြားအပိုင်းတွေကို လစ်လျူရျူလို့ အဓိပ္ပါယ် တစ်စုံတစ်ရာ ကို ပဲ ကျွန်တော်တို့ရှာခဲ့ကြတယ် ။ ကျွန်တော်တို့နဲ့တိုက်ဆိုင်တဲ့ ၊ ကျွန်တော်တို့ လိုချင်တဲ့ အဓိပ္ပါယ် တစ်ခုခုတွေ့ရင် ကျေနပ်ကြတာ သဘာဝတစ်ခုလို ဖြစ်ခဲ့ရပြီလား ။ ဒါမှမဟုတ် လိုချင်တာ ။ တိုက်ဆိုင်တာ၊ ကျွန်တေိာတို့မှာရှိတဲ့ ပေတံနဲ့တိုင်း ၊ နှိုင်းတာ မတွေ့ရင် အဓိပ္ပါယ် မရှိဘူးပေါ့ ။ ဘာတွေလျှေက်ရေးနေတာလဲပေါ့။ များသော အားဖြင့် ဒီ "ဘက်" နှစ်ဘက်ကနေ ကျွန်တော်တို့ မလွဲကြဘူးပြောရင် နားလည်ပေးနိုင်ကြမလား ။

----

----

ဘာအကျိုးရှိလဲ ဟုတ်လား ၊ ဒီလိုဆိုရင်ဖြင့် ကျွန်တော်မိတ်ဆွေများအနေနဲ့ နေ့စဉ်ဘဝဖြတ်သန်းမူမှာ အကျိုးတရားတွေနဲ့ ချည်းကြုံတွေ့ခဲ့ရပါသလား ။ အကျိုးရှိတယ် ၊ အကျိုးမရှိဘူး ဒီလိုလား ၊ အကျိုးလို လို့ကဗျာဖတ်တယ်လား ။


(ကို) မိုးဝေး ရဲ့ ဆောင်းပါးက အပြည့် အစုံ ဖတ်မှ သူရဲ့ ဆိုလိုရင်းကို ရောက်မှာပါ ။

ကျနော်ကတော့ ပျောက်ဆုံး(နေ)သွားတဲ့ အခွင့်အရေးတစ်ခုကို ဒီ နေရာမှာ လာရောက်ပြီး ကိုယ်ဘာသာကို စီတ်ဖြေတာထက် မပိုပါဘူး ။ ကိုယ်ပျော်ရွင်ကျေနပ်နိုင်တဲ့ အခွင့်အရေးပုံစံတွေက ပြန်ရာဖို့ ဆိုတာ တကယ့်ကို မလွယ်တော့ဘူးလို့ ထင်နေမိတယ် ။


"ခိုလုံ ရာ ရှာတွေ့လို့ တဲ့"

လူစိမ်းတစ်ယောက်အတွက် ချထားတဲ့

တောင်ပံ တစ်ဖက်က

စားပွဲပေါ်မှာ ကြွတက်လို့

မျဉ်းတွေဟာ မဖြောင့်ဘူး

သူပြောတဲ့ ကဗျာက---

စား---

----တယ်

တော့ဘူး

-----အာင်အရေး

------လဲ

------က် ၊ ဖုန်ထူထူ ဗီရို တွေ

အောက် ၊ ဒါတွေဟာ

တွေပါပဲ ။ ရင်းနှီးနေကျ

တယ် ။ စကားလုံးကို ရုပ်

တာလား ။ လိမ့်သွားလို့ ရတဲ့

----လို ။ ကောဇောအောက်လှဲ သွင်း

တွေနဲ့ ပစ်လို့ရတဲ့ ရုပ်ဝတ္ထု

----တဲ့ စကားလုံးကို လိုက်ရှာနေတဲ့

အမျိုးသမီးရဲ့စိတ်အကန့်တွေလား။

-----လုံး ဟာ အိမ်ရှေ့ခန်းမှာ လိင်္မ့် သွားနိုင်တဲ့

-----လို ပစ်လိုက်ရတဲ့ ။ သူများမြင်သိကြားသွား

------က် စည်း လှဲ သွင်းပြီး ၊ ဖုံးဖိကွယ်လိုက်ရတဲ့

------ဲာ့ စကားလုံးက သေးသေးလေး .

စကားလုံးကြီး

ကြီးတွေ မဟုတ်ဘူး ။ သေးသေးလေးရယ်မှ

------ား လုံးနစ်လုံးတည်းပါတယ် ။ ဒါပေမယ့် တန်ဖိုးမလျော့

ဟာ သူတန်ဖိုးသူရှိသလို

ဇာတ်ဆောင် အမျိုးသမီးအတွက်

----ယ်။ အဲဒါကြောင့် အခု သူမ ဟိုလှန်ဒီလှန်ရှာတာပေါ့။

-----ာလဲ။

ထဲက ကြိယာ verb တွေကြည့် ရင် lost, searches, picks,

-ept, looking for, stands, racking, used နဲ့come to mind ကို တွေ့

---တယ် ။ ပျောက်၊ ရှာ ၊ ကလော် ၊ တွေ့ ၊ လှဲ ၊ ရှာ ၊ရပ် ၊ (ခေါင်း) စား

သုံး ၊

----တ်ထဲ ) ပေါ်လာ ၊ verb တွေရဲ့ tense တွေကို ကြည့်မယ် ဆိုရင်လည်း

present

present , present , present , present , present

ကနေ past ကို ရောက်သွားတယ်။ ။


ဟိန်းမြတ်ဇော်

မေ ။ ၂၀၀၇ ။ ဗြူးတီးမဂ္ဂဖင်း


ဲ့ ဆရာ ဇေယျာလင်းရဲ့ "ကဗျာ ။ အသစ် ၊ အစစ် နဲ့ LPကိစ္စ" ကို ဖတ်ပြီူးတော့ ဟိန်းမြတ်ဇော်

ရဲ့ ကဗျာ ကလည်း ဒိုင်ယာရီ (အောင်ဝေး)ကဲ့သို့ ပြဿနာဖြစ်ဦးမယ်လို့ ထင်နေမိတယ် ။


 
 

Things you can do from here:

 
 

No comments: