Thursday, August 30, 2007

မောင်ယုပိုင်

 
 

Sent to you by Andy Myint via Google Reader:

 
 

via Imaginary clouds no2 by imaginary clouds no2 on Jun 16, 2007

ကောင်ဘွိုင်ဇာတ်လမ်း




အစက်အပြောက်ကလေးကနေ တဖြည်းဖြည်းလူလုံးပေါ်

လာသည်အထိ

ဖြစ်ချင်ဇောမြင်းတစ်ကောင်နှင့်အတူ ပေါက်ချလာ

ရန်သူထင်လို့လား ။ မိတ်ဆွေဖွဲ့မလို့လား

အားလုံးသိထားတဲ့အတိုင်း ဒီနေရာဟာ အလည်လာစရာ

မဟုတ်ဘူးဆိုတော့

သေနတ်ပြောင်းနဲ့ ကျီစယ်ချိန်ရွယ်သလို

မျက်လုံးတွေရောက်ရှိလာ

(ဖဲကစားနေသူ ၊ ကော့တေးသောက်နေသူ ၊ ခြေပစ်လက်ပစ်ငိုက်မျဉ်းနေသူ ၊ ကြိုးကွင်းပစ်လေ့ကျင့်နေသူ ၊ သေနတ်ထဲကျည်ထည့်နေသူ )

သူကရော ဘယ်သူဆီဦးတည်လျှောက်သွားမလဲ

သူ့ဂျင်းဘောင်းဘီနဲ့ ကျေးလက်ဘွတ်ဖိနပ်ဟာ ခိုင်ခံမူဘယ်လောက်ရှိမလဲ

သူ့လည်စည်းပဝါလေးရဲ့ အကွက်အဆင်က အနုအရင့်ဘယ်လိုနေသလဲ

သူမျက်နှာပေါက်ဟာ ဝရမ်းပိုစတာပေါ်က ငနဲတွေမျိုးလား

ကိုယ်နဲ့နီးလာလေ ကိုယ့်လက်က လက်နက်ဆီမသိမသာရွေ့လျား

တစ်ချက်အလစ်ပေးတာနဲ့ ဖလက်ပြသွားမယ်ဆိုတဲ့အသိဟာ

ဒီမြို့ရဲ့နံရံတွေပေါ် ကျည်ဆန်တွေ မြုပ်ဝင်နေသလို မျိုးပေါ့

ဒီလိုပဲ ပခုံးဖက်ထားရာက ၊ ငွေစကားပြောနေရာက

ပျော်ပါးဆက်ဆံနေရာက၊ ဆိုင်ထဲ အတူတူချိန်းတွေ့နေရာက

ခြေလွန်လက်လွန် ထဖြစ်တဲ့အထိ ဖြစ်လာနိုင်တယ်ဆိုတာ

ဒီမြို့က သစ်သားစားပွဲတွေမှာ ကျည်ဆန်ရာနဲ့ အတွေ့အကြုံတွေများပြီးသား

ဒီမြို့မှာ လူကြိုက်များတဲ့ ဆေးပြင်းလိပ်ဟာ အနံပြင်းပြင်းနဲ့ "လက်စားခြေခြင်း"တံဆိပ်

ဒီမြို့က ဧည့်ခန်းတွေမှာ ချိတ်ပြထားတဲ့ ယဉ်ကျေးမူဟာ

လက်ဦးမူရယူခြင်းဆိုတဲ့ ရှေးဟောင်းဗြောက် သေနတ်ကြီးတွေ

မြို့သားတွေ (ကောင်းဘွိုင်တွေ) အားလုံးဟာ

ရမ္မက်နဲ့ သေခြင်းတရား အချိုးကျကျ စပ်ထားတဲ့ ကော့တေးအရက်တွေမှာ မိန်းမူးနေကြ

သူကရော လက်နှေးတဲ့ ငတုံးတစ်ကောင်လား

လက်မြန်တဲ့ လူကြီးမင်းတစ်ယောက်လား

ရုပ်ယှက်ခပ်နေတဲ့ လမ်းညွန်ဆိုင်းဘုတ်တွေရှေ့မှာ တွေဝေမနေဘဲ

လူသူရှင်းတဲ့ ကဖေးဆိုင်လေးတစ်ခုထဲ ဝင်သွား

( ကြိုက်တဲ့ဘက်က လွတ်လွတ်လပ်လပ် တွန်းဖွင့်ဝင်နိုင်တဲ့

ဆင်နာရွက်တံခါးတပ် ကဖေးဆိုင်ကလေးပေါ့)

အဲဒီဆိုင်ထဲမှာတော့ အားလုံးက အရူးလို့ ထင်မှတ်ထားတဲ့

လူတစ်စုသာရှိရဲ့

သူတို့ပြောပုံအရတော့ ဖဲ ၊ အရက် ၊ မိန်းမ ၊ ငွေဒင်္ဂါး ၊ ကြိုးကွင်း ၊ သေနတ်တွေ

သုံးရကောင်းမှန်းမသိဘဲ

ဘာမှမဟုတ်တဲ့ စာအုပ်တွေနဲ့ပဲ အလုပ်ရူပ်နေလို့တဲ့လေ

အဲဒီလူတစ်စုက သူ့မှာပါလာတဲ့ သူ့လက်မှတ်ပါ ရတနာ

မြေပုံ အပိုင်းအစ တစ်ရွက် ထုတ်ပြပြီးတဲ့ အခါ

သူလည်း ဒီဆိုင်ထဲက ပြန်ထွက်မလာတော့

အရူးကဖေးထဲ ရောက်သွားတဲ့သူ့ကို

ဒီကနေ့ အထိ ဘယ်သူကမှလဲ စိတ်မဝင်စားတော့ ။




မောင်ယုပိုင်

( ဗြူတီ ၊ အမှတ် ၆၀ ။ ဖေဖော်ဝါရီ ။၂၀၀၅ )


 
 

Things you can do from here:

 
 

No comments: