Thursday, August 30, 2007

ဆိုကရာတဲစ် ကနေ ဇော်ဂျီ မင်းသုဝဏ်

 
 

Sent to you by Andy Myint via Google Reader:

 
 

via Imaginary clouds no2 by imaginary clouds no2 on Jun 19, 2007

ကျနော် အတွေးအမြင်ကို မဖတ်နိုင်တာ တော်တော်ကြီးကိုကြာခဲ့ပါပြီ ။ ရန်ကုန်မှာတုန်းကလဲ အမြဲမဖတ်ပါဘူး ၊ မဖတ်တာများပါတယ် ။

ဟိုလှန် ဒီလှန်ပါပဲ ။မော်ဒယ်ပုံတွေမှ မပါတာ ။ တနေ့ က ဇွန် ။၀၇ ကို ရလာလို့ ဖတ်ဖို့ခွန်အားလဲ ရှိနေတာကြောင့် ဆရာ ဦးသာနိုးရဲ့ ဆောင်းပါးကို စဖတ်လိုက်တာနဲ့ပဲ ---။ ဒါနဲ့ ကြိုက်လို့ ပြန်ကူးပြီး စိတ်ဝင်စားသူများကို ရှယ်ပါတယ် ။ ဆောင်ပါးက ဆရာ ဦးမြင့်ဇံ ရေးတဲ့ အားမန်သစ်စာပေထုတ် " ဆော့ ခရိတ္တ ရဲ့ တရားခွင်တစ်ကျော့ နဲ့ အခြားဆောင်းပါးများ"စာအုပ်နဲ့ ပါတ်သက်တဲ့ဆောင်းပါးပါ ။

အပြည့်အစုံဖတ်မှကောင်းမယ့်ဆောင်းပါးပါ


အမေရိကန်ပြန် အင်္ဂလိပ် စာဌာနက ဆရာတစ်ဦးက ဘာဖြစ်လို့ အင်္ဂလိပ် အသံထွက်နဲ့ " ဆိုကရေးတီးစ်" မခေါ်ဘဲ ပါဠိဆန်ဆန် "ဆော့မရတ္တိ" လို့ခေါ်ထားရပါသလဲ ထမေးတယ်။ ဆရာ ဇော်ဂျီက " ဒါ ပါဠိ သံ မဟုတ် ။ အင်္ဂလိပ်လို အသံထွက်အတိုင်းခေါ်ထားတာဖြစ်တယ် ။ အင်္ဂလိပ်က " ဆိုကရေးတီးစ်" လို့မထွက်ဘူး ။ ဒီလိုထွက်တယ် " လို့ ဖြေကြားပြီး ဘိုသံပါပါနဲ့ "ဆော့ခရတ်တိစ်" လို့ ရွတ်ပြတာကို မှတ်မိနေတယ် ။

------
----

နောက် အထူးစိတ်ဝင်စားစရာ ကောင်းတဲ့ ဆောင်းပါးကလည်း အတွေးအမြင်ဆောင်းပါးပဲဖြစ်ပြီး ခေါင်းစဉ်က "အဒမ်စမစ်ရဲ့ အမှား" ဖြစ်ပါတယ် ။Kenneth Lux ရေးတဲ့ Adam Smith's mistake ကို မောင်မြင့်ဇံ ပြန်လည်ဖောက်သည်ချထားတာပါ ။ ----

။ ----

-------

--------

----သူရဲ့ ကျမ်းဟာ အရင်းရှင် စနစ်ရဲ့ ပူရာဏ် ကျမ်းကြီးပါ ။ ဒါပေမယ့် ဗုဒ္ဓဘာသာ က သမ္မာကျမ်း ၊ ကိုရမ်ကျမ်းကို လေ့လာသလို ဆိုရှယ်လစ် ကွန်မြုနစ်က လည်း ဖတ်ရတဲ့ ကျမ်းကြီးဖြစ်တယ် ၊ တရုတ် ကွန်မြုနစ် ခေါင်းဆောင်ကြီး မော်စီတုန်းက ဒီကျမ်းကို ဖတ်တော့ တရုတ်ဘာသာပြန်ဆရာက ကျမ်းအမည်ကို "နိုင်ငံရဲ့ဓန" လို့ ဘာသာပြန်ထားသတဲ့ ။တရုတ်စကားမှာက မြန်မာစကားလိုပဲ ကိန်းဆိုတာ concept တစ်ခုအနေနဲ့ မရှိပဲကိုး ။ တကယ်လို့ (မောင်မြင့်ဇံ ပြန်သလို) "နိုင်ငံများရဲ့ ဓန" လို့ ဧကဝှဒ် ဗဟုဝုဒ် မှန်မှန်ကန်ကန်ခွဲခြားပြန်ခဲ့တာ ဖြစ်ခဲ့ရင် မော်စီတုန်းရဲ့ အတွေးအခေါ် ။ တရုတ်ပြည်ကြီးရဲ့ ကံကြမ္မာ တစ်မျိုးတစ်မည်ဖြစ်ခဲ့ပေလိမ့်မယ်လို့ တချို့ မှတ်ချက်ချဖူးတာကို အိုက်အိုဝါ အပြည်ပြည်စာ အရေးအသားပရိုဂမ် ကျွန်တော့် "ဘာသာပြန် အတွေ့အကြုံ "စာတမ်းမှာ ထည့်သွင်းကိုးကားခဲ့သေးတယ်။


အဒမ်စမစ်ရဲ့ကျမ်း လိုရင်းအာဘော် ကို ဝါကျတစ်ကြောင်းမှာ တွေ့နိုင်တယ်လို့ ဝေဖန်သူ K.Lux က ထောက်ပြတယ်။ အဲဒါကတော့ It is not from the benevolence of the Butcher, Brewer, of the Baker that we get our dinner, but from their regard to their own self interest( အသားသည် ၊ အရက်သည် ၊ မုန့်သည်တို့ စေတနာကြောင့် ကျွန်တော်တို့ ညစာရတာ မဟုတ် ။ သူတို့ရဲ့ ကိုယ်ကျိုးရှာစိတ်ကြောင့်တာ ရကြတာ )ဆိုတာပါပဲ ။-----

-----

-----

ဒါပေမယ့် နိုင်ငံတစ်နိုင်ငံချင်းအနေနဲ့ ရော နိုင်ငံတကာ အဆင့်မှာပါ လောကပါလတရား ၊ သဒ္ဓါ တရားကို အခြေခံပြီး ထိရောက် သန်မာတဲ့ စီးပွားရေးစနစ်ကို ဘယ်လိုတည်ဆောက်နိုင်သလဲဆိုတာကို လက်တွေ့ကျကျတင်ပြထားတာမရှိတာဟာ သူ့စာအုပ်ရဲ့ လစ်ဟင်းချက်တစ်ခုပဲလို့ မောင်မြင့်ဇံက ဆိုထားတယ်။




ဆိုကရာတဲစ် ကနေ ဇော်ဂျီ မင်းသုဝုဏ်

( မောင်သာနိုး ။ အတွေးအမြင် ။ ဇွန် ။၂၀၀၇ )

ကဗျာဆရာ တစ်ယောက်က တော့ " ကြော်ညာတွေ မပါဘဲ အတွေးအမြင် မဂ္ဂဇင်းဘာလို့ ရပ်တည်

နေနိုင်တာလဲ" လို့ မေးခွန်းကို မေးခွန်းနဲ့ ပြန်ဖြေဖူးတယ်လို့ ထင်ပါတယ် ။ (ကျနော် အတိအကျ မမှတ်မိပါ)




 
 

Things you can do from here:

 
 

No comments: