Thursday, August 30, 2007

စည်သူငြိမ်း

 
 

Sent to you by Andy Myint via Google Reader:

 
 

via Imaginary clouds no2 by imaginary clouds no2 on Jun 03, 2007

လွင်ပြင်




ညို့ချက် က လှ လှ လွန်း လှ

ကောင်းကင် ငိုက်ကျလာပြီး နမ်းရ

လေယဉ်ပျံ ၊ ငှက် ၊ တိမ်တိုက် ၊ လမင်း ၊ သစ်ရွက်

ပက်လက်လှန် ကြည့်ရင်း

အပြည့် အဝ လွတ်လပ်ခြင်းနဲ့ တမြုံ မြုံ မြည်း

လေစိုင် တွေ ခရီးသွားကြရင်ဘတ်ပေါ်

မြက် နဲ့ သက်ရှိ အချို့က

စော်ကားကြတာ ကို ပင်ရင်မနာတတ်သေး

နေရာဖဲ့ ပေးတဲ့ ရိုးရိုးကြီးလေ ။



စည်သူငြိမ်း (မြားနတ်မောင် ။ ၁၉၉၆)




အိမ်အပြန်


အမျှော်တွေ ဆန့်ထုတ်ရင်တောင်

ကမ္ဘာတသန်းရှည် ဦးထင်ရဲ့၊


အဝေးရဲ့ အဝေး အဝေးတစ်ဘက်မှာ

ဝေးရတာ ကြာတဲ့ အာသီသ တစ်ခုရှိနေတယ်။


ပြက္ခဒိန်တွေ လိမ်ညာနေမိတယ် အထိ

အချိန်တွေ ထွက်ကျနေစေချင်တယ်၊

အမေအိုရဲ့ မျက်ညိုကွင်းချိုင့်ချိုင့်ထဲ

မျှော်လင့် စကားလေး တလက်လက်

မနက်တွေ ခဏ ခဏ လင်းစေချင်တယ်

ဝင်းတံခါးတောင် မပိတ်စေချင်ဘူးပေါ့။


ညနေတိုင်း

ညနေတိုင်း

ညနေတိုင် တိုင်း

ထမင်းဝိုင်း မသိမ်းဖြစ်တာ ကြာပါပကော။


စည်သူငြိမ်း

(မဟေသီ ။ ၁၉၉၈ ။ ဇူလိုင်လ)


 
 

Things you can do from here:

 
 

No comments: