Thursday, August 30, 2007

"ကျန်ခဲ့တဲ့နှစ်တွေထဲ က နေ့များ"

 
 

Sent to you by Andy Myint via Google Reader:

 
 

via Imaginary clouds no2 by imaginary clouds no2 on Jun 11, 2007


"ကျန်ခဲ့တဲ့နှစ်တွေထဲ က နေ့များ"


ပေးထားသော နိုးစက်သံကြောင့် အိပ်ရာမှ ခေါင်းမကြည်ဘဲနိုးလာပြီး နေ့စဉ်ပြုဖွယ်ရာ ကိစ္စတို့ကို ပြုပြီးနောက် အလုပ်သွားရန် အနည်ငယ်နောက်ကျနေသဖြင့် ကတိုက်ကရိုက်နှင့် ဘတ်စကားဂိတ်သို့ရောက်လာချိန်တွင် မိမိစောင့်နေသော ဘတ်စကား မလာသေးသောကြောင့် ဘေးဘီမှ နေစဉ်မြင်တွေ့နေကြ မျက်နှာတို့ကို ပြုံးပြရန်ကြိုးစားမိသော်လည်း ကျောက်နံရံများကဲ့သို့ တင်းမာနေသော မျက်နှာထားတို့ ကြောင့် စိတ်အနှောက်အယှက် အဖြစ်မခံတော့ဘဲ အလုပ်သို့လာခဲ့ရာ ကိုယ့်အလုပ်လုပ်တဲ့ နေရာ ရောက်တဲ့အထိ "မောနင်း"ပေါင်းနှစ်ဆယ်ခန့် ကို ကျင့်သားရစွာ ဟန်ဆောင်နုတ်ဆက်ကြ
ဲ့သော်လည်း မနက်စာ မစားရသေးသောကြောင့် ကန်တင်းသို့ သွားရာ မိမိနှင့် အတူထိုင်နေကြမိတ်ဆွေများကို ရှာကြည့်သော်လည်း တစ်ယောက်မှမတွေ့သောကြောင့် ချောင်ကျကျ နေရာတစ်ခုမှာ ကော်ဖီကို နို့မပါဘဲ သကြားအနည်းငယ်ဖြင့်သောက်လိုက်တော့မှ မနေ့ညက အရှိန်က သေချင်သလိုလို ဖြစ်ပြီး အလုပ်ထဲမှာခေါင်းကိုက်နေရမှာကို စိတ်ပူမနေရတော့ဘဲ မနက်စာထမင်းစားပြီးချိန်အထိ ကောင်းကောင်အလုပ်လုပ်နိုင်တာဟာ အမြဲလိုလိုဖြစ်နေပြီး ထမင်းစားချိန်ကြရင် နည်းနည်းပဲစားနိုင်တာကလည်း နောက်ထပ် အကျင့်တစ်ခုလို ဖြစ်နေပြီး ညနေကော်ဖီသောက်ချိန်ရောကိတော့မှဘဲ လူက ခုမှပဲ အိပ်ရေးဝပြီးအိပ်ရာထလာသလိုလို ၊နေသာထိုင်သာရှိလာသလိုလို နဲ့ တက်ကြွစွာနဲ့ အင်တာနက် ဆပ်ဖ ပြီး အလုပ်ကပြန်လာပေမယ့် ညစာအတွက် ဘာမှမဝယ်ထားတာမရှိ သလို ဘာမှလဲ မပြင်ဆင်ထားတော့ ထမင်းအရင်စားပြီးမှ ကိုယ်အခန်းကို ပြန်ရင်ကောင်းမယ်လို့ ဆုံးဖြတ်ပြီး ညမအိပ်ခင် အဝေးတစ်နေရာက ကိုယ်ချစ်သူကို ဖုန်းဆက်ပြီး ဒီအကြောင်းတွေကို ပြောပြလိုက်ရင်တော့ နောက်တစ်နေ့ အလုပ်လုပ်ဖို့ အားသစ်တစ်ခုတော့ ရကောင်းရလောက်ပါရဲ့ ။


( ဓါတ်ပုံမှာ လွန်ခဲ့သော ။၁၀ ။၁၅ နှစ် ခန့်က ပန်းချီဆရာ ပို ပို က "ချစ်ခြင်း၏ အနုပညာ " စာအုပ်အတွက်လုပ်ဝေးသော art work ကို ကြိုက်လို့ အတု ယူထားတာပါ)

ရေးဟန်မှာ ဆရာ ရဲဘုန်းခေါင်( မသေချာပါ ) နှင့် နိုင်ငံရပ်ခြား စာရေးဆရာတို့ ၏ဟန်ကို တုပသည် ။



 
 

Things you can do from here:

 
 

No comments: