Saturday, September 1, 2007

ဒီလိုပါ

 
 

Sent to you by Andy Myint via Google Reader:

 
 

via Imaginary clouds no2 by imaginary clouds no2 on Jul 12, 2007


ဆရာ (ဦး) ဇော်ဇော်အောင်


ကျနော်ရေးတဲ့ ကဗျာကို ကို အန်ဒီ က

ကောင်းတယ်.. မမရေချယ် အဆုံးနဲ့ စထားတာ ... လို့ ကော်မန့် ပေးပါတယ် /

'အရင် က လမ်းဆုံ လမ်းမမှာ

အပြစ်ရှိသူတွေကို ကွပ်မျက်တယ်

အခု အဲသလိုမဟုတ်တော့ဘူး။'

အသေးစိတ် ခံစားဖတ်ပေးတဲ့ အန်ဒီ ကို ကျေးဇူးပဲ ။


ဟုတ်တယ် ။ ကျနော် အဲဒီ အဆုံးသတ်စာကြောင်းကို သဘောကျတယ် ။ "အဆုံးကို ဖျင်ကြည့်ခဲ့တယ်" ဆိုတာက Deconstructing the end (Derrida, introducing Marxism). ဆီကယူတယ် ။
အတွေးစ ရတာက မဟေသီ ပါ ဆရာ ဇော်ဇော်အောင်

နေခြည်ထဲတွင် ရွှေကို မြင်သည် ။ ( မင်းသုဝဏ် )

ဒါရီဒါ ဘာပြောခဲ့သလဲ ။ ၁၉၈၉ ဘာလင် တံတိုင်းပြိုချိန်လောက်ကစပြီး ဒါရီဒါ ဟာ မာ့က္စ ဝါဒ ဘက်ကို ဦးလည့်ခဲ့ပါတယ် ။ အရင်က ဘာမှမပြောဘဲ နှစ်ပေါင်းများစွာ နုတ်ဆိတ်နေခဲ့တယ် ။ ၁၉၉၁ ဆိုဗီယက်ယူနီယံကြီး ဖျက်သိမ်းလိုက်တာနဲ့ မာ့က္စ ဝါဒလည်း ပွဲပြီးသွားပြီ ၊ မြောင်းထဲရောက်သွားကြပြီလို့ ပြောကြတာတွေ သူ လက်မခံဘူး ။ ----

ဇော်ဇော်အောင်

မဟေသီ ။ ဂျူလိုင် ။ ၂၀၀၇ -(စာ ၉၀)

"အမြဲတမ်း မိတ်ဆွေထက်

အမြဲတမ်း အကျိုးစီးပွား ၊" က နာမည်ကျော်တစ်ယောက်ပြောတာ ။ နာမည်မမှတ်မိ ။

ဆရာ ကိုကျော်ဝင်း ရေးဖူတယ်ထင်တယ် ။

တစ်ကွေ့ကွေ့တစ်ကြိမ်ကြိမ်မှာတော့

ခပ်သေးသေး အရာလေးကို

ခဏလောက်ဖြစ်ဖြစ် ဆုပ်ကိုင်မိမှာပါ ။

you just have a little faith.

ဒုက္ခတော့ မပေးဘူး က ဆရာ ဝင်းမင်းထွေးရဲ့ ရာဇဝင် ထဲက " မကယ်တင်နိုင်လည်း ဒုက္ခတော့ မပေးဘူး"


"ရက်စက်မူ ဟာ ရှူနေတဲ့လေထုထဲမှာ။" က ဆရာ စည်သူငြိမ်းရဲ့ "လေထုအဟောင်ထဲ ကာဗွန်နံ အသစ်ပါလာရော" ( မ လ က် တို ရင် ကွဲ )

အသေးစိတ် ခံစားဖတ်ပေးတဲ့ အန်ဒီ ကို ကျေးဇူးပဲ ။

ဒါက တော့ ကိုယ် ကဗျာကို ကိုယ်ကိုတိုင်"ဖျင်" တာပေါ့ဗျာ ။

နာမည်ကို ပထမ "ထောင် " လို့ ပေးထားတယ် ။ မကြိုက်သေးဘူး ။



ဟိုးအရင် က ကဗျာတွေဆို "ပင်လယ်ပြင်သို့ ကျနော်လိုက်ပါလာရခြင်း" ဆို ဆရာနတ်ရဲ့ မိုဗီဒစ် ပထမဆုံးအခန်းက စာကြောင်းတွေနဲ့ တည်ဆောက်ထားတာ ။ကျနော်ကိုယ်ပိုင် တစ်ကြောင်းမှ မပါဘူး ။ " ထွက်ခွာသွားသူ" ဆိုရင်လည်း လူထု ဒေါ်အမာရဲ့ ပြည်သူချစ်သော အနုပညာသည်များ နဲ့ တီးထားတာ ။

ကျနော်ကလဲ ပြောချင်နေတာနဲ့ အတော်ဖြစ်သွားတာပေါ့ ။ပိုပြီး ထောင့် စုံမှ ကဗျာက ကြွတက်လာမှာကိုး


 
 

Things you can do from here:

 
 

No comments: